,

သူငယ်ချင်းဓမ္မတာလာစဉ်နာကျဉ်ကိုက်ခဲနေလို့ အကြံပေးလိုက်တဲ့ မိုးမိုး

Posted by

သဇင် – ဟဲလို။

မိုးမိုး – ဟဲ့ သဇင်  … ငါ မိုးမိုးပါဟ။

သဇင် – ဟယ် အစ်မမိုး .. ခုမှဖုန်းဆက်တယ်နော်။ ပစ်ထားတယ်နော် … ညီမ သတိတွေရနေတာ။  ကျွတ်ကျွတ် .. အားလားလား ..

မိုးမိုး – အံမယ်  .. နင်က မတွေ့တာကြာလည်း ပုံစံက ဒီအတိုင်းပဲ။ အချွဲလေးက ပိုလိုက်ရမှ .. ဟဲ့ နေပါဦး၊ ဘယ်လိုဖြစ်လို့ ကျွတ်လိုက် ညည်းလိုက်နဲ့ ဖြစ်နေရလဲ။

သဇင် – အစ်မရယ် .. ဟိုဟာလာတဲ့အချိန်လေ PMS Period .. ကိုက်ခဲလိုက်တာ လွန်ပါရော။

မိုးမိုး – နင့် ကျားကျားကြီး အိမ်မှာရှိတယ်ဆိုတော့ တားဆေးသောက်နေတယ် မဟုတ်လား။

သဇင် – ဟုတ် အစ်မ .. အိမ်ကလူကြီးက သင်္ဘောပေါ်ပြန်မတက်ရသေးတော့ ဆေးက သောက်နေရတာပေါ့။ ဘာလို့လဲဟင်။

မိုးမိုး – ဪ ငါ နင့်အခက်အခဲကို ကူညီနိုင်မလားလို့ပါ။

သဇင် – ကောင်းတာပေါ့ အစ်မရယ် .. ကျွတ်ကျွတ်  …

မိုးမိုး – အတော်ကိုက်ခဲနေရောပေါ့၊ နင် အခု သားဆက်ခြားဆေးကို ဘာသောက်လဲ။

သဇင် – အိမ်ကလူကြီး ဝယ်လာပေးတဲ့ဆေးပါပဲ ..

မိုးမိုး – အိုကေ .. ဒါဆို ငါ နင့်ကို ဆေးတစ်ခုကို ညွှန်းပေးမယ်။ သားဆက်ခြားဆေးတော့ သားဆက်ခြားဆေးပဲ။ ဒါပေမဲ့ နင်တို့လို ရာသီလာချိန် PMS ကာလမှာ နာကျင်ကိုက်ခဲတတ်တဲ့သူတွေအတွက်တော့ ရှယ်သင့်တော်တဲ့ သားဆက်ခြားဆေး။

သဇင် – ဟာ အစ်မမိုး  .. ညီမ သိပ်စိတ်ဝင်စားသွားပြီ။

မိုးမိုး – ဟုတ်ပြီ။ စိတ်ဝင်စားရင် ဆေးနာမည်ကို သေချာမှတ်ထား .. Lydia Rosa တဲ့။

သဇင် – Lydia Rosa !

မိုးမိုး – အွန်း ဟုတ်တယ်၊ Lydia Rosa က သန္ဓေတားဆေးအဖြစ်သုံးလို့ရရုံမက သဇင်တို့လို ရာသီလာချိန် PMS ကာလမှာ အလွန်အမင်း နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကိုပါ ပျောက်ကင်းသက်သာစေတယ်လေ။ Lydia Rosa တစ်ကတ်မှာ သားဆက်ခြားသောက်ဆေးပြား ၂၈ ပြားပါတယ်။ Norgestrel ဝ.၃ mg နဲ့ Ethinyl Estradiol ဝ.၀၃ mg ပါဝင်တဲ့ အဖြူရောင်ဆေးပြား ၂၁ ပြား၊ Ferrous Fumarate ၇၅ mg ပါဝင်တဲ့ အညိုရောင်ဆေးပြား ၇ ပြား ပါတယ်။ အတိအကျ အလင်းပြလိုက်ပြီနော် ..

သဇင် – Wow  .. မိုက်တာပေါ့ အစ်မရယ် .. ခုမှပြောရသလား။

မိုးမိုး – ဟဲ့ ဒီကောင်မလေး .. နင်က ခုနကမှ ငါ့ကို ပြောတာလေ။ ငါလည်း သိတာနဲ့ နင့်ကို ပြောပြတာပဲဟာ ..

သဇင် – ဟီးဟီး ဟုတ်သား၊ အစ်မ ညီမလေးက တကယ်အီဆိမ့်နေလို့ပါ အမလေး ပြောရင်း ကျွတ်ကျွတ် ကိုက်ခဲလာပြန်ပြီ။

မိုးမိုး – ကဲ  .. ညည်းမနေနဲ့။ ခု လုပ်စရာရှိတာကို လုပ်တော့။

သဇင် – ဟင် .. ကိုက်ခဲနေရတဲ့ကြား ဘာလုပ်ရမှာလဲဟင် အစ်မ။

မိုးမိုး – ဟောတော် .. နင်က ဘာလုပ်ချင်သေးလို့လဲ။ အခုပဲ ဖုန်းချပြီး နင့်ကျားကျားကို Lydia Rosa

သွားဝယ်ခိုင်းတော့လေ .. လိုက်ပြောနေရတယ်။ တကတည်း ..

သဇင် – ဟီး ဟုတ်သား။ ဒါဆို Bye Bye နော် အစ်မမိုးရေ။ အခုပဲ သွားဝယ်ခိုင်းလိုက်တော့မယ်။

မိုးမိုး – အေးအေး  .. အပြင်တွေဘာတွေသွားတာလည်း ဂရုစိုက်ကြဦး။

သဇင် – ဟုတ် အစ်မရေ … အစ်မလည်း ဂရုစိုက်ပါနော်။

မိုးမိုး – အေး ကပ်ရောဂါကြီး ရှင်းသွားတဲ့တစ်နေ့ ငါတို့တွေ ဆုံကြဦးမယ်။

သဇင် – ဒါပေါ့ အစ်မရယ်၊ ဆုံမှာပေါ့။ တာ့တာနော် အစ်မ .. Lydia Rosa သွားဝယ်ဖို့ အိမ်က လူကြီးကို ပြောလိုက်ဦးမယ်။

မိုးမိုး – Bye Bye သဇင်။

click image to see rosa

Leave a Reply

Your email address will not be published. Required fields are marked *