
၁.. အပျိုအရေအတွက်အများဆုံးကို မယားပြုနိုင်ခဲ့တဲ့ စံချိန်ရှင်
လူမသိသူမသိ တိတ်တိတ်ပုန်းတွေကို ခဏဖယ်ထားကြမယ်ဗျာ။ အတိအလင်း အပျိုစင်တွေအတွက် ညီလေးကို အသုံးအချနိုင်ဆုံးသူလို့ သမိုင်းမှာ မှတ်တမ်းဝင်တာ တွန်ဂါဘုရင် Fatefehi ပါတဲ့။ ၁၇၇၀ ကနေ ၁၇၈၄ ကာလမှာ အမျိုးသမီး အရေအတွက် ၃၇၈၀၀ ရဲ့ အပျိုစင်ဘဝကို အရယူနိုင်ခဲ့သတဲ့။ သင်္ချာနည်းနဲ့ဆို အဲ့ဒီ ၁၄ နှစ်တာကာလမှာ တစ်နေ့ကို အပျို ၇ ယောက်လောက်နဲ့ လိင်ဆက်ဆံခဲ့တယ်လို့ အဖြေထွက်ပါတယ်။ စကေးကတော့ မတရားကို ကြမ်းလွန်းတယ်။
၂.. ရုပ်ချောတာနဲ့ သုက်ရည်သန်စွမ်းတာ သက်ဆိုင်မှုရှိသလား
ဒါကတော့ ဖြေရှင်းက အတော်ခက်ခဲမှာပါ။ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်သန်စွမ်းမှုကို တိုင်းတာမယ်ဆို စကေးပေါင်းများစွာနဲ့ တိုင်းရမှာဖြစ်ပေမယ့် စပိန်နိုင်ငံမှာ စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့တာက စိတ်ဝင်စားစရာပါပဲ။ စပိန်က သုတေသီတွေက သုက်ရည်သန်စွမ်းမှုအားကောင်းသူ၊ အားနည်းသူ အမျိုးစုံပါဝင်တဲ့ အမျိုးသားထုကြီးရဲ့ ဓာတ်ပုံတွေကို အမျိုးသမီးတွေကို ပြသကာ ချောတယ်ထင်တဲ့ အမျိုးသားဓာတ်ပုံတွေကို ရွေးထုတ်ခိုင်းပါတယ်။ အဲ့ဒီလိုရွေးထုတ်လိုက်တဲ့အခါ အမျိုးသမီးတွေအများစုရဲ့ ချောမောတယ်လို့ ရွေးချယ်ခံရသူ အမျိုးသားတွေဟာ သုက်ရည်သန်စွမ်းသူတွေဖြစ်နေပါသတဲ့။ စိတ်ဝင်စားစရာ သုတေသနပြုချက်ပါပဲ။
၃.. ဘယ်လောက်ရှည်တာကို ညီတော်မောင်ရဲ့ ပုံမှန်ဆိုဒ်လို့ သတ်မှတ်ရမလဲ။ ပြီးတော့ တောင်နေချိန်မှာ ကမ္ဘာ့စံချိန်ဖြစ်အောင် ရှည်တာ ဘယ်သူဖြစ်မလဲ။
တစ်ကမ္ဘာလုံးနဲ့ တွက်မယ်ဆို တောင်နေချိန်မှာ လိင်တံက ၅.၆ လက်မရှည်တယ်ဆို သင်ဟာ ဆိုဒ်မှန်ပါပဲတဲ့ ကွီးတို့ ညေးတို့ရေ။ ပြီးတော့ လက်ရှိကမ္ဘာ့စံချိန်ရှည်လျားတဲ့ စံချိန်ရှင်က Jonah Falcon ပါ။ သူ့ရဲ့ လိင်တံက တောင်နေချိန်မှာ ၁၃.၅ လက်မရှိပြီး မတောင်ချိန်မှာတော့ ၉.၅ လက်မရှိပါတယ်တဲ့။
၄.. လူက အိပ်နေပေမယ့် ညီတော်မောင်က မအိပ်ဘဲ ထထပြီး အမောက်ထောင်သလား။
ဟုတ်ပါတယ်။ အိပ်နေချိန်မှာ ဦးနှောက်က အနားယူနေပေမဲ့ ဖွားဖက်တော်က အနားမယူပဲ မာန်ထနေတတ်ပါတယ်။ ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ လိင်တံဟာ ညအိပ်ချိန်မှာ ၃ ကြိမ်ကနေ ၅ကြိမ်ထိ ထောင်မတ်တတ်ပါတယ်တဲ့။ နိုးလာတဲ့အချိန်မှာ တောင်နေတတ်တာလည်း ရှိပါတယ်။ ပုံမှန်ပါပဲ ကွီးတို့ ညေးတို့ရေ ..
ဒီတစ်ခေါက် ရှာဖွေလေ့လာ သိချင်စရာ ကွီးတို့ ညေးတို့ရဲ့ ပေါင်ကြားက ထောင်လွှားတတ်တဲ့ ညီတောင်မောင်နဲ့ ပတ်သက်တဲ့ အချက်တွေကတော့ ဒီလောက်ပါပဲ။ သိလိုရာမေးက နောက်ထပ်လည်း လိင်ပညာပေး၊ လိင်ကျန်းမာရေးတွေ ဆက်လက်တင်ဆက်သွားဦးမှာမို့ page ကို follow ထားကြပါဦးဗျာ။
Leave a Reply