အရေးပေါ်သန္ဓေတားနည်းနှစ်သွယ်

Posted by

အရေးပေါ်သန္ဓေတားတယ် ဆိုတာ ဘာလဲ?

အရေးပေါ်သန္ဓေတားတယ်ဆိုတာ နာမည်အတိုင်းပဲ ယောကျာ်းနဲ့ မိန်းမ ကွန်ဒုံးလိုမျိုး အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးတဲ့နောက်မှာ မလိုလားအပ်တဲ့ ကိုယ်ဝန်မရရှိစေဖို့အတွက် အမျိုးသမီးဘက်က လုပ်ရတဲ့ နည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။

ဘယ်လို အခြေအနေမျိုးမှာ သုံးသင့်လဲ?

မိန်းကလေးဘက်ကနေ အရေးပေါ်သန္ဓေတားနည်းကို မသုံးမဖြစ်သုံးရမယ့် အခြေအနေမျိုးတွေထဲမှာ…

(၁) အလိုမတူဘဲ လိင်အကြမ်းဖက်ခံရခြင်း

(၂) ချစ်သူရည်းစားနှင့် အကာအကွယ်မပါဘဲ ပထမဦးဆုံးအကြိမ် လွန်ကြူးမိခြင်း

(၃) အိမ်ထောင်သည် နဲ့ အတူနေချစ်သူရည်းစားတွေမှာ သားဆက်ခြားနည်းလမ်းတစ်ခုခုကို သုံးဖို့ မေ့လျော့မယ်… (ဒါမှမဟုတ်) သားဆက်ခြားနည်းလမ်းကို မှားယွင်းအသုံးပြုမိတဲ့ အခြေအနေတွေဖြစ်တဲ့…

ဉပမာ- ကွန်ဒုံးပေါက်ပြဲတာတွေ ကွန်ဒုံးသုံးစွဲမှု မမှန်ကန်တာတွေ၊ နေ့စဉ်သားဆက်ခြားသောက်ဆေးကို သုံးကြိမ်နဲ့အထက် သောက်သုံးဖို့ မေ့လျော့မယ်၊ ၃လခံ သားဆက်ခြားထိုးဆေးကို ရက်ချိန်းထိုးဖို့ ၄ ပတ်နှင့်အထက် မေ့လျော့ခဲ့မယ် စတဲ့ အခြေအနေတွေမှာ အရေးပေါ်သားဆက်ခြားနည်းလမ်းကို အသုံးပြုရမှာဖြစ်ပါတယ်။

အရေးပေါ်အသုံးပြုနိုင်တဲ့ သန္ဓေတားနည်း (၂ ) နည်း

(၁) Lydia ရဲ့ 1Safe Pill လိုမျိုး အရေးပေါ်သားဆက်ခြားသောက်ဆေး

(၂) Lydia ရဲ့ Copper T၊ Copper Y နဲ့ Sleek လိုမျိုး သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းတို့ပဲ ဖြစ်ပါတယ်။

ဘယ်လို အသုံးပြုရမလဲ?

Lydia ရဲ့ 1Safe Pill လိုမျိုး အရေးပေါ်သားဆက်ခြားသောက်ဆေးကိုတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သောက်သုံးရမှာဖြစ်ပါတယ်။ Lydia ရဲ့ Copper T၊ Copper Y နဲ့ Sleek လိုမျိုး သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းကိုတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၅ ရက်အတွင်း ထည့်သွင်းနိုင်ပါတယ်။ ဒီလို သားအိမ်တွင်းထည့်သားဆက်ခြားနည်းလမ်းကတော့ နှစ်အတိုင်းအတာတစ်ခုထိ ကိုယ်ဝန်တားထားချင်တဲ့ အိမ်ထောင်သည်တွေအတွက် ပိုအဆင်ပြေတဲ့ နည်းလမ်းဖြစ်ပါတယ်။

အစွမ်းထိရောက်မှုနှုန်း

Lydia ရဲ့ 1Safe Pill လိုမျိုး အရေးပေါ်သားဆက်ခြားသောက်ဆေးတွေကတော့ ကိုယ်ဝန်တားပေးနိုင်စွမ်းက ၇၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းထိ ရှိပေမယ့် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး အမြန်ဆုံးသောက်နိုင်လေ ကိုယ်ဝန်တားပေးနိုင်တဲ့ ရာခိုင်နှုန်းများလေ ဖြစ်ပါတယ်။ သိထားရမှာတစ်ခုက ဆေးသောက်ပြီး ၂ နာရီအတွင်း အန်မယ်ဆိုရင်တော့ နောက်တစ်လုံးချက်ချင်း ပြန်သောက်ရမှာ ဖြစ်ပါတယ်။

သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း IUD ကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နာရီ ၁၂၀ အတွင်း ထည့်သွင်းမယ်ဆိုရင်တော့ ကိုယ်ဝန်တားနိုင်စွမ်းက ၉၉ ရာခိုင်နှုန်းရှိတဲ့အတွက် စိတ်အချရဆုံးနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။ အမျိုးသမီးတစ်ယောက်က IUD ထည့်သွင်းပြီးတာနဲ့ သက်တမ်း ၅ နှစ်ကနေ ၁၀ နှစ်အထိ ကိုယ်ဝန်ဆက်တားထားလို့ရသလို ကိုယ်ဝန်နှစ်ရှည်တားဖို့ စိတ်ကူးမရှိတော့တဲ့ အချိန်ကျရင်လဲ IUD ကို ထုတ်ပြီး တခြားသားဆက်ခြားနည်းလမ်း အသုံးပြုတာပဲဖြစ်ဖြစ်၊ ကလေးတန်းယူတာပဲဖြစ်ဖြစ် အဆင်ပြေပြေလုပ်လို့ ရနိုင်ပါတယ်။

သတိပြုရန်

အရေးပေါ်သားဆက်ခြားသောက်ဆေးဖြစ်တဲ့အတွက် မတော်တဆ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့ အခြေအနေမျိုးမှာပဲ သောက်သုံးသင့်ပြီး တစ်လကို ၄ ကြိမ်ထက်ပိုပြီး သောက်သုံးဖို့ မသင့်ပါဘူး။ အရေးပေါ်သားဆက်ခြားသောက်ဆေးကို ခဏခဏ အသုံးပြုမိမယ်ဆိုရင်တော့ ရာသီစက်ဝန်းမမှန်တာတွေ၊ အချိန်ကြာလာတာနဲ့အမျှ ကိုယ်ဝန်တားနိုင်စွမ်း လျော့ကျပြီး သားအိမ်ပြင်ပမှာ သန္ဓေတည်တာမျိုးတွေတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ပုံမှန်လိင်ကိစ္စတစ်ခုရှိနေတဲ့ သူတွေဆိုရင်တော့ အရေးပေါ်ဆေးကို ခဏခဏ မသုံးဘဲ ကိုယ်နဲ့ကိုက်ညီမယ့် သားဆက်ခြားနည်းလမ်းတစ်မျိုးမျိုးကို ရွေးချယ်သင့်ပါတယ်။

သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း IUD ကိုတော့ မိန်းမကိုယ်ကနေ မူမမှန်သွေးဆင်းလေ့ရှိတဲ့ အမျိုးသမီးတွေ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ခံစားနေရတဲ့ အမျိုးသမီးတွေ ထည့်သွင်းဖို့ မသင့်တော်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *