
ဟိုအရင်ကတော့ ယောက်ျားက မိန်းမယူမယ်၊ မိန်းမက ယောက်ျားယူမယ်ဆိုတာမျိုးကိုပဲ ပေါ်ပေါ်ထင်ထင်ဖော်ပြကြပြီး လိင်တူကိစ္စတွေက ရှိခဲ့ပေမယ့် တိုးတိုးတိတ်တိတ်တွေကပဲ များခဲ့တယ်လေ .. ဒီနေ့ခေတ်မှာတော့ အမျိုးသားတစ်ဦးဟာ အမျိုးသမီးတွေကို စိတ်မဝင်စားဘဲ အခြားအမျိုးသားတစ်ဦးကို စိတ်ဝင်စားကာ ချစ်ခြင်းမေတ္တာနဲ့ လိင်ကိစ္စသဘောတရားတွေအထိပါ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အတူနေတဲ့အထိ ဖြစ်နေကြပါပြီ။ အမျိုးသမီးချင်းလည်း ပွင့်လင်းစွာ အတူပေါင်းဖက်နေထိုင်နေကြပါပြီ။ ကျား မ ရင်ဘောင်တန်းကာ မခွဲခြားဘဲ အတူနေတဲ့ခေတ်မှာ BL တို့က ချစ်ခြင်းမေတ္တာကို ကဏ္ဍစုံမှာပါ ဖော်ပြလာနေကြတာကို တွေ့ရမှာပါ။
အနုပညာဆက်စပ်မှုမှာဆို ဒီနေ့ခေတ်မှာ BL စာအုပ်စာပေ လမ်းကြောင်းက မထင်ရလောက်အောင် အားကောင်းလာတာကို တွေ့ရတယ်ဗျ။ အရင်က Online မှာပဲ ရေးနေကြပြီး မျှဝေခဲ့ကြတဲ့ BL စာအုပ်စာပေဟာ သိပ်မကြာခင်တုန်းကစပြီး ပုံနှိပ်စာအုပ်တွေဖြစ်လာကြတယ်။ ဆက်လက်ပြီး ပို၍ပို၍ ကြီးမားတဲ့ လမ်းကြောင်းပေါ်ကို တက်ဖို့လည်း ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် BL စာအုပ်တွေထဲက အချို့ဟာ အမာခံပရိသတ်တွေရဲ့ အားပေးမှုနဲ့ ရောင်းကောင်းတဲ့အဆင့်မှာ အခိုင်အမာရပ်တည်နေပြီး ဆက်လက်ထွက်ရှိလာသမျှကိုလည်း အားပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ပရိသတ်ရှိတာမို့ပေါ့ဗျာ။ အင်တာနက်က တစ်ဆင့် ပုံနှိပ်စာပေပေါ်ရောက်လာရုံတင်မက တီဗီ၊ ဗီဒီယို နဲ့ ရုပ်ရှင်ရုံတွေပေါ်ထိ BL ဇာတ်လမ်းတွေ တက်လာဖို့ ရှိနေပါတယ်။
ဆိုခဲ့သလိုပဲ BL ယဉ်ကျေးမှုက ပိုပြီးပိုပြီး ကြီးမားတိုးတက်လာဦးမှာပါ။ ဒီနေရာမှာ ပြောချင်တာက BL ဆိုတာ အခုမှ ရှိပြီး ကြီးထွားလာတာကို ပြောတာ မဟုတ်ဘဲ လူတွေရဲ့ မျက်စိအောက်ကို BL ယဉ်ကျေးမှု ပုံဖော်ခြင်း ပိုပိုကြီးလာတာကို ပြောတာပါဗျ။ တလောက ရုပ်မြင်သံကြားတွင် ပြသွားတဲ့ ဇာတ်လမ်းမှာ BL ဆန်တဲ့ အချစ်ကို ထည့်ရိုက်ပြခဲ့တယ်။ ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ဖော်ပြတဲ့ နောင်မျိုးဆက်ကတော့ BL ဆိုတာ ပိုလို့ပိုလို့ ယဉ်ကျေးမှုထဲမှာ ဝင်ရောက်ဖို့လုပ်တာကို မြင်တွေ့ရမှာပါ။ အသားအရောင် မခွဲခြား၊ ကျားမ မခွဲခြား တဲ့ ယဉ်ကျေးမှုမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ အမျိုးသား၊ အမျိုးသားချင်း ပွင့်ပွင့်လင်းလင်း ချစ်ကြိုက်တယ်၊ အတူနေတယ်၊ ဆက်ဆံတယ်ဆိုတဲ့ကိစ္စဟာ အေးဆေးဖြစ်နေပါပြီ။ လိုအပ်တာက အမျိုးသားချင်းဖြစ်စေ၊ ကျား မ ဖြစ်စေ လိင်ဆက်ဆံရာမှာ စိတ်ချလုံခြုံမှုက အဓိကပါ။ အမျိုးသားချင်းဆက်ဆံရာကနေ ရောဂါတွေကူးနိုင်တာကို သတိပြုရမှာဖြစ်လို့ တစ်ခါတစ်ရံဆက်ဆံတယ်ဆိုရင် ကွန်ဒုံးကို မဖြစ်မနေသုံးဖို့ လိုအပ်ပါတယ်။ Kiss, Mojo နဲ့ အခြားသောကွန်ဒုံးအမှတ်တံဆိပ်များကို အသုံးပြုနိုင်ပါတယ်။ Sex နဲ့ ပတ်သက်ပြီး ရောဂါဆိုင်ရာတွေကို နားလည်ထားမယ်ဆိုရင် BL အချစ်ဟာလည်း ပွင့်ပွင့်လင်းလင်း ချစ်နိုင်တဲ့ ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်ဗျာ …
Leave a Reply