ကွန်ဒုံး
- ပထမဦးဆုံးအနေနဲ့ Kiss နဲ့ Mojo တို့လို ကွန်ဒုံးဆိုတာကတော့ လိင်မဆက်ဆံခင်မှာ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်ကူးစက်ရောဂါတွေမဖြစ်စေဖို့ အမျိုးသားရဲ့ လိင်တံမှာ စွပ်ရတဲ့ အကာအကွယ်ပစ္စည်းတစ်ခုပါပဲ။
- ထိရောက်မှုအနေနဲ့ အမျိုးသားသုံးကွန်ဒုံးတွေဟာ မှန်မှန်ကန်ကန်သာ စနစ်တကျအသုံးပြုမယ်ဆိုရင် ၉၈ ရာခိုင်နှုန်းထိ ကိုယ်ဝန်တားထားနိုင်စွမ်းရှိပါတယ်။
- ကွန်ဒုံးတွေကို ရာဘာစေး၊ ပလက်စတစ်၊ သိုးသားရေနဲ့ ပြုလုပ်တတ်ကြပြီး စေျးကွက်ထဲမှာ အများဆုံးရှိတာကတော့ ရာဘာစေးနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေပါပဲ..
- စေျးကွက်ထဲမှာတော့ ကွန်ဒုံးတွေကို အနံ့မျိုးစုံနဲ့ ရနိုင်ပြီး စေျးသက်သာတဲ့ သားဆက်ခြားနည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
အရေးပေါ်သားဆက်ခြားသောက်ဆေး
- အများသိကြတဲ့ Lydia 1Safe Pill လိုမျိုး အရေးပေါ်သားဆက်ခြားသောက်ဆေးကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီတဲ့နောက်မှာ ကိုယ်ဝန်မရရှိအောင် အမျိုးသမီးတွေ သောက်သုံးရတာဖြစ်ပါတယ်။
- အရေးပေါ်သောက်ဆေးတွေမှာတော့ Levonorgestrel ဆိုတဲ့ ဟော်မုန်းတစ်မျိုးပါဝင်ပါတယ်။
- အမျိုးသမီးတွေအနေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး စောနိုင်သမျှ စောစောသောက်ရင်တော့ ကိုယ်ဝန်တားပေးနိုင်စွမ်းများပါတယ်။
- နှစ်လုံးပါ အရေးပေါ်သောက်ဆေးဆိုရင်တော့ တစ်လုံးနဲ့ တစ်လုံး ၁၂ နာရီခြားပြီး သောက်ရမှာဖြစ်ပါတယ်။
- ဟော်မုန်းပါတဲ့အတွက် မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာဖြစ်နိုင်ပြီး ဆေးသောက်ပြီး ၂ နာရီအတွင်းမှာ ပြန်အန်မယ်ဆိုရင်တော့ နောက်တစ်လုံးထပ်သောက်ရမှာဖြစ်ပါတယ်။
- အရေးပေါ်သားဆက်ခြားသောက်ဆေးကို တစ်လမှာ လေးကြိမ်ထက် ပိုမသောက်သင့်သလို နေ့စဉ်ပုံမှန်မသောက်သင့်ပါဘူး။
ကွာခြားချက်
လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကိုယ်ဝန်သာမက လိင်မှတဆင့် ကူးစက်နိုင်တဲ့ STIs လိုရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး အရေးပေါ် သားဆက်ခြားသောက်ဆေးကတော့ ကိုယ်ဝန်ရနှုန်းကနေပဲ တားဆီးပေးနိုင်တာဖြစ်ပါတယ်။


Leave a Reply