သုက်ရည်မျိုချလိုက်ရင် ကိုယ်ဝန်ရနိုင်သလား

Posted by

သုက်ရည်မျိုချရင် ကိုယ်ဝန်ရနိုင်လား?
တဏှာရာဂကြီးတဲ့ တချို့က ဆက်ဆံဖော်ရဲ့ မျက်နှာပြင်ကို သုက်ရည်ပန်းတာ (သို့) ပါးစပ်ထဲကို သုက်လွတ်တတ်ကြပါတယ်။ သုက်ရည်ဆိုတာ ရေလို၊ အချိုရည်ပြစ်ပြစ်လိုပါပဲ။ သုက်ရည်မှာ အမိုင်နိုအက်ဆစ်၊ ပရိုတင်း၊ သကြား၊ ဇင့်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ နဲ့ အခြားအာဟာရတွေ ပါဝင်ပါတယ်။ သုက်ရည်ထဲမှာ ကိုယ်ဝန်ရနိုင်တဲ့ သုက်ကောင် ၁%သာ ပါဝင်ပြီး သားကြောဖြတ်ထားတဲ့ အမျိုးသားတွေမှာတော့ သုက်ပိုးမပါဝင်ပါဘူး။ ဒါကို မျိုချတဲ့ ပါးစပ်က မျိုးပွားအင်္ဂါတွေနဲ့ ချိတ်ဆက်ထားတာ မဟုတ်တဲ့အတွက် အစာပြွန်အတိုင်း စီးဆင်းသွားမှာဖြစ်ပြီး အစာအိမ်က ခြေဖျက်ပေးသွားမှာပါ။ ဒါကြောင့် သုက်ရည်မျိုချရင် ကိုယ်ဝန်မရနိုင်ပါဘူး။

ကူးစက်ရောဂါရနိုင်လား?
လုံခြုံစိတ်ချမှုမရှိတဲ့ ဘယ်လိင်ဆက်ဆံခြင်းမျိုး မဆို STI လို့ အတိုကောက်ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ရနိုင်ပါတယ်။ တစ်ဦးထက်များတဲ့ လိင်ဆက်ဆံဖော်ရှိရင်လည်း ရောဂါကူးနိုင်ပါတယ်။ ရောဂါလက္ခဏာမပြနေရင် ရောဂါဖြစ်နေတယ်ဆိုတာ မသိနိုင်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါတိုင်း Kiss နဲ့ Mojo တို့လို စိတ်ချရတဲ့ ကွန်ဒုံးမျိုးသုံးရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေလား?
ယုံတမ်းစကားတွေက ကျန်းမာရေးကောင်းစေတယ်ပြောကြပေမယ့် ဆေးပညာအရကြည့်မယ်ဆိုရင် သုက်ရည်မှာ ပရိုတင်းနဲ့ ကယ်လိုရီ နှစ်ခုပေါင်းကိုမှ တစ်ဂရမ်မပြည့်တဲ့အတွက် ကျန်းမာရေးအတွက် အထောက်အကူ မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာချင်ရင်တော့ များများသောက်လို့ ဟာသဖောက်ဖို့ပဲ ရှိပါတယ်။

သုက်ရည်က ဘာအရသာရှိလဲ?
သုက်ရည်က ဇင့်ဓါတ်ရှိတဲ့အတွက် ပုံမှန်အားဖြင့်တော့ သတ္တုအရသာ ရှိမှာဖြစ်ပြီး တချို့ကျ ငန်ကျိကျိအရသာ ရှိပါတယ်။ အရက်သောက်ရင် ခါးမယ်၊ ဆေးလိပ်သောက်ရင် ပြင်းရှမယ်၊ ချဉ်မယ်။ စားသောက်တဲ့ အစားအစာပေါ်မူတည်ပြီး သုက်ရည်အရသာ အဓိကပြောင်းလဲတတ်ပါတယ်။ ကောင်းတဲ့အရသာဖြစ်ဖို့ နည်းလမ်းတွေ ရှိပေမယ့် အမျိုးသားတွေက ကိုယ်တိုင်ပြန်မျိုချရမှာ မဟုတ်တဲ့အတွက် ဘယ်သူမှလိုက်လုပ်မှာ မဟုတ်ကြပါဘူး။ ခြွင်းချက်အနေနဲ့ သုက်ရည်မှာ သကြားဓါတ်ပါတယ်ဆိုပေမယ့် ဆီးချိုရောဂါရှိတဲ့သုက်ရည်က ပိုချိုနေတတ်ပါတယ်။

ဒါကြောင့် သုက်ရည်မျိုချတော့မယ်ဆိုရင် လိင်ကူးစက်ရောဂါကိုသာ အဓိက ဂရုစိုက်ရမှာဖြစ်ပြီး ဘာအရသာလာလာ မရွံဘဲ မျိုချမယ်ဆိုတဲ့ စိတ်တစ်ခုသာ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ကိုယ်ဝန်အတွက်တော့ စိတ်ပူစရာ မရှိတဲ့အတွက် မျိုချမယ် မမျိုချဘူးဆိုတဲ့ ရွေးချယ်မှုကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ လိင်ကူးစက်ရောဂါ မရှိချင်ဘူးဆိုရင်တော့ ကြိုက်နှစ်သက်ရာ အရောင်အနံ့ကို ဒီမှာ လေ့လာပြီး ရွေးချယ်အသုံးပြုဖို့ မမေ့ပါနဲ့။ (ကြည့်ရန်နှိပ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *