ကာမစိတ်နှိုးကြွပြီး သာယာပျော်ရွှင်စေဖို့အတွက် များစွာသော အာရုံကြော အစုအဝေးကို လှုံဆော်ပေးပြီး ကောင်းမွန်တဲ့ ခံစားချက်တွေ ရရှိဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ ပထမဆုံး ကာမသုခအတွေ့အကြုံက ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒီလို အာရုံခံစားမှုတွေပေးတဲ့ အစိတ်အပိုင်းတွေက ကျွန်တော်တို့ ဘဝတစ်လျှောက် စိတ်အလိုမကျခြင်း၊ စိတ်အလိုကျခြင်း စတဲ့ စိတ်ခံစားချက်တွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
ကာမသုခရဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းကြတဲ့အခါမှာ လိင်စိတ်အလွယ်တကူ နှိုးကြွစေနိုင်တဲ့နေရာတွေ အထူးသဖြင့် ကျွန်တော်တို့ရဲ့ လိင်အင်္ဂါတွေကို အာရုံစိုက်ကြတာများပါတယ်။ မည်သို့ပင်ဖြစ်စေ လိင်အင်္ဂါတွေ အပြင် တခြားကာမစိတ်နှိုးကြွစေတဲ့ နေရာတွေ ရှိနေပါသေးတယ်။ ဒီနေရာတွေက ပုန်းကွယ်နေတတ်ပြီး တစ်စုံတစ်ယောက်က နှိုးဆွမိတဲ့အခါမှသာ ကောင်းမွန်တဲ့ခံစားမှု အသစ်တွေ ပေးစွမ်းနိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိလာကြပါတယ်။
ယခုဆောင်းပါးမှာတော့ အမျိုးသားအမျိုးသမီးနှစ်ဦး စလုံးအတွက် လိင်စိတ်နှိုးဆွရာမှာ အံအားသင့်လောက်အောင် အသုံးဝင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လည်ပင်းအနောက်နဲ့ ဘေး
လည်ပင်းမှာက သွေးကြောတွေအများကြီး ရှိပြီး ဒီနေရာက ထိရှလွယ်တဲ့အတွက် လှုံ့ဆော်ပေးတဲ့အခါ သာယာတဲ့ခံစားမှုကို ချက်ခြင်းရရှိပြီး လိင်စိတ်ကို နှိုးကြွစေပါတယ်။ သင့်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ခံစားချက်ကို လိုချင်ပါက သင့်အဖော်ကို ပခုံးမှတဆင့် လည်ပင်းဆီသို့ တဖြည်းဖြည်း နှိပ်နယ်ခိုင်းပါ။
နားရွက်များ
အမျိုးသားကျန်းမာရေး အင်တာနက်စာမျက်နှာ (menhealth.com) အရ နားရွက်က အမျိုးသားရော အမျိုးသမီးတွေအတွက် ကာမနိုးကြွစေတယ်လို့ ဆိုထားပါတယ်။ နားရွက်မှာရှိတဲ့ အကြောတွေကို လက်မနဲ့ လက်ညှိးသုံးပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ သင့်အဖော်က ကောင်းမွန်တဲ့ ခံစားချက်ကို ရရှိနိုင်ပါတယ်ဆိုတာ သိပ္ပံနည်းလမ်းနဲ့ ရှင်းပြလို့မရပေမယ့် သိထားဖို့ သင့်တဲ့အချက်ပါ။
ပေါင်ရင်း
ပေါင်ရင်းက ထိတွေ့ကိုင်တွယ်မှု နည်းတဲ့နေရာ ဖြစ်တာကြောင့် ထိတွေ့လှုံ့ဆော်တဲ့အခါ သာယာမှုပေးနိုင်တဲ့တာ သေချာပါတယ်။ ညင်သာစွာ ပွတ်သက်ကိုင်တွယ်ပြီး သင့်အဖော်ရဲ့ ကာမစိတ်ကို နှိုးဆွနိုင်ပါတယ်။ မျက်လုံးချင်ဆိုင်ပြီး ဒီလိုလုပ်ပေးမယ်ဆိုရင် အင်မတန် စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာ ပြောစရာမလိုပါဘူး။
ခြေထောက် (အမျိုးသားမှာ ခြေဖဝါး၊ အမျိုးသမီးမှာ ခြေမ)
အမျိုးသားတွေအတွက်တော့ ခြေဖဝါးက သာယာမှုရရှိဖို့ နှိုးဆော်ပေးနိုင်တဲ့ နေရာပါ။ webmd စာချက်နှာရဲ့ ဖော်ပြချက်အရ ခြေခလယ်ရဲ့ အောက်ဘက် ခြေဖဝါးသုံးပုံတစ်ပုံနေရာမှာ အမျိုးသားတွေအတွက် စိတ်နှိုးကြွစေတဲ့ အာရုံကြောရှိတယ်လို့ဆိုထားပါတယ်။ ဒီအကြောက သင့်လိင်အင်္ဂါတွေအထိ ချိတ်ဆက်နေတာဖြစ်တဲ့အတွက် ခြေထောက်ကို နှိုးဆွပေးရုံနဲ့ ကာမစိတ်နှိုးကြွစေတာဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက်တော့ ခြေမက ထူးခြားတဲ့နေရာဖြစ်ပါတယ်။ အင်္ဂလိပ်စကားမှာ ခြေမကလာတဲ့ ပြီးမြောက်ခြင်း ဆိုတာရှိပါတယ်။ အမျိုးသမီးတွေ ရဲ့မျိုးပွားအင်္ဂါနဲ့ သူမရဲ့ ခြေမက ချိတ်ဆက်မှု ရှိပါတယ်။ ခြေမကို ညင်သာစွာ နှိပ်နယ်ပေးတာက သူများကို အထွတ်အထိပ်ရောက်စေပါတယ်။ ခြေမကို နှိပ်နယ်ပေးခြင်းဖြင့် ကောင်းမွန်တဲ့ခံစားချက်နဲ့အတူ ပြီးမြောက်ခြင်းပါ ရရှိစေနိုင်ပါတယ်။
ဒူးခေါင်းအနောက်
ဒီနေရာက ထိတွေ့မှုနည်းတဲ့နေရာတစ်ခုဖြစ်သလို အာရုံခံကြောတွေ အများအပြားစုစည်းနေတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ ဒူးနောက်ပိုင်းက အမွှေးအမျှင်နည်းပါးတဲ့အပြင် ထိတွေ့ကိုင်တွယ်တဲ့အခါ ပိုပြီးထိရှလွယ်တယ်လို့ နယူယောက်က မျိုးဆက်ပွားကျန်းမာရေးကျွမ်းကျင်သူ ဒေါက်တာကာနာ (Ian Kerner, Ph.D., a New York City sex expert) ကဆိုထားပါတယ်။ အမျိုးသမီးတွေအတွက်လည်း ကောင်းမွန်တဲ့ခံစားမှုကို ရရှိစေနိုင်ပါတယ်။ သင့်အဖော်နဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ ဒူးခေါင်းအနောက်ကို ကိုင်တွယ်နှိပ်နယ်ပေးပါ။ နက်ရှိုင်းတဲ့ ခံစားချက်တွေ ရရှိစေနိုင်ပါလိမ့်မယ်။
Ref: https://www.webmd.com/sex-relationships/features/7-awesome-erogenous-zones#1
https://www.womenshealthmag.com/sex-and-love/erogenous-zones-for-women/slide/6
https://www.menshealth.com/sex-women/do-you-know-her-pleasure-points
Leave a Reply