,

ရင်သားကင်ဆာ သတိပြုစရာ

Posted by

ရင်သားကင်ဆာဆိုတာကတော့ အမျိုးသမီးတွေမှာ အဖြစ်များပြီး လူတိုင်းကြားဖူးနားဝရှိတဲ့ ကင်ဆာရောဂါထဲက တစ်မျိုးဖြစ်ပါတယ်။ အသက် ၁၂ နှစ်မတိုင်ခင် ဓမ္မတာစလာတဲ့ အမျိုးသမီးတွေေ၊ အသက် ၅၅ နောက်ပိုင်းမှ သွေးဆုံးတဲ့အမျိုးသမီးတွေ၊ ကလေးတစ်ခါမှ မမွေးဖူးတဲ့ အမျိုးသမီးတွေ၊ အသက် ၃၀ နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေ နဲ့ ကလေးမွေးထားပေမယ့် နို့မတိုက်တဲ့အမျိုးသမီးတွေက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားတယ်လို့ Nation Cancer Institute က စစ်တမ်းတွေအရ သိရပါတယ်။

ဖြစ်ရတဲ့ အကြောင်းအရင်း

ရင်သားကင်ဆာဟာ ရင်သားတွင်းမှာ ရှိတဲ့ ဆဲလ်နဲ့ တစ်သျှူးတွေ မူမမှန်တဲ့အဆင့်ကနေ ဆင့်ပွားပြီး ဖြစ်လာတတ်တဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလို ရင်သားတွင်းမှာရှိတဲ့ ဆဲလ်နဲ့ တစ်သျှူးတွေ မူမမှန်ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အဝလွန်ခြင်း၊  မိသားစုထဲတွင် ရင်သားကင်ဆာမျိုးရိုးရှိခြင်း၊ အရက်သေစာသောက်စားလေ့ရှိသူဖြစ်ခြင်း နဲ့ ဘဝနေထိုင်မှုပုံစံတွေအပေါ်လိုက်ပြီး အကျိုးသက်ရောက်မှုရှိပါတယ်။

ရောဂါလက္ခဏာများ…

(၁) ချိုင်းနဲ့ ရင်သားအနီးတဝိုက်မှာ အလုံးအကြိတ်ဖြစ်ခြင်း

(၂) ရင်သားအရွယ်အစား နှင့် ပုံစံပြောင်းလဲလာခြင်း

(၃) ရင်သားပေါ်တွင် ချိုင့်ခွက်များ ဖြစ်လာခြင်း

(၄) နို့သီးခေါင်းအနီးတဝိုက်အရေပြားမှာ ကွာကျလာခြင်း၊ နို့သီးခေါင်းအတွင်းကို ချိုင့်ဝင်သွားခြင်း၊ နို့သီးခေါင်းမှ သွေးနှင့် ပုံမှန်မဟုတ်သော အရည်များ ထွက်လာခြင်း

(၅) မူမမှန်တဲ့ ရင်သားနာကျင်မှုဖြစ်ခြင်း တို့ဖြစ်ပါတယ်။

ကာကွယ်နည်းများ…

အမျိုးသမီးတွေအနေနဲ့ တစ်လတစ်ကြိမ် ရာသီလာပြီးတိုင်းမှာ မိမိရင်သားနဲ့ ချိုင်းအနီးတဝိုက်ကို အလုံးအကြိတ် ရှိမရှိ စမ်းသပ်ပေးရပါမယ်။ အရက်သေစာသောက်စားမှုကို ကန့်သတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း၊ ကိုယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ အဆီနည်းပြီး ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်များစားခြင်း စတဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင်လဲ ရင်သားကင်ဆာကို တစ်ဖက်တလမ်းကနေ ကာကွယ်ရာရောက်ပါတယ်။

ရင်သားကင်ဆာဆိုတာ ရောဂါလက္ခဏာပြတာနဲ့ တပြိုင်နက် ဆေးကုသမှုခံယူမယ်ဆိုရင် စောစောသိလေ အသက်ရှင်နိုင်တဲ့ ရာခိုင်နှုန်းများလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေအနေနဲ့ မမေ့မလျော့ တစ်လတစ်ကြိမ် ရင်သားစစ်ဆေးတာမျိုးပြုလုပ်ပြီး သတိရှိရှိနဲ့ နေမယ်ဆိုရင် ရင်သားကင်ဆာကို ရာနှုန်းပြည့် တိုက်ဖျက်နိုင်မှာပဲဖြစ်ပါတယ်။

One response

  1. SEO Company Avatar

Leave a Reply

Your email address will not be published. Required fields are marked *