အမျိုးသားနှင့် သားအိမ်ခေါင်းကင်ဆာ

Posted by

အမျိုးသမီးတို့မှာ ဖြစ်တဲ့ကင်ဆာမို့ ယောက်ျားလေးတွေနဲ့ လုံးဝပတ်သက်ဆက်စပ်မှု မရှိဘူးလို့ မထင်လိုက်ပါနဲ့။ ကိုယ့်ကြောင့် ကိုယ်ချစ်ရသူလေးဟာ သားအိမ်ခေါင်းကင်ဆာဖြစ်သွားနိုင်ပါတယ်။

 

သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းက Human Papilloma Virus (HPV) အမည်ရ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ၁၀၀ကျော်ရှိတဲ့အထဲက အနည်းဆုံး ၁၃ မျိုးလောက်က ကင်ဆာဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပုံက လိင်ဆက်ဆံခြင်းကတစ်ဆင့် အဓိက ကူးစက်တတ်ပြီး လိင်အရေပြားချင်းထိရုံနဲ့လည်း ကူးနိုင်တာကို သတိထားရပါမယ်။ ဒါဆိုရင် အကာအကွယ်မပါတဲ့ လိင်ဆက်ဆံခြင်းကနေ ကိုယ့်ဆီပါလာပြီး ကိုယ်နဲ့ အတူနေချစ်သူ (သို့) အိမ်ထောင်ဘက်ကို သားအိမ်ခေါင်းကင်ဆာ ဖြန့်ဝေမိမှာကို သတိထားသင့်ပါပြီ။ ဒါကြောင့်မို့ အပျော်အပါးကြောင့်ပဲဖြစ်စေ၊ စိတ်မှောက်မှားလို့ပဲဖြစ်စေ၊ ဆက်ဆံနေကျသူမဟုတ်ရင် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုနိုင်ပါတယ်။ Kiss, Mojo နဲ့ သင့်တော်တဲ့ အမျိုးအစား ကွန်ဒုံးတွေကို ဝယ်သူအသုံးပြုနိုင်ပါတယ်။

 

အထက်ပါအချက်ဖြစ်တဲ့ Carrier ကိစ္စအပြင် အမျိုးသားတွေမှာ HPV က ကင်ဆာအချို့ကို ဖြစ်စေနိုင်တဲ့ အကြောင်း ဆက်လက်တင်ပြသွားပါ့မယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်အမျိုးသား ၁၂,၀၀၀ ကျော်ဟာ HPV က ဖြစ်တဲ့ ကင်ဆာတွေဖြစ်ပွားလျက်ရှိပါတယ်။ HPV နဲ့သက်ဆိုင်ပြီး အမျိုးသားတွေဖြစ်တဲ့ အဖြစ်အများဆုံး ကင်ဆာက အသံအိုး (လည်ချောင်း) ကင်ဆာဖြစ်ပြီး စအို၊ အူမကြီး၊ ပါးစပ်နှင့် ဝှေးစေ့တို့မှာလည်း ကင်ဆာများ ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ မတူတာကတော့ ထိုကင်ဆာရောဂါတွေအတွက် စစ်ဆေးမှုမရှိပါဘူးဆိုတဲ့အချက်ပါ။ ဆိုလိုတာကတော့ ကုသဖို့ခက်ခဲတဲ့ နောက်ပိုင်းအဆင့်တွေရောက်မှ သိရှိနိုင်ပါတယ်။ ပြီးတော့ လိင်အင်္ဂါမှာ ကြွက်နို့တွေဖြစ်စေတာကလည်း အမျိုးသားတို့အဖို့ HPV ကပေးတဲ့ စိတ်ညစ်ရတဲ့ကိစ္စပါ။ ငယ်ရွယ်စဉ်အခါမှာ ဆေးထိုးလျှင် HPV ရောဂါအချို့ကို တားဆီးနိုင်တာမျိုးနဲ့တော့ ကာကွယ်နိုင်ပါတယ်။

 

ဒီတော့ သားအိမ်ခေါင်းကင်ဆာက ပုရိသအမျိုးသားတို့မှာလည်း ဆက်စပ်ပတ်သက်မှုရှိတာကို နားလည်နိုင်မှာဖြစ်ပြီး တစ်ခါတစ်ရံ အပျော်လိင်ကိစ္စအတွက် ကွန်ဒုံးကို မဖြစ်မနေ သုံးသင့်ကြောင်း ကျန်းမာရေးကို အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ညီအစ်ကိုတို့ရေ ….

Leave a Reply

Your email address will not be published. Required fields are marked *