
အိမ်ထောင်ရှင်မရဲ့ အိမ်ထောင်မှုတာဝန်တွေထဲမှာ သမားရိုးကျ အိမ်မှုကိစ္စတွေအပြင် နောက်တစ်ခုကတော့ သားဆက်ခြားရေးကိစ္စပဲ။ သားဆက်ခြားနည်းလမ်းနဲ့ ပတ်သက်လို့ လောလောဆယ်တော့ ကျွန်မရွေးချယ်ဖြစ်နေတာက နေ့စဉ်သားဆက်ခြားသောက်ဆေးနည်းလမ်းပါပဲ။ သားဆက်ခြားနည်းလမ်းတွေအများကြီးထဲကမှ ကျွန်မ ဒီနည်းလမ်းကို ရွေးချယ်ရတဲ့ အချက်တွေကတော့ အများကြီးပဲ။
ပထမအချက်က တခြားအိမ်ထောင်ရှင်အမျိုးသမီးတွေဆိုရင် ၃လခံသားဆက်ခြားထိုးဆေးနည်းလမ်းကို သုံးကြပေမယ့် အမှန်တိုင်းပြောရရင် ကျွန်မက ဆေးထိုးရမှာကို ငယ်ငယ်တည်းက သေမလောက်ကြောက်တတ်တဲ့သူ… ဘယ်လောက်ပဲ ၃လမှတခါ ထိုးရတယ်ဆိုဦးတော့… ဒီနည်းလမ်းကိုတော့ ခုလောလောဆယ်မသုံးချင်သေးဘူးပေါ့နော်…
နောက်တစ်ခုက နှစ်ရှည်ခံ နည်းလမ်းတွေဖြစ်တဲ့ လက်မောင်းတွင်းထည့်တာနဲ့ သားအိမ်တွင်းထည့်တာ… သူတို့ရဲ့ သက်တမ်းတွေက အကြမ်းဖျင်း ၃ နှစ် ၅ နှစ် ၁၀ နှစ်တွေအထိ ရှိတယ်ဆိုတော့ ကျွန်မတို့နှစ်ဦးလုံးက အဲ့လောက်ထိ အချိန်ကြာကြာ ကိုယ်ဝန်တားဖို့ စိတ်ကူးမရှိဘူးလေ။ လာမယ့် ၁ နှစ်ခွဲ ၂ နှစ်ဆို ကလေးယူဖို့ ဆုံးဖြတ်ထားတာဆိုတော့ တစ်နည်းပဲ ကျန်တဲ့ နေ့စဉ်သောက်ဆေးနည်းလမ်းကိုပဲ ကျွန်မရွေးဖြစ်သွားတယ်။
အဲ့အခါမှာ ဒီနည်းလမ်းကို ရွေးလိုက်ပြန်တော့လဲ စေျးကွက်ထဲမှာ အမှတ်တံဆိပ်မျိုးစုံရှိနေတော့ ဘယ်ဟာကို ရွေးရမှန်းမသိ ခေါင်းစားရပြန်ရော။ အဲ့ဒါနဲ့ ကျွန်မတို့ရပ်ကွက်ထဲမှာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကို အပူကပ်ရတော့တာပေါ့။ ဒေါက်တာက ကျွန်မကို ကျန်းမာရေးအရ သေချာစစ်ဆေးမေးမြန်းပြီး လေဒီယာရဲ့ ဖိုင်း (Lydia Fine) နေ့စဉ်သားဆက်ခြားသောက်ဆေးကို ညွှန်လိုက်တယ်လေ။
လေဒီယာရဲ့ ဖိုင်း (Lydia Fine) က ဟော်မုန်းဆေး ၂၁ လုံး နဲ့ သံဓာတ်အားဆေး ၇ လုံးပါတဲ့ ၂၈ လုံးပါ သားဆက်ခြားသောက်ဆေးကဒ်လေးလေ။ သူက နေ့စဉ်အချိန်မှန်သောက်မယ်ဆိုရင် ကိုယ်ဝန်ရနှုန်းကို ၉၉ ရာခိုင်နှုန်းထိ တားဆီးပေးနိုင်တယ်တဲ့။ ပြီးတော့ ကျွန်မက ရာသီမမှန်တဲ့ ပြဿနာလဲ ရှိတဲ့အပြင် ရာသီလာခါနီးမှာ ဗိုက်အောင့်တာတွေ၊ ကိုယ်လက်ကိုက်ခဲတာတာမျိုးလို နာကျင်ကိုက်ခဲမှုဝေဒနာတွေကိုလဲ သက်သာစေသလို လစဉ်ရာသီကိုပါ မှန်စေတဲ့ အကျိုးကျေးဇူးတွေပါ ရှိသေးတယ်တဲ့။
တချို့ အမျိုးသမီးတွေက နေ့စဉ်သောက်ဆေးသောက်ရင် မေ့မှာ စိုးတတ်ကြတယ်။ ကျွန်မကတော့ မမေ့အောင် ပထမတစ်ပတ်စစသောက်ချင်းတုန်းကဆို ဖုန်းကနေ Alarm ပေးထားတာမျိုး၊ ပြီးတော့ အလှကြည့်မှန်နားမှာ ချိတ်ထားတဲ့ ခြင်းလေးထဲမှာ ထည့်တာမျိုးလို ကိုယ်အမြဲမြင်နေရတဲ့ လက်လှမ်းမီတဲ့နေရာမျိုးမှာ ဆေးကဒ်ကို ထားလိုက်တယ်။ ပြီးတော့ ကိုကို့ကိုပါ မှာထားတယ်လေ ကျွန်မကို ဆေးသောက်ဖို့ သတိပေးဖို့။ နောက် ၁ လလောက်လဲကြာတော့ မေ့ဖို့နေနေသာသာ မနက်မိုးလင်းလို့ ဆေးမသောက်ရသေးရင်ကို တခုခုလိုနေသလိုမျိုးကို ဖြစ်လို့!
ကဲ အခုဆိုရင် ကျွန်မလဲ လေဒီယာရဲ့ ဖိုင်းကို သောက်နေတာ ၃လလောက်ရှိနေပြီ… နောက် ၁ နှစ်ခွဲလောက် ကြာရင်တော့ ဆေးသောက်တာရပ်ပြီး ကျွန်မတို့ လင်မယား ကလေးယူမယ်စိတ်ကူးထားတယ်ရှင့်။ ကျွန်မလိုမျိုး လက်ထပ်ပြီးခါစ အိမ်ထောင်ရှင်မလေးတွေရှိရင် ရှင်တို့ရော ဘယ်လို သားဆက်ခြားနည်းလမ်းကို သုံးဖြစ်တယ်ဆိုတာ ပြောပြပေးသွားဦးနော်။
Leave a Reply