ကိုယ်လက်နှီးနှောတဲ့အချိန်မှာ အသံထွက်တာက တကိုယ်ရည်ရွေးချယ်မှုလို့ လူတော်တော်များများ နားလည်ထားကြပါတယ်။ တကယ်တော့ မျိုးဆက်ပွားကျန်းမာရေးနဲ့ တစ်စုံတစ်ရာ ပတ်သက်ဆက်နွယ်နေတယ်ဆိုတာ မသိကြသေးပါဘူး။ ဒါကြောင့် မျိုးဆက်ပွားကျန်းမာရေး အတွက် ကိုယ်လက်နှီးနှောတဲ့အချိန် အသံတိတ်မနေဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အသက်ရှုသံ စည်းချက်ကျနေစေဖို့
အရေးကြီးတဲ့အချိန်မှာ အသက်ရှုမှားလို့မရပါဘူး။ ကိုယ်လက်နှီးနှောတဲ့အချိန်မှာ အသက်ရှုသံထွက်တာက ကောင်းတဲ့လက္ခဏာပါ။ စည်းချက်ကျတဲ့ အသက်ရှုသံပြင်းပြင်းက လိင်စိတ်ကျေနပ်မှုကို ပိုမိုတိုးတက်စေပါတယ်။ စည်းချက်ကျတဲ့ အသက်ရှုသံရအောင် လုပ်ဆောင်ခြင်းက လိင်စိတ်ကျေနပ်မှုကို ကိုယ်လိုချင်တဲ့အချိန်ထိ (ခဏလေးနဲ့ ပြီးမသွားအောင်) ဆောင်ရွက်သလိုပါပဲ။ ကိုယ်လက်နှီးနှောတဲ့အဆင့်တိုင်းအလိုက် မှန်ကန်စွာ အသက်ရှုပါ။ ကိုယ်က ကြာကြာဆက်ဆံမယ်ဆို ပုံမှန်အတိုင်းသွားနိုင်သလို မြန်ဖို့လိုအပ်လာရင်လည်း မြှင့်နိုင်ပါတယ်။
(၂) သဘောကျတယ်ဆိုတာ ပြသရာရောက်တယ်
ကိုယ်လက်နှီးနှောတဲ့အချိန် သင့်အနေနဲ့ အသံတိတ်နေမယ်ဆိုရင် သင့်အဖော်က သင်အသက်တောင်ရှိသေးရဲ့လားဆိုပြီး အံ့အားသင့်နေမှာပါ။ “အို့” “အား ” စသည်ဖြင့် ခံစားချက်အလိုက် ထွက်လာတဲ့အသံကို သင့်အဖော်ကြားအောင်လုပ်ပေးဖို့ ရှက်ရွံ့မနေသင့်ပါ။ ဒါမှ သင့်အသံအနိမ့်အမြင့်ကို လိုက်ပြီး သင့်အဖော်က လိုက်ပါစီးမြောနိုင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်က သဘာဝကျကျထွက်ပေါ်လာတာ ဖြစ်ဖို့ အရေးကြီးပါတယ်။
(၃) လက်ရှိအခိုက်အတန့်ကို ပိုပြီးပီပြင်စေတယ်
ကိုယ်လက်နှီးနှောတဲ့အခါမှာ အသံမထွက်တာ ဆူညံကျယ်လောင်သွားမှာကို စိုးရိမ်နေတာက ပျော်ရွှင်မှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါကို စိုးရိမ်နေမယ့်အစား စိတ်ခံစားချက်အလိုက်ထွက်လာတဲ့ အသံကို ရိုးရိုးလေး နားထောင်ကြည့်ပါ။ သင့်တို့နှစ်ယောက် လက်ရှိ ကြုံတွေ့နေတဲ့ ကိုယ်လက်နှီးနှောတဲ့ အခိုက်အတန့်ကို ပိုပြီးအသက်ဝင်စေမှာဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် သင့်တို့ရဲ့ အခြေအနေ ရုပ်လုံးပေါ်ဖို့ အသံက အထောက်အကူဖြစ်စေပါတယ်။ သင့်အဖော်က သင့်ရဲ့ကောင်းမွန်တဲ့ ခံစားချက်အရ ထွက်ပေါ်လာတဲ့ အသံကို ကြားချင်မယ်ဆိုတာ ယုံလိုက်ပါ။
(၄) ချစ်ကျွမ်းဝင်မှုကို ပြသရာရောက်တယ်
ကိုယ်လက်နှီးနှောတဲ့နေရာမှာ လိုချင်တဲ့အခြေအနေကို နှစ်ယောက်အကြား ပြောဆိုနိုင်တာက သင်တို့နှစ်ယောက် ဘယ်လောက်ထိ နီးကပ်စုံမက်နေတယ်ဆိုတာကို ပြသတာဖြစ်လို့ ရှက်နေဖို့ မလိုအပ်ပါဘူး။ ဒီလိုပြောမှာသာ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်နာလည်းနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့တောင်းဆိုချက်တွေအပေါ် ဒါမှမဟုတ် သူသွားချင်တဲ့ အတိုင်းအတာကို သိနေဖို့က အရေးကြီးတာဖြစ်လို့ ပွင့်ပွင့်လင်းလင်းဖြစ်သင့်ပါတယ်။ အရွယ်ရောက်ပြီး လူတိုင်းလူတိုင်းက ကာမသုခကို ခံစားချင်ကြတာဖြစ်တဲ့အတွက် ရှက်ဖို့ကောင်းတယ်လို့ထင်ရတဲ့ တချို့အဆင့်လေးတွေကို လျစ်လျူရှုပြီး ပွင့်လင်းရိုးသားဖို့ လိုအပ်ပါတယ်။
(၅) သင့်ရဲ့လိင်ပိုင်းဆိုင်ရာအပေါ် သက်သောင့်သက်သာဖြစ်တယ်ဆိုတာ ပြသရာရောက်တယ်
ဖြစ်နိုင်မယ်ဆိုရင် ကိုယ်လက်နှီးနှောတာနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ခံစားချက်တွေကို ဖွင့်ဟဖို့ လိုပါတယ်။ အကယ်၍ သင်က သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားအပေါ် သံသယရှိနေခဲ့မယ်ဆိုရင်တော့ ကိုယ်လက်နှီးနှောတဲ့အခါ ဆွံ့အနေတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင်ယုံကြည်မှု ရှိတယ်ဆိုတာ ပြသဖို့အတွက် ခံစားချက်အတိုင်း အသံပြုဖို့ လိုပါလိမ့်မယ်။
ကာမဆက်ယှက်ခြင်းက စိုးရိမ်မှုတွေ မလုံခြုံမှုတွေ ကြီးစိုးနေလို့မရပါဘူး။ သင့်ခန္ဓာကိုယ်က အလိုအလျောက်ဖြစ်ပေါ်တဲ့ သာယာပျော်ရွှင်မှုတွေသာဖြစ်သင့်ပါတယ်။ နောက်ပြီး ကာမဆက်ယှက်မှုတစ်ခုမှာ အသံက အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါက သင်တို့စုံတွဲအတွက် အသစ်အဆန်းဖြစ်နေခဲ့တယ်ဆိုရင် တဖြည်းဖြည်းချင်း စတင်ပါ။ နည်းဥပဒေသဆိုတာ မရှိပါဘူး။ သင့်တို့နှစ်ယောက်အတွက် အလုပ်ဖြစ်တယ်ဆိုရင် ပြီးတာပါပဲ။
Leave a Reply