
လူတို့ပျော်ရွှင်မှု၊ ကျေနပ်မှု၊ သာယာမှုပေါ် မူတည်ပြီး စိတ်ခံစားရမှုတွေကို ကြားခံနယ်အသီးသီးကနေ တင်ဆက်လာရာမှာ နောက်ဆုံးတိုးတက်ပြောင်းလဲလာတဲ့ လိင်ခံစားမှုနဲ့ ပတ်သက်တဲ့ကြားခံနယ်ကတော့ မြန်မာအပြာစာအုပ်တွေကို အသံထွက်ဖတ်ပြလာတာပဲ ဖြစ်ပါတယ်။
မြန်မာအပြာစာအုပ်တွေက ပေါ်ခဲ့တာကြာပြီ လို့ သတ်မှတ်လို့တောင် ရပါတယ်။ ယခင်က physical book အနေအထားကနေ Digital ခေတ်မှာ အင်တာနက်ပေါ်ကို အများအပြားတက်လာပြီး အလွယ်တကူရှာဖွေ ဖတ်ရှုနိုင်တာ အားလုံးအသိပဲ မဟုတ်လားဗျာ .. ဒီဘက်နောက်ပိုင်းကာလမှာ အဲ့ဒီမြန်မာအပြာစာအုပ်တွေကို အသံထွက်ဖတ်ပြတဲ့ကိစ္စက ခေတ်စားလာပါတယ်။ မြန်မာအပြာစာအုပ်တွေကို အသံထွက်ဖတ်ပြပြီး Website တွေပေါ်ကို တင်ကြတော့ နားထောင်ကြသူတွေ ရှိလာကြပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ နားထောင်သင့်လဲဆို ကိုဗစ်အခြေအနေကြောင့် ချစ်သူနဲ့ မဒချိဖြစ်တာကြာတဲ့ ကာလမျိုးမှ ယောက်ျားလေးရော မိန်းကလေးပါ လိင်ခံစားမှု အသစ်အဆန်းအနေနဲ့ နားဆင်ပြီး သာယာမှုကို ယူနိုင်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ခေတ်စနစ်မှာ အသစ်အဆန်းကိုမှ ကြိုက်တတ်တဲ့ လူ့သဘာဝအရ မြန်မာအပြာစာအုပ်တွေကို အသံထွက်ဖတ်ပြပြီး အင်တာနက်ပေါ်တက်ကြတာဟာ သိထားသင့်တဲ့ကိစ္စလည်းဖြစ်ပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာက အဲ့ဒီလေလှိုင်းထဲက အသံထွက်ဖတ်ပြတဲ့ မြန်မာအပြာစာအုပ်တွေကို အလွန်အကျူး နားဆင်ပြီး သူတို့ပြောသမျှတွေကို အဟုတ်မထင်ဖို့က အရေးကြီးပါတယ်။ မြန်မာအပြာစာအုပ်တွေကို အသံထွက်ဖတ်ပြပြီး အင်တာနက်လေလှိုင်းပေါ်တက်ကြသူတို့ အားလုံးလိုလိုဟာ သူတို့တင်ထားတာကို လူများများ ဝင်ကြည့်စေလိုတာ (တစ်နည်း) Viewer များဖို့ အဓိကဖြစ်တာမို့ ပြောပြတဲ့ လိင်ဇာတ်လမ်းတွေက နားထောင်သူ လူတွေစိတ်ထဲမှာ အထင်ကြီးပြီး အမြဲလာနားထောင်စေဖို့ ယုတ္တိမရှိတာတွေကို ပေါက်တတ်ကရလုပ်ပြောကြပါတယ်။ ဒါ ဟိုအရင် အပြာစာအုပ်တွေမှာ ကတည်းကပါ။ မြန်မာလူမျိုးတို့ရဲ့ သဘာဝအနေအထားနဲ့ မဖြစ်နိုင်တဲ့ လိင်တံ မတန်တဆရှည်တာမျိုးတွေ၊ အင်မတန်တုတ်တဲ့ လိင်တံမျိုးတွေ၊ နောက်ပြီး ဘတ်စ်ကားပေါ်မှာ အထာပေးလို့ သွားထိတာတွေ၊ အမျိုးမျိုးပါ … အဲ့ဒါတွေကို အဟုတ်မှတ်ပြီး အားမကျကြပါနဲ့၊ လိုက်မလုပ်ကြပါနဲ့လို့၊ အထင်မကြီးကြပါနဲ့လို့ .. အဲ့ဒီထဲကဟာတွေက လူစိတ်ဝင်စားအောင် လျှောက်ပြောထားတာတွေပါ။ Porn is not a sex education ဆိုတာကို မမေ့ကြပါနဲ့ဗျ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို နည်းမှန်လမ်းမှန်မဲ့ သိချင်တယ်ဆို သိလိုရာမေးကို အချိန်မရွေး လာရောက်မေးမြန်းလို့ ရပါတယ်။ အသံထွက် မြန်မာအပြာစာအုပ်တွေကို နည်းမှန်လမ်းမှန် အသုံးချပြီး ပျော်ရွှင်တဲ့ အချိန်တွေကို ပိုမို တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Leave a Reply