ချိမတို့ အာသာဖြေတဲ့အခါ လွဲနေတဲ့ အချက် ၄ ချက်

Posted by

New Normal နေထိုင်မှုမှာ လူသားဟာ ဘာဖြစ်ဖြစ် အိမ်ထဲမှာ ဖြေရှင်းဖို့ အဓိကဖြစ်တာကြောင့် အချို့ကိစ္စတွေမှာ အဆင်မပြေတာတွေနဲ့ ကြုံလာရပါတယ်။ အဲ့ဒီကိစ္စတွေထဲမှာ တစ်ကိုယ်ရည်အာသာဖြေခြင်းဆိုတဲ့ Masturbation ဆိုတာလည်း ပါဝင်လာပါတယ်။

 

ဟုတ်ပါတယ်။ ကိုဗစ်-၁၉ New Normal ကာလမှာ ချစ်သူတို့အနေနဲ့ အရင်ကလို ပျော်ရွှင်ရင်ခုန်ချစ်ရည်လူးတဲ့ နှစ်ယောက်တည်းကမ္ဘာကို အချိန်အတိုင်းအတာတစ်ခုထိ မသွားနိုင်တဲ့အခါ အလွမ်းဆိပ်တက်လာတိုင်း တစ်ကိုယ်ရည်အာသာဖြေခြင်းဆိုတဲ့ Masturbation ကိစ္စရပ်ကို ယခင်ကထက် ပိုလုပ်မိလာပါတယ်။ ဒီလိုအခါ အလွဲတွေဖြစ်တတ်ကြတဲ့ အာသာဖြေခြင်းအကြောင်းမှာ ချိဖတို့ လွဲချော်တာကို သိလိုရာမေးက တင်ပြခဲ့ပြီးနောက် ဒီတစ်ခါမှာ ချိမတို့ အာသာဖြေရာမှာ လွဲချော်နေတတ်တဲ့ အချက် ၄ ချက်ကို တင်ပြပေးလိုက်ပါတယ်။

 

၁- ပြီးချင်စိတ်များနေခြင်း။

ချိမတို့အနေနဲ့ အာသာဖြေတယ်ဆိုကတည်းက Orgasm လို့ခေါ်တဲ့ အထွဋ်အထိပ်ခံစားမှုကို လိုချင်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အာသာဖြေတယ်ဆိုတာ သွေးသားရဲ့ ဆန္ဒကို ပြီးမြောက်စေတာပါ။ အချိန်လေး နည်းနည်းပေးပြီး စိတ်ကို အာရုံစိုက်ပြီး အာသာဖြေတဲ့အခါ လောနေတာထက် ပိုပြီး သာယာမှုကို ရရှိစေမှာ မလွဲပါဘူး။

 

၂- ချောဆီ (Gel) ကို သုံးဖို့ မေ့နေခြင်း။

ဒချိကြတဲ့အခါမှာ ခြောက်ကပ်နေရင် အဆင်မပြေဘူးဆိုတာ ချိမတို့သိကြပြီးသားပဲဟာ။ အာသာဖြေတဲ့အခါလည်း ခြောက်ကပ်မနေရင် ပိုမိုက်တာပေါ့။ အမြဲကြီးလိုအပ်မနေဘူးဆိုရင်တောင် Gel နဲ့ အာသာဖြေတာက ဘယ်လိုလဲသိရဖို့ စမ်းသပ်ကြည့်သင့်ပါတယ်။

 

၃- Site တွေကနေ ရှာကြည့်ဖို့ ရှက်နေခြင်း။

အာသာဖြေတဲ့အခါ မဆုံတာကြာတဲ့ ကိုကို့ကို မှန်းပြီးတော့လား၊ စိတ်ကူးထဲက ကိုယ်ဖန်ဆင်းထားတဲ့ နတ်သားလေးနဲ့လား၊ ကြိတ်ခရပ်ရှ်နေတဲ့ အဆင်လေးကိုလား၊ … ချိမတို့ အာရုံလာတာကို ရွေးပါလေ့။ ဒါပေမဲ့ တစ်ခါတလေမှာ အတွေးတွေက ဟိုရောက်ဒီရောက်နဲ့ ဖြစ်နေရင် လိင်စိတ်နှိုးဆွတဲ့ Site တွေကို ကြည့်နိုင်ပါတယ်။ ကိုယ့်သီးသန့်ကမ္ဘာမှာ ရှက်စရာမလိုပါဘူး။

 

၄- အိပ်ရာထဲမှာပဲ အမြဲအာသာဖြေမိနေခြင်း။

အိပ်ရာဆိုတာက သက်သောင့်သက်သာ အရှိဆုံးဖြစ်တာမို့ အာသာဖြေတဲ့အခါ အိပ်ရာဟာ ဇိမ်အရှိဆုံးဆိုတာ ငြင်းမရပါဘူး။ ဒါပေမဲ့ လူဆိုတာက တစ်မျိုးတည်းကိုပဲ လုပ်နေရရင် ရိုးတတ်တဲ့သဘောရှိတာမို့ အိပ်ရာအပြင် ထပ်မံရွေးချယ်စရာနေရာတွေကိုလည်း စဉ်းစားထားရပါမယ်။ ဆက်တီလိုနေရာဖြစ်ဖြစ်၊ အခန်းထောင့်ကြမ်းပြင်ပေါ်မှာထိုင်ရင်းဖြစ်ဖြစ် .. အရေးကြီးတာက ဘယ်သူမှ မရှိဘဲ ကိုယ်တစ်ယောက်တည်းဖြစ်နေဖို့တော့ လိုတာပေါ့။

 

ဒီအချက်လေးတွေကို ဖတ်ပြီးတဲ့အခါ ကိုဗစ်ကာလ ကိုကိုနဲ့ မဒိတ်ရတဲ့ ချိမတို့အဖို့ အိမ်မှာ အာသာဖြေကြရင် အရင်ကထက် ပိုအဆင်ပြေသွားပါလိမ့်မယ်လို့ သိလိုရာမေးက အကြံပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *