Quarantine ချိန်မှာ သားဆက်ခြားဖို့ မမေ့ရ

Posted by

Health Care Centre တွေကနေလဲ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ဖို့ သတိပေးချက်တွေကိုလဲ အချိန်နဲ့အမျှ ထုတ်ပြန်နေကြပါတယ်။ ဒီလို အိမ်တွင်းအောင်းတာ တစ်ကိုယ်တည်းသမားတွေအတွက် အထီးကျန် စိတ်ဓာတ်ကျစရာကာလ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် မိသားစုနဲ့ နေထိုင်တဲ့သူတွေ၊ အိမ်ထောင်သည်တွေအတွက်ဆိုရင်တော့ အကောင်းဘက်က တွေးကြည့်ရင် နှစ်ခါပြန်မရနိုင်တဲ့ ကာလတစ်ခုပါပဲ။

အိမ်ထဲက အိမ်ပြင်အတူမထွက်ရဘူးဆိုမှတော့ လိင်ကိစ္စပုံမှန်ရှိနေတဲ့ အိမ်ထောင်သည်တွေ၊ အတူနေချစ်သူစုံတွဲတွေအတွက် ဒီလိုအခြေအနေ၊ အချိန်ကာလနဲ့ သင့်တော်ကိုက်ညီတဲ့ သားဆက်ခြားနည်းလမ်းတစ်ခုခုကို အသုံးပြုဖို့က လိုလာပါပြီ။ သားဆက်ခြားနည်းလမ်းတွေကတော့ အများကြီးရှိပေမယ့် ဒီအချိန်မျိုးမှာ လူတိုင်းလဲ လွယ်လွယ်ကူကူ အသုံးပြုနိုင်မယ်… ကရိကထလဲ မများဘူး… ကိုယ်ဝန်ကိုလဲ ထိထိရောက်ရောက်တားပေးနိုင်ရမယ်… ဆိုတဲ့ ဒီအချက် သုံးချက်နဲ့ ညီတဲ့ သားဆက်ခြားနည်းလမ်းက နှစ်မျိုးရှိပါတယ်။

ဒီနှစ်မျိုးကတော့…

(၁) ကွန်ဒုံး

ဟုတ်ပါတယ်။ Kiss နဲ့ Mojo တို့လိုကွန်ဒုံးမျိုးတွေက ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ တန်းပြီး အသုံးပြုနိုင်တဲ့ သားဆက်ခြားပစ္စည်းဖြစ်ပါတယ်။ ဒီတော့ ဒီလို အိမ်တွင်းအောင်းနေတဲ့အချိန်မှာ မလိုလားအပ်တဲ့ ကိုယ်ဝန်မရအောင် အမျိုးသမီးနဲ့ အတူနေတိုင်း အမျိုးသားတွေအနေနဲ့ ကွန်ဒုံးကို အဓိကထားပြီး သုံးစွဲနိုင်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဂူအောင်းနေချိန်မှာ ကိုယ့်ချစ်ချစ်နဲ့ ဒချိတဲ့အခါ ဖီးလ်အပြည့်နဲ့ ခံစားမှုကောင်းကောင်းရစေဖို့ဆိုရင်လဲ Kiss ကွန်ဒုံးတွေမှာ ကြိုက်နှစ်သက်ရာ အရောင်၊ အနံ့တွေကို ရွေးချယ်နိုင်ပါသေးတယ်။ အိမ်ပြင်ထွက်ဖို့ အခြေအနေမဟန်တဲ့အခါမျိုးမှာလဲ အွန်လိုင်းပေါ်ကနေ မှာယူမယ်ဆိုရင်တော့ အိမ်တိုင်ရာရောက် လာပို့ပေးမှာဖြစ်ပါတယ်။ Kiss ကွန်ဒုံးတွေကို မှာယူလို့ရမယ့် လင့်ခ်နှစ်ခုကိုလဲ ထည့်ပေးလိုက်ပါတယ်။

Rgo47 >>> https://bit.ly/2UCBVBU

Shop.com.mm >>> http://bit.ly/2HgcOyL

(၂) နေ့စဉ်သောက်သားဆက်ခြားဆေး

ဒီလို အိမ်တွင်းအောင်းတဲ့အချိန်မှာ အမျိုးသားတွေက ကွန်ဒုံးသုံးပြီး အတူနေတဲ့နည်းလမ်းအပြင် အမျိုးသမီးတွေအနေနဲ့လဲ Lydia ရဲ့ Rosa ၊ Clair နဲ့ Fine တို့လို့ နေ့စဉ်သားဆက်ခြားသောက်ဆေးတွေနဲ့လဲ ကိုယ်ဝန်တားနိုင်ပါသေးတယ်။ ဒီလို ဟော်မုန်း နှစ်မျိုးပါ သားဆက်ခြားသောက်ဆေးနဲ့ ဓာတ်မတည့်မှာ စိုးရိမ်နေတဲ့ နို့တိုက်မိခင်တွေအတွက်ဆိုရင်တော့ Lydia ရဲ့ Lacta ရှိပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဒီလို သားဆက်ခြားသောက်ဆေးကိုသောက်တော့မယ်ဆိုရင် သတိပြုရမှာလဲ ရှိပါသေးတယ်။ ရာသီစလာတဲ့ရက်မှာသောက်မယ်ဆိုရင် အမျိုးသားနဲ့ တူတူ တန်းနေလို့ရမှာ ဖြစ်ပြီး တခြားရက်မှာ သောက်မယ်ဆိုရင်တော့ ပထမတစ်ပတ်ကို အမျိုးသားက ကွန်ဒုံးသုံးပြီး အတူတူနေမှသာ ကိုယ်ဝန်ကို ထိထိရောက်ရောက်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

နေ့စဉ်သားဆက်ခြားသောက်ဆေးတွေနဲ့ ပက်သက်လို့ကတော့ Lydia Myanmar Facebook Page မှာ သိလိုသမျှကို ဝင်ရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *