ချိဖတို့လုပ်မိတဲ့ အာသာဖြေခြင်း အမှား (၄) ခု

Posted by

တစ်ကိုယ်ရေအာသာဖြေခြင်းနဲ့ ပတ်သက်လို့ ချိဖတို့အနေနဲ့ ကိုယ်ပိုင်ပစ္စည်းကို ခံစားခွင့်အတွက် ကိုယ်ကြိုက်သလို လုပ်ခွင့်ရှိပေမယ့် နည်းမှန်လမ်းမှန် စနစ်မှန်လေးတွေနဲ့ အာသာဖြေတာကသာ အန္တရာယ်ကင်း ဘေးရှင်းစေမယ်လို့ ပြောပြထားချင်ပါတယ်။ ဒီဆောင်းပါးမှာ ချိဖတို့ အာသာဖြေခြင်းနဲ့ ပတ်သက်လို့ လုပ်မိနိုင်တဲ့ အမှား ၄ ခုကို တင်ပြလိုက်ရပါတယ်ဗျ။

 

(၁) တစ်နေ့တည်းမှာ အကြိမ်ရေများများ အာသာမဖြေသင့်ပါ။

ထပ်ပြောပါမယ် … တစ်ကိုယ်ရေအာသာဖြေခြင်းက အပြစ်မဟုတ်ပါဘူး၊ ဒါပေမဲ့ အလွန်အကျွံ မလုပ်မိဖို့တော့ လိုအပ်ပါတယ်။ Orgasm လို့ခေါ်တဲ့ ပြီးမြောက်မှုရတဲ့အထိ အာသာဖြေမှုကို ပြုတဲ့အခါ ထွက်သွားတဲ့ သုက်ထဲမှာ ရေဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ဓာတ်သတ္ထုအချို့တွေ ပါဝင်တာမို့ အသာဖြေခြင်းအမှုကို တစ်နေ့တည်းမှာ အကြိမ်များများ မပြုလုပ်သင့်ပါဘူး။ ကျန်းမာနေသရွေ့ အသာဖြေဖို့နေ့ရက်တွေက ရှိနေသေးတယ် ဆိုတာကို သတိရပေးပါ။

 

(၂) အရမ်းမကြမ်းတမ်းပါနဲ့

အာသာဖြေတယ်ဆိုရာမှာ လက်နဲ့ လိင်တံကို ပွတ်တိုက်ကြတာ အများစုပါ။ အတိအကျပြောရရင် လက်အရေပြားနဲ့ လိင်တံအရေပြားတို့ ပွတ်တိုက်တာပါ။ ဒီနေရာမှာ သိထားရမှာက လက်အရေပြားက လိင်အင်္ဂါအရေပြားထက် မာကျောပါတယ်။ ဒီတော့ လက်က အရမ်းကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တဲ့အခါ လိင်အင်္ဂါကအရေပြားမှာ မလိုလားအပ်တဲ့ ဒဏ်တွေ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အရှိန်လေးပဲ ကောင်းပါတယ်ဗျ ချိဖတို့ရေ ..

 

(၃) မလောပါနဲ့

Orgasm လို့ခေါ်တဲ့ ပြီးမြောက်မှုဆီရောက်မှ အာသာဖြေခြင်းက အဆုံးသတ်တယ်ဆိုတာ နားလည်ပါတယ်။ ဒီအတွက် တချို့က မြန်မြန်ပြီးစေဖို့ စိတ်ကို အတင်းကြိုးစားပြီး အာသာဖြေဖို့ လုပ်တာက နည်းမှန်လမ်းမှန် မဟုတ်ပါဘူး။ အဓိကက လက်နဲ့ လိင်တံကို ပွတ်တိုက်ရတာ မှန်ပေမယ့် ဆန္ဒတစ်ခုပြီးမြောက်ဖို့က စိတ်အတွေးကလည်း အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ပါတယ်။ အတိအကျပြောရမယ်ဆို ဦးနှောက်ထဲက ကိုယ့်အတွေးကွန့်မြူးတာကို စိတ်ရဲ့ဆန္ဒ ဇောနဲ့ပေါင်းစပ်ပြီး လက်က လိင်တံကို ပွတ်တိုက်လှုပ်ရှားတာက အဆင်ပြေတဲ့ အာသာဖြေခြင်းကို ရရှိစေမှာပါ။ အရမ်းလောနေလေ အဆင်မပြေနေလေ ဖြစ်နိုင်ပါတယ်။

 

(၄) သင့်ရဲ့လိင်တံကို အခြားအရာဝတ္ထုများထဲသို့ မထည့်ပါနှင့်

ယနေ့ခေတ်လို အရာရာတိုးတက်နေတဲ့ ခေတ်ကြီးမှာ ဒီခေါင်းစဉ်ကို အနည်းငယ် စောဒကတက်လိုသူတွေ ရှိနိုင်ပါတယ်။ Sex doll လို ပစ္စည်းတွေကနေ အမျိုးမျိုးသော လိင်ဆန္ဒဖြည့် စက်ကိရိယာတွေက ထွန်းကားနေလေတော့ ငွေကြေးသာ အကုန်ခံနိုင်ရင် လိင်ဆန္ဒကို ဆန်းဆန်းပြားပြား ခံစားနိုင်တယ်ဆိုပေမယ့် ချိဖတို့အတွက် ဘေးအကင်းဆုံးသော အာသာဖြေနည်းဟာ လက်နဲ့ ဆိုတာ မမေ့ပါနဲ့။ ဒါတောင် လက်က သန့်နေတဲ့ လက်မှ အန္တရာယ်ကင်းတာပါ။ ဒီတော့ ပြန်ပြီး ဆက်စပ်တွေးမယ်ဆို ကိုယ့်ရဲ့ လက် မသန့်တာကို ဆေးကြောရတာ လွယ်ပေမယ့် လိင်တံထိုးသွင်းမယ့် တစ်ခုခုဟာ သန့်နေရဲ့လား .. အထဲမှာ ရောဂါပိုးတွေကပ်နေလား .. မသိဘဲနဲ့ လိင်တံနဲ့ ထိုးသွင်းလိုက်တဲ့အခါ မလိုလားအပ်တဲ့ အရေပြားဆိုင်ရာ ရောဂါတွေက စပြီး ကာလသားရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါအချို့ကို ဖြစ်ပွားဖို့ ရှိတဲ့အတွက် အတတ်မဆန်းကြဘဲ ရိုးရိုးရှင်းရှင်း နည်းလမ်းဖြစ်တဲ့ လက်နဲ့ပဲ အာသာဖြေတာက ချိဖတို့ကို ဘေးကင်းစေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *