
ခက်တာကလည်း ဘဒိုတို့က ပွဲမတိုးခင် ကြိုတင်မပြင်ဆင်ဘဲ ချစ်ပွဲတန်းဝင်ကြတော့ .. တစ်ဖက်မိန်းကလေးမှာ သာယာမှုမရှိတော့ဘဲ “လူရှော်ကြီး” ဖြစ်မှန်းမသိဖြစ်လေရောပဲ မဟုတ်လား။
ကဲ .. ချစ်ပွဲဝင်ပြီးတိုင်း လေဒီတို့ ရင်ထဲ ဟတ်ထိပြီး လူရှော်မဟုတ်တဲ့ လူတော်ဖြစ်ဖို့ကို သိလိုရာမေးက အလင်းပြလိုက်တယ်။ အဆုံးထိသာရှိုး …
(၁) အစကနေ အဆုံးထိ အဆင့်မကျော်ပါနဲ့။
ရောမမြို့ကြီးကို တစ်ရက်တည်း တည်ဆောက်ခဲ့တာ မဟုတ်ဘူး လို့ အဆိုရှိပါတယ်။ နားလည်ပါတယ် … ချစ်ဗျူဟာခင်းတယ်ဆိုတာ အဓိကကို လုပ်ဖို့ပါ။ ဒါပေမဲ့ ထိုးသွင်းဆက်ဆံမှုမပြုခင်မှာ ဘဒို့အနေနဲ့ ကိုယ်နဲ့ ဆက်ဆံမယ့် လေဒီကို (ပါးလေးကို နမ်းတာမျိုးလို) နူးနပ်တဲ့ကိစ္စ လုပ်ဖို့ လိုအပ်ပါတယ်။ မိန်းကလေးအများစုဟာ အနု အလှ ကြိုက်သူတွေပါ။ ဆက်ဆံမှုမလုပ်ခင် ရင်ခုန်ရတာကို သဘောကျသူတွေပါ။ ဒီတော့ Foreplay ဆိုတဲ့ လိင်မဆက်ဆံခင် ပွေ့ဖက်နမ်းရှုပ်ခြင်းကိစ္စကို သတိတရနဲ့ လုပ်ဆောင်ပါ။
(၂) ကိုယ်တစ်ယောက်တည်း ပြီးဖို့ ဦးစားမပေးပါနဲ့။
ချစ်ဗျူဟာခင်းတယ်ဆိုတဲ့ လိင်ဆက်ဆံကြတဲ့ကိစ္စမှာ ပြီးဖို့ အဓိကလိုအပ်တယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ချစ်ဗျူဟာခင်းတယ်ဆိုတာက ၁ ယောက်တည်းမှ မဟုတ်တာ။ ၂ ယောက်လေ။ ကိုယ်က ပြီးတဲ့ စည်းစိမ်ကို ခံစားရပြီး တစ်ဖက်လေဒီအဖို့မှာ ဆန့်တငင်ငင်ဖြစ်ကျန်ရစ်ခဲ့မယ်ဆို သင်က လူရှော်ပဲ ဖြစ်နေဦးမယ်ဆိုတာ မမေ့ပါနဲ့။ သူရောကိုယ်ရော နှစ်ဦးနှစ်ဖက် ဆန္ဒပြည့်ဝဖို့ကို ဦးစားပေးပြီး လုပ်ဆောင်မယ်ဆို ဘဒိုဟာ လူတော်ဖြစ်ဖို့ နီးစပ်လာမှာပါ။
(၃) လေဒီရဲ့ အကြိုက်ကို မမေးတာမျိုး မလုပ်ပါနဲ့။
ရှိကြမှာပါ .. ဘဒိုတို့အနေနဲ့ ချစ်ဗျူဟာခင်းကြစဉ် အခိုက်အတန့်မှာ လေဒီဘက်က လုပ်ပေးစေချင်တဲ့ အပြုအစု အယုအယ အကိုင်အတွယ် အထိအတွေ့တွေကို .. အဲ့ဒါတွေကို သဘောမကျတဲ့ ယောက်ျားလေးဆိုတာ မရှိပါဘူး။ ဟုတ်ကဲ့ဗျ .. လေဒီတို့ဘက်ကလည်း ဘဒိုတို့ကို လုပ်ပေးစေချင်တာတွေ ရှိပါစေ။ အဲ့ဒါတွေကို မေးမြန်းပြီး သူ့ဘက်က သဘောတော်ကျမယ့် လိင်ဆက်ဆံမှုတစ်ခုရအောင် ဖန်တီးပေးလိုက်ပါ။ သူ့ကိုမမေးဘဲ ကိုယ်ဖြစ်ချင်တာချည်းပဲ တောင်းဆိုပြီး ဆက်ဆံနေမိတယ်ဆို အခု စာဖတ်ပြီးချိန်ကစလို့ ဆက်ဆံမှုမှာ သူ့ကို ဦးစားပေး မေးမြန်း ဖြည့်ဆည်းပေးလိုက်ပါ။ သင်လူရှော် ကနေ လူတော်ဖြစ်ဖို့ ပိုပို နီးစပ်နေပါပြီ။ နောက်တစ်ချက်ပဲ ကျန်ပါတော့တယ်။ ဆက်ဖတ်လိုက်ပါဦး။
(၄) ဆက်ဆံပြီးတာနဲ့ ကိုယ်နဲ့ မဆိုင်တော့သလို မနေပါနဲ့။
ရှိကြမှာပေါ့ .. မောသွားတာကြောင့်ဖြစ်စေ၊ ဇောကုန်သွားတာကြောင့်ဖြစ်စေ ဆက်ဆံပြီးတဲ့အခါမှာ မဆက်ဆံခင်ကလောက် တယုတယမရှိတော့တာ။ ဒါ လုံးဝမကောင်းပါဘူး။ ပြီးရင်ပြီးချင်း သူ့ကို ယုယုယယ မလုပ်တော့ဘဲ ကိုယ်နဲ့ မဆိုင်သလို နေလိုက်တာက “သူ့ကို တန်ဖိုးမထားတဲ့လူလား” လို့ လေဒီရဲ့ အတွေးထဲမှာ ထင်သွားစေပါတယ်။ လိုအပ်တာက ချစ်ဗျူဟာ ခင်းပြီးတဲ့အခါမှာလည်း သူ့ကို ပွေ့ဖက်ထားတာ၊ နမ်းရှုပ်တာ၊ ကြင်နာယုယပြတာတွေ လုပ်ရပါမယ်။ ဒီကိစ္စက လူတော်တစ်ယောက်ဖြစ်လာဖို့မှာ သိပ်အရေးကြီးပါတယ် ဘဒိုတို့ရေ။ မမေ့ကြပါနဲ့။
ကဲ ဒီလောက်ဆို ဘဒို့ရဲ့ ချစ်မှုရေးရာ ချစ်ဗျူဟာခင်းတဲ့ကိစ္စမှာ ဒီသဘောတရားတွေအတိုင်း လုပ်ဆောင်မယ်ဆို လူရှော်ကြီးတစ်ယောက် မဖြစ်ဖို့အတွက် ကောင်းကောင်းကြီး အကူအညီပေးမယ်ဆိုတာ သိပ်သေချာပါတယ်ဗျာ။
Leave a Reply