အိပ်ရာပေါ်မှာရှော်နေတဲ့ လေဒီတို့ရဲ့ လက္ခဏာ ၄ ချက်

Posted by

အဲ့ဒီလို ဆွေးနွေးကြသူတွေထဲမှာ “ကျွန်တော်တို့ဘက်က ပါတနာကို sex ကိစ္စနဲ့ ပျော်စေဖို့ ဖြည့်ဆည်းတာတွေရှိပေမယ့် သူတို့ဘက်က တုံ့ပြန်မှုက မကောင်းတော့ အဆင်မပြေဘူး” လို့ ဆိုလာသူတွေ အဆင်ပြေစေဖို့ ဒီတစ်ခါမှာ အိပ်ရာပေါ်မှာရှော်နေတဲ့ လေဒီတို့ရဲ့ လက္ခဏာ ၄ ချက်ကို တင်ပြလိုက်ရပါတယ်။ ဒီအချက်တွေကို လေဒီတို့ဖတ်ပြီး ရှော်နေတာတွေကို ပြင်လိုက်ရင် ကိုကို၊ မောင်တို့နဲ့ ဒချိရင် ပိုပြီး ပျော်လာကြမှာ အသေအချာပါပဲ  …

 

၁- ပါးစပ်ကြီးက ပိတ်မနေပါနဲ့။

အရေးအကြီးဆုံး အချက်ပါ။ အမျိုးသမီးတို့ဘက်က ရှက်ကြောက်မှုကြီးစွာနဲ့ ပါးစပ်ပိတ်ပြီး မနေသင့်ပါဘူး။ အိပ်ရာပေါ်ကို စုံတွဲ ၂ ဦးရောက်တဲ့အခါ ဘာလုပ်ကြမလဲဆိုတာ အရွယ်ရောက်ပြီးသားသူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဆက်ဆံဖော်က အလိုရှိရာကို တောင်းတဲ့အခါမျိုးမှာ လေဒီ့ဘက်က အဆင်ပြေ မပြေ ပြန်ပြောဖို့ လိုအပ်သလို ကိုယ်အလိုရှိတဲ့ ပျော်ရွှင်ဖွယ်လိင်ဆက်ဆံမှုက ဘာလဲဆိုတာ ပြောပြီး လှုပ်ရှားရပါမယ်။ ပါးစပ်တွေ မပိတ်နေပါနဲ့ လေဒီတို့ရေ ..

 

၂- အရုပ်ကြီးလို မနေပါနဲ့။

အပေးအယူ မျှတတဲ့ လိင်ဆက်ဆံမှုဟာ ပျော်ရွှင်မှုအတိပါတဲ့။ ရှက်ကြောက်မှုကို သိပ်အလေးပေးပြီး အောက်ကနေ ငြိမ်ပြီး နေတာက တစ်ဘက်သားမှာ ကြာရင် ပျင်းရိဖွယ်တွေဖြစ်လာနိုင်ပါမယ်။ ဆက်ဆံမှုမတိုင်ခင်  foreplay အပြန်အလှန်လုပ်တာကစပြီး၊ လိင်ဆက်ဆံတဲ့ပုံစံ အနေအထားစုံနဲ့ ဆက်ဆံတာအလယ်၊ ပြီးမြောက်တဲ့ကိစ္စ အဆုံးထိ သူနဲ့ကိုယ်က လက်တွဲညီညီ ပျော်စရာကမ္ဘာတစ်ခုကို တည်ဆောက်နေတယ် သဘောထားပြီး ဆက်ဆံလိုက်ပါ။ သူက ဆက်ဆံတဲ့အခါ ထန်ပြီး လုပ်တာမျိုးကို သဘောကျရင် လေဒီ့ဘက်က ၂ ဆ ထန်ပြလိုက်ပါ။

 

၃- သူ့ကြောင့် ကိုယ်ပျော်တယ်ဆိုတာပြဖို့ မမေ့ပါနဲ့။

မောင်တို့ ယောက်ျားတွေဟာ သူတို့သာလျှင် အရာရာကို စွမ်းဆောင်နိုင်တယ်လို့ ထင်ကြသူတွေပါ။ အိပ်ရာပေါ်က ကိစ္စတွေမှာလည်း သူတို့စွမ်းဆောင်ရည်ကြောင့် လေဒီတို့ ဟတ်ထိသွားတယ်၊ လူးလိမ့်သွားတယ်၊ စွဲသွားတယ်လို့ အမြဲထင်နေကြပြီး လေဒီတို့က “ကိုကိုလုပ်တာ အရမ်းကောင်းတာပဲ” “မောင့် ဘာဂျာကို မေ သိပ်ကြိုက်သွားပြီ” စသဖြင့် အနုအယွလေးတွေပြောဖို့ သိပ်လိုအပ်ပါတယ်။ လုပ်နေတဲ့အခါ ကိုယ့်ကို အော်စေချင်တဲ့သူဆိုရင်လည်း လေဒီ့နှုတ်က ညည်းညူတာမျိုး၊ အော်ဟစ်တာမျိုးတွေလုပ်ဖို့ မမေ့ပါနဲ့။ ကိုကို၊ မောင်တို့ သိပ်ကျေနပ်သွားကြမှာ … ။

 

၄- ဘာကြိုက်လဲ မေးဖို့ မမေ့ပါနဲ့။

လိင်ဆက်ဆံတဲ့အခါ လေဒီတို့အကြိုက်တွေရှိသလို ကိုကိုတို့၊ မောင်တို့မှာလည်း အကြိုက်တွေ ရှိပါတယ်။ စုံတွဲတစ်တွဲအဖို့ အကြိုက် ၁၀၀% တူတယ်ဆိုတာ သိပ်မရှိပါဘူး။ သူကြိုက်ရာ ကိုယ်ကြိုက်ရာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ရမှာ ဖြစ်ပြီး လိုအပ်တဲ့အခါ Adult Website တွေထဲဝင်ကြည့်ပြီး ပိုပြီးပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ foreplay တွေ၊ ဆက်ဆံနည်းတွေကို ရှာဖွေသင့်ပါတယ်။

 

ဒီအချက်တွေကို လေ့လာပြီး ဒချိရင် ဆက်ဆံဖော်တွေကြား ပိုပြီး ပျော်စရာကောင်း၊ စိတ်လှုပ်ရှားစရာကောင်း၊ စွဲမက်ဖွယ်ကောင်းလာကြမှာဖြစ်ပြီး လေဒီတို့ကလည်း ကိုကို၊ မောင်တို့အတွက် မရှော်တော့ဘဲ တော်တဲ့လေဒီတွေဖြစ်လာမှာ မလွဲပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *