နှစ်ယောက်လက်တွဲဖို့ အဆင်သင့်ဖြစ်လို့ လက်တွဲကြပေမယ့် ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ စုံတွဲတွေ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့ သင့်တော်မယ့် သားဆက်ခြားနည်းလမ်းတွေသုံးပြီး မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ သားဆက်ခြားနည်လမ်းတွေသုံးတယ်ဆိုတာနဲ့ တချို့က ကိုယ်အလေးချိန်တိုးမှာ ဒါမှမဟုတ် နောင်တချိန်ကလေးပြန်လိုချင်တဲ့အခါ ခက်ခဲမှာတွေကို စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် လောလောလတ်လတ်မင်္ဂလာဆောင်ထားတယ် ဘယ်လိုသားဆက်ခြားနည်းလမ်းတွေ သုံးဖို့ သင့်တော်မလဲဆိုတာကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။
၁ ။သားအိမ်တွင်းထည့်ကြေးနီ IUD
ဒီနည်းလမ်းဟာမိခင်တွေ အတွက်ပဲမဟုတ်ပါဘူး။ အလုပ်များလှတဲ့ သတို့သမီးအသစ်စက်စက်လေးတွေအဖို့ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပြီး ၉၉ ရာခိုင်နှုန်းအကျိုးသက်ရောက်မှုရှိပြီး အနည်းငယ်သာ အားစိုက်ထုတ်ဖို့လိုပါတယ်။ သင်ဖယ်ရှားပြီးလျှင်ပြီးချင်း သင့်မျိုးပွားစနစ်က ပြန်လည်ရရှိမှာပါ။ IUD က အမျိုးအစားပေါ်မူတည်ပြီး ၅ နှစ်ကနေ ၁၀ နှစ်အထိ ခံတဲ့ နှစ်ရှည်သားဆက်ခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အကြံပေးရမယ်ဆိုရင်တော့ ဒီနည်းလမ်းကိုသုံးဖို့ သင်လက်မထပ်မီ IUD ကိုလအနည်းငယ် ကြိုထည့်ထားခြင်းက ပိုကောင်းပါတယ်။ ဆက်လေ့လာရန်
၂။ သားဆက်ခြားသောက်ဆေးများ
သားဆက်ခြားသောက်ဆေးတွေကတော့ လူတိုင်းအလွယ်တကူ သောက်နိုင်ပြီး ကိုယ်အသုံးမပြုလိုတဲ့အချိန်မှာ ဆေးသောက်တာရပ်ပြီး ကိုယ်ဝန်ပြန်ဆောင်နိုင်ပါတယ်။ သားဆက်ခြားသောက်ဆေးကို တိတိကျကျသောက်သုံးပါက (၉၉) ရာခိုင်နှုန်း ထိရောက်မှုရှိပြီး သာမာန်အသုံးပြုရာတွင် (၉၁) ရာခိုင်နှုန်း ထိရောက်မှုရှိပါတယ်။ ဒီဆေးတွေက လစဉ်ဓမ္မတာဖြစ်စဉ်အပေါ်မှာ အနှောက်အယှက်မဖြစ်စေတဲ့အပြင် ဓမ္မတာလာချိန်ကိုက်ခဲခြင်းများနှင့် PMS ကို လျော့ပါးသက်သာစေပါတယ်။ ဆက်လေ့လာရန်
၃။ လက်မောင်းတွင်းထည့်သွင်းသားဆက်ခြားနည်း Implant
လက်မောင်းတွင်းထည့်တဲ့ implant ကတော့ ၃.၅ စင်တီမီတာသာရှိတဲ့ တုတ်ချောင်းလေးဖြစ်ပြီး လက်မောင်းရဲ့အပေါ်ဘက်အရေပြားအောက် ထည့်ရတဲ့ကိရိယာလေးပဲဖြစ်ပါတယ်။ သူဟာ သုံးနှစ်အထိခံပြီးတော့ နို့တိုက်မိခင်တွေအတွက် အထူးသင့်လျော်တဲ့ ဟော်မုန်းတစ်မျိုးတည်းပါ ကိရိယာလေးပဲဖြစ်ပါတယ်။ ဒါဟာ ၉၉ % ထက်ပိုပြီးတော့ အကျိုးသက်ရောက်သလို သင်ဆေးရုံကမဆင်းခင်မှာ ထည့်သွင်းနိုင်ပါတယ်။ ကလေးလိုချင်တဲ့အခါမှာ ဒါလေးကို ထုတ်ပြီး ကိုယ်ဝန်ပြန်ဆောင်ဖို့ အချိန်မလိုအပ်ပါဘူး။ (မြန်မာနိုင်ငံမှာတော့ လက်မောင်းတွင်းထည့်နည်းဟာ မတွင်ကျယ်ပေမယ့် သင်ကစိတ်ဝင်စားမှုရှိတယ်ဆိုရင် သင်ကလေးမွေးတဲ့ ဆေးရုံ /ဆေးခန်းမှာ ရနိုင်လားဆိုတာ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။) ဆက်လေ့လာရန်
၄။ ကွန်ဒုံး
ကွန်ဒုံးဆိုတာကတော့ သင့်ရဲ့လက်ထပ်တဲ့ဘဝမှာ သိပ်ပြီးတော့ နှီးနှောဖို့မလိုပေမယ့် သုံးတော့ သုံးသင့်ပါတယ်။ သင်ဘယ်တော့ ကလေးယူမလဲဆိုတာကို မသေချာသေးခင် ပုံစံအမျိုးမျိုး အရောင် အနံ့အမျိုးမျိုးတို့ ထပ်ထည့်ထားတဲ့ ကွန်ဒုံးကြောင့် သင့်ရဲ့လိင်မှုဘဝအတွင်း အဆင်ပြေစေနေနိုင်ပါတယ်။ ဆက်လေ့လာရန်
Leave a Reply