,

အဝလွန်တာက သားဆက်ခြားနည်းတွေရဲ့ထိရောက်မှုအပေါ် တစ်စုံတစ်ရာသက်ရောက်ပါသလား။

Posted by

သားဆက်ခြားတာ၊ ကိုယ်အလေးချိန်တိုးလာတာတွေနဲ့ပတ်သတ်ပြီး သားဆက်ခြားနည်းလမ်းတွေရဲ့ သက်ရောက်မှုပုံစံက တစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ ကိုယ်အလေးချိန်အရမ်းများတာနဲ့ အဝလွန်တာ တွေ၊ ပြီးတော့အဝလွန်တာက လူတွေရဲ့ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလဲ ဆိုတာတွေဟာ လူပြောများနေတဲ့ကိစ္စတွေပါ။ ခန္ဓာကိုယ်ဝလာတာဟာ သားဆက်ခြားနည်းတွေ နဲ့ဆိုင်ပါသလား။ သတင်းကောင်း ကိုအရင်ပြောပါရစေ။ သားအိမ်တွင်း ထည့်ပစ္စည်း၊လက်မောင်းတွင်း ထိုးသွင်း သားဆက်ခြားကိရိယာ နဲ့ ကွန်ဒုံးသုံးတာတွေဟာ အလေးချိန်တိုးလာတဲ့ သတင်းဆိုးအနေနဲ့ အရေးပေါ် သားဆက်ခြားသောက်ဆေးတွေကတော့ ကိုယ်အလေးချိန်ကို တကယ်တက်လာစေ ပါတယ်။ သာမန်အသုံးပြုနေကြတဲ့ သားဆက်ခြား သောက်ဆေးတွေက ကိုယ်အလေးချိန်တိုးလာစေသလား ဆိုတာကိုတော့ ကျွန်မတို့ သေချာမသိပါဘူး။ ဒါကြောင့် ကိုယ်ဝန်မဆောင်ချင်တဲ့အဝလွန်အမျိုးသမီးတွေ သူတို့အတွက် အထိရောက်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကိုအသုံးပြုတာဟာ အရေးကြီးပါတယ်။ လက်မောင်းတွင်းထိုး သွင်း သားဆက်ခြားကိရိယာ ထည့်သွင်းတာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း(IUD )ထည့်သွင်းအသုံးပြုတာကတော့ အထိရောက်ဆုံးပါပဲ။ တကယ်လို့ သင်ကဒီသန္ဓေတားနည်းသုံးတာနဲ့ ကိုယ်အလေးချိန်တက်လာတတ်သလားဆိုတဲ့ အကြောင်းအရာကို စိတ်ဝင်စားတယ်ဆိုရင် သင့်ကျန်းမာရေး စောင့်ရှောက်သူထံက ကျန်းမာရေးထောာက်ခံချက်ကို သီးသန့် တောင်းခံသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *