ယေဘူယျအားဖြင့်
- အရေးပေါ်သားဆက်ခြားဆေး (EC)နဲ့ သားအိမ်တွင်းထည့်ပစ္စည်း IUD တွေက အကာအကွယ်မဲ့ဆက်ဆံပြီး မျိုးအောင်နိုင်တဲ့အခွင့်အလမ်း လျှော့ကျအောင် ပြုလုပ်ပေးပါတယ်။
- အရေးပေါ်ဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံမှု (ဥပမာ – အဓ္ဓမကျင်ခံရခြင်း၊ ချစ်နယ်ကျွံခြင်း၊ အိမ်ထောင်သည်များ သားဆက်ခြားနည်းလမ်းတစ်ခုခုကို လွဲမှားသွာအသုံးပြုမိခြင်း၊ အတူနေပြီး မည်သည့်သားဆက်ခြားနည်းလမ်းမှ မသုံးမိခြင်း) စတဲ့အခြေအနေတွေမှာ သုံးသင့်ပါတယ်။
- အကာအကွယ်မဲ့လိင်ဆက်ဆံပြီး (၅)ရက်ကြာတဲ့အထိ သုံးလို့ရပါတယ်။
- အရေးပေါ်သောက်ဆေးတွေဟာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။
- အရေးပေါ်သောက်ဆေးတွေဟာ တခြားသားဆက်ခြားနည်းတွေလောက် ထိရောက်မူမရှိပါဘူး။
- အရေးပေါ်သောက်ဆေးကို အကာအကွယ်မဲ့ဆက်ဆံပြီး ၇၂ နာရီအတွင်းသောက်ပါက ၈၈ ရာခိုင်နှုန်းအထက် ထိရောက်ပါတယ်။
- ကြေးနီ IUD ကို အကာအကွယ်မဲ့ဆက်ဆံပြီး ၁၂၀ နာရီအတွင်း ထည့်သွင်းပါက ၉၉.၉ ရာခိုင်နှုန်းထိရောက်မှုရှိပါတယ်။
အရေးပေါ်သားဆက်ခြားဆေး(EC)ဆိုတာဘာလဲ။
အရေးပေါ်သားဆက်ခြားဆေးတွေကို အကာအကွယ်မဲ့လိင်ဆက်ဆံအပြီး ရက်အနည်းငယ်တွင်းသောက်ပါက ပိုထိရောက်ပါတယ်။ ဒီနည်းကို တခြား သားဆက်ခြား နည်းတွေ အလုပ်မဖြစ်မှ(ဒါမှမဟုတ်) မမျှော်လင့်ဘဲ အကာအကွယ်မဲ့လိင်ဆက်ဆံမိတဲ့အခါမှ သုံးသင့်ပါတယ်။ အောက်ပါအခြေအနေတွေမှာအသုံးပြုမိနိုင်ပါတယ်။
- အတူနေပြီး မည်သည့်ျဆက်ခြားနည်းကိုမှ မသုံးမိတဲ့အခါ၊
- သားဆက်ခြားဆေးတွေသောက်ဖို့မေ့သွားတဲ့အခါ (ဒါမှမဟုတ်) ကွန်ဒုံးသုံးဖို့ မေ့သွားတဲ့အခါ၊
- သင့်အဖော်ရဲ့ကွန်ဒုံးပေါက်ပြဲ (ဒါမှမဟုတ်) ချော်ထွက်သွားတဲ့အခါ၊
- သင့်အဖော် အချိန်မီမဆွဲထုတ်နိုင်တဲ့အခါ၊
- ယောနိလမ်းကြောင်းကို အကာအကွယ်မဲ့ လိင်ဆက်ဆံဖို့ တွန်းအားပေးခံရတဲ့အခါ။
- အရေးပေါ်သားဆက်ခြားဆေး(EC)တွေဟာ ကိုယ်ဝန်ရှိမသွားဖို့ တားဆီးပေးပါတယ်။ အဲ့ဒါကို ပုံမှန်သုံးတဲ့သားဆက်ခြားနည်းအနေနဲ့ မသုံးသင့်ဘဲ အရန်အစီအစဉ်အနေနဲ့သာ သုံးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ တစ်လုံး ဒါမှမဟုတ် နှစ်လုံးသောက်ရတဲ့ ဆေးတွေရောရှိပါတယ်။ အရေးပေါ်သားဆက်ခြားဆေးတွေကို အကာအကွယ်မဲ့လိင်ဆက်ဆံအပြီး ငါးရက်[နာရီ(၁၂၀)]အထိ သုံးလို့ရပါတယ်။ ဒါပေမယ့် စောစောသောက်လေ ပိုထိ ရောက်လေ ပါပဲ။အရေးပေါ်သား ဆက်ခြားနည်းအဖြစ်သုံးနိုင်တဲ့ နောက်ထပ်နည်းတစ်ခုကတော့ ကြေးနီဖြင့်ပြုလုပ်ထားသော သားအိမ်တွင်းထည့်ပစ္စည်းပါ။ ကြေးနီ IUDကို အကာအကွယ်မဲ့လိင်ဆက်ဆံအပြီး နာရီ(၁၂၀) ငါးရက်အတွင်း ဆရာဝန်နဲ့ထည့်သွင်းရင် အရေးပေါ်သားဆက်ခြားနည်းအဖြစ်သုံးနိုင်ပါတယ်။ ထည့်သွင်းပြီးငါးရက်အကြာမှာတင် (၉၉)ရာခိုင်နှုန်းထိရောက်မှုရှိပြီး အဲ့ဒါကို သန္ဓေတားနည်းအဖြစ် (၁၀)နှစ်အထိ သင်ဆန္ဒရှိသလောက် ဆက်လက်ထည့်သွင်းထားနိုင်ပါတယ်။ ဒီနည်းက အရေးပေါ် သားဆက်ခြားနည်းတွေထဲမှာ ထိရောက်မှုအရှိဆုံးပါပဲ။ IUD က တခြားနည်းလမ်းတွေ ထက်ဈေးပိုကြီးပေမယ့် အလွန်ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းအနေနဲ့ နှစ်ပေါင်းများစွာ ထည့်သွင်းထားနိုင်တာကြောင့် တွက်ချေကိုက်ပါတယ်။ IUD သုံးတာနဲ့ပတ်သတ်ပြီးစိတ်ဝင်စားရင် သင့်ကျန်းမာရေးအတိုင်ပင်ခံနဲ့ တိုင်ပင်ကြည့်ပါ။
ဘယ်လိုလုပ်ဆောင်တာပါလဲ။
လိင်ဆက်ဆံပြီးပြီးချင်း ကိုယ်ဝန်ရှိသွားတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ရှိမသွားခင် ကိုယ်ဝန်ကို တားဆီးဖို့ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံအပြီး (၇)ရက်လောက်အကြာမှ သုတ်ကောင်နဲ့သားဥတို့ တွေ့ဆုံကြတာပါ။ အရေးပေါ်သောက် ဆေးတွေဟာ ကိုယ်ဝန်ရှိမလာအောင်တားဆီးဖို့ သုတ်ကောင်နဲ့သားဥမတွေ့ဆုံအောင် လုပ်ဆောင်ပေးပါတယ်။
အရေးပေါ်သားဆက်ခြားဆေးတွေဟာ သားဥတွေ မမျိုးဥအိမ်ကနေခွာထွက်ပြီး မျိုးပွားနိုင်စေဖို့ သားအိမ်ဆီမသွားနိုင်အောင် တားဆီးပေးတဲ့ ပရိုဂျက်စတင်ဟော်မုန်းပမာဏအများအပြားကို ထုတ်လွှတ်ပေးပြီး ကိုယ်ဝန်ရှိမလာအောင်တားဆီးပေးတာဖြစ်ပါတယ်။ ဒီဟော်မုန်းတွေဟာ တခြားဟော်မုန်းပါတဲ့ ဆက်ခြားနည်းမှာပါတဲ့ ဟော်မုန်းတွေပဲဖြစ်ပြီး အရေးပေါ်သားဆက်ခြားသောက်ဆေးမှာတော့ ပါဝင်မှု ပမာဏပိုများပါတယ်။
အရေးပေါ်သားဆက်ခြားသောက်ဆေးရဲ့ ထိရောက်မှုက အကာအကွယ်မဲ့ဆက်ဆံပြီး ဘယ်လောက်စောစောသောက်ခဲ့သလည်း၊ အသုံးပြုသူအမျိုးသမီး၏ ရာသီစက်ဝန်းရဲ့ ဘယ်အဆင့်မှာ သောက်ခဲ့တယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ မမျိုးဥကြွေမယ့်ရက်နဲ့ နီးကပ်တဲ့အချိန်မှာ သောက်ခဲ့ရင်တော့ ဆေးရဲ့ထိရောက်မှုလျှော့နည်းနိုင်ပါတယ်။ ဒါကြောင့် အရေးပေါ်သားဆက်ခြားသောက်ဆေးရဲ့ ထိရောက်မှုကို တသတ်မတ်ထဲ ပြောလို့ မရနိုင်တာပါ။ အကယ်၍ မမျိုးဥကြွေနေတဲ့အချိန်ဖြစ်ပြီး ၇၂ နာရီအတွင်း သောက်ခဲ့ရင်တောင်မှ ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အလမ်းများနေတုန်းပါပဲ။ ဒါက ဘာဖြစ်လို့လည်းဆိုတော့ သားဥအိမ်ကနေ သားဥက ကြွေပြီးဖြစ်နေလို့ပါ။ ဒါကြောင့် ပုံမှန်သားဆက်ခြားနည်းတွေအဖြစ်အသုံးပြုလိုသူတွေအတွက် ကွန်ဒုံးနဲ့ နေ့စဉ်သောက်ဆေးတွေကို အကြံပြုထောက်ခံခြင်းပဲဖြစ်ပါတယ်။
သားအိမ်ထဲထည့်ရတဲ့ ကြေးနီ IUD တွေက သုက်ပိုးတွေကို သေစေနိုင်တဲ့အတွက် အရေးပေါ်သားဆက်ခြားနည်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။ အကာအကွယ်မဲ့ဆက်ဆံအပြီး ၅ ရက်လောက်အကြာမှာ သုက်ပိုးတွေနဲ့ မမျိုးဥတို့ မတွေ့ဆုံနိုင်အောင် တားဆီးပေးပါတယ်။
ဘယ်လိုအသုံးပြုရမလည်း။
အရေးပေါ်သားဆက်ခြားသောက်ဆေးကို အကာအကွယ်မဲ့ဆက်ဆံအပြီး စောနိုင်သမျှစောပြီး သောက်ပါ။ အကာအကွယ်မဲ့ဆက်ဆံပြီး နာရီ ၁၂၀ (၅ ရက်) အတွင်းသောက်ရန် လိုအပ်ပြီး စောစောသောက်လေ အာနိသင်ပိုလေဖြစ်ပါတယ်။ ဆေးတစ်လုံးတည်းပါတဲ့ အမှတ်တံဆိပ်ရှိသလို နှစ်လုံးပါတာလည်း ရှိပါတယ်။ တစ်လုံးတစ်တည်းပါတဲ့ဆေးဆိုရင်တော့ အတူနေပြီးတာနဲ့ စောနိုင်သမျှ စောသောက်ဖို့လိုအပ်ပါတယ်။ ၂ လုံးသောက်ရတဲ့ဆေးတွေမှာတော့ တစ်လုံးနဲ့ တစ်လုံး ၁၂ နာရီခြားပြီး သောက်ရမယ်လို ညွှန်းဆိုတာ ပါပါလိမ့်မယ်။ ဒါပေမယ့် တချို့သောသုတေသနတွေကတော့ နှစ်လုံးစလုံးပြိုင်တူသောက်တာက ပိုစိတ်ချရပြီး ထိရောက်တယ်လို့ ဆိုထားပါတယ်။ အကယ်၍ ဆေးကို ၂ နာရီအတွင်း ပြန်အန်တယ်ဆိုရင် အသစ်ထပ်သောက်ဖို့ လိုအပ်ပါလိမ့်မယ်။ အရေးပေါ်သားဆက်ခြားသောက်ဆေး သောက်ခဲ့ရင် နောက်ရာသီစက်ဝန်းမှာ မူမမှန်သွေးဆင်းခဲ့တယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။
ဓမ္မတာလာချိန်ဟာ ပုံမှန်ထက်နောက်ကျတတ်သလို၊ စောလည်းစောတတ်ပါတယ်။
ပမာဏအနေနဲ့တော့ ပုံမှန်ထက် ပိုများတာ၊ နည်းတာ၊ တစ်စက်နှစ်စက်စွန်းရုံ (သို့) ပုံမှန်အတိုင်း သွေးဆင်းနိုင်ပါတယ်။
အရေးပေါ်သားဆက်ခြားသောက်ဆေးသောက်ခြင်းဖြင့် မူးဝေခြင်း၊ အောအန်လိုခြင်းများ ခံစားရနိုင်ပါတယ်။
တကယ်လို့ အကာအကွယ်မဲ့လိင်ဆက်ဆံအပြီး (၅) ရက်အတွင်း IUD ထည့်သွင်းရင် ကိုယ်ဝန်ရှိလာနိုင်ချေကို (၉၉.၉) ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ ဒီလိုထည့်သွင်းဖို့အတွက် ဆရာဝန်တစ်ဦးနဲ့ ချိန်းဆိုထားဖို့လိုပါလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆရာဝန်အချိူ့ကတော့ ရာသီသွေးမဆင်းတဲ့ တခြားအချိန်တွေမှာ ထည့်သွင်းမပေးတတ်ပါဘူး။
အယူအဆအလွဲအများစု
အရေးပေါ်သားဆက်ခြားသောက်ဆေးတွေက ကိုယ်ဝန်ပျက်မကျစေပါဘူး။ ရှိနေတဲ့ကိုယ်ဝန်ကိုလည်း မည်သည့် အကျိုးသက်ရောက်မှုမှ မရှိပါ။
အရေးပေါ်သားဆက်ခြားသောက်ဆေးကို အရေးပေါ်အခြေအနေမှသာ သုံးသင့်ပါတယ်။ တစ်လကို ဘယ်နှကြိမ်သာ သုံးသင့်လည်းဆိုတာကို သုတေသနပြုလုပ်ထားခြင်းမရှိတဲ့အတွက် အိမ်ထောင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပုံမှန်ဆက်ဆံမှုရှိနေတယ်ဆိုရင်တော့ ပိုပြီးထိရောက်မှုရှိတဲ့ တခြားသောသားဆက်ခြားနည်းလမ်းကို စဉ်းစားရွေးချယ်သင့်ပါတယ်။
အကာအကွယ်မဲ့၊ စီစဉ်မထားဘဲ ထင်မှတ်မထားဘဲ ဆက်ဆံမိခဲ့ပြီး ကိုယ်ဝန်ရှိမလာအောင် တားဆီးနိုင်ပါတယ်။
ဘာမှမလုပ်တာထက်စာရင်တော့ အရံအတားတစ်ခုဖြစ်စေပါတယ်။
အသုံးပြုရလွယ်ကူပါတယ်။
ဆေးဆိုင်တိုင်းလိုလိုမှာ ဝယ်ယူရရှိနိုင်ပါတယ်။
IUD ဟာ (၉၉.၉) ရာခိုင်နှုန်းထိရောက်မှုရှိပြီး (၅) နှစ်ကနေ (၁၀) နှစ်အထိအသုံးပြုလို့ရပါတယ်။
အရေးပေါ်သားဆက်ခြားဆေးများ
အစာအိမ်ကို မသက်မသာဖြစ်စေပြီး အော့အန်စေတတ်ပါတယ်။
ရင်သားနာကျင်ခြင်း၊ မူမမှန်သွေးဆင်းခြင်း၊ ခေါင်းမူးခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေ(ရေတို) ဖြစ်ပွားစေပါတယ်။ ရာသီစက်ဝန်းနဲ့ ပတ်သက်လို့ ခဏတာပြောင်းလဲတွေဖြစ်နိုင်ပါတယ်။
ကြေးနီ IUD
IUD ကတော့ ထည့်သွင်းပြီးတာနဲ့ နာကျင်ကိုက်ခဲစေပါတယ်
ရာသီသွေးပိုဆင်းစေပြီး ဓမ္မတာလာချိန် ပိုမိုကြာစေပါတယ်။
ထည့်သွင်းဖို့အတွက် ဆရာဝန်နဲ့ ချိန်းဆိုရပါတယ်။
Lydia 1Safe Pill
Lydia 1SafePill သည် အမျိုးသမီးများအတွက် အရေးပေါ်သားဆက်ခြားဆေးဝါး ဖြစ်ပါပြီး ပုံမှန်သားဆက်ခြားသောက်ဆေး သောက်ရန်ပျက်ကွက်တာ၊ လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲသွားတာ စသဖြင့် ကိုယ်ဝန်ရရှိသွားစေနိုင်သော အခြေအနေတွင် သောက်သုံးနိုင်သော သန္ဓေတားဆေးဖြစ်ပါသည်။ ယင်းဆေးပြားကို ပုံမှန် သားဆက်ခြားသောက်ဆေးအနေဖြင့် အသုံးပြုရန် မသင့်ပါ။ အဖြူရောင်ဆေးပြားဝိုင်း တစ်လုံးတွင် Levonorgestrel ၁.၅ မီလီဂရမ်ပါရှိပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်သုံးပါက ၈၉% အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။
Leave a Reply