, , ,

အမျိုးသမီးသုံးကွန်ဒုံး

Posted by

ယေဘူယျအားဖြင့်

သုတ်ကောင်စုဖို့ မိန်းမကိုယ်ထဲ ထည့်သွင်းရတဲ့ အိတ်
လိင်မှ တဆင့်ကူးစက်နိုင်တဲ့ ရောဂါများ ကာကွယ်ပေးခြင်း
သုံးရလွယ်ပြီး စွန့်ပစ်ဖို့ လွယ်ပါတယ်။
စျေးနှုန်းသက်သာပါတယ်
အမျိုးသားသုံး ကွန်ဒုံးလိုပဲ တစ်ခါသုံးဖြစ်ပါတယ်
နည်းစနစ်မှန်ကန်စွာသုံးရင် ၉၅% အကျိုးသက်ရောက်မှုရှိပြီး ပုံမှန်သုံးလျှင် ၇၉ % ထိရောက်မှုရှိပါတယ်။

အမျိုးသမီးသုံးကွန်ဒုံးဆိုတာဘာလဲ?

အမျိုးသမီးသုံးကွန်ဒုံးဆိုတာ လိင်ဆက်ဆံနေစဉ် သုတ်ကောင်တွေ စုဆောင်းပြီး ကိုယ်ဝန်ရှိတာကို ကာကွယ်ဖို့နဲ့ လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ အတွက် အမျိုးသမီးရဲ့ မိန်းမကိုယ်တွင်းမှာ အံဝင်ခွင်ကျဖြစ်အောင်ထည့်သွင်းထားတဲ့ polyurethane နဲ့လုပ်ထားတဲ့အိတ်ငယ်တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးကွန်ဒုံးဟ နှစ်ဖက်စလုံးမှာ သေးငယ်တဲ့ ပလတ်စတစ်အစွပ်လေး ၂ ခု ပါတဲ့အိတ်ငယ်နဲ့ တူပါတယ်။ တစ်ခုကယောနိလမ်းကြောင်း ထဲမှာအံဝင်ခွင်ကျဖြစ်အောင်လုပ်ထားပြီး ကျန်တစ်ခုကအပြင်မှာ အံဝင်ခွင်ကျဖြစ်အောင်လုပ်ထားပါတယ်။ အစွပ်တွေဟာ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးနေရာတကျဖြစ်အောင် လုပ်ပေးပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးတွေဟာ ကိုယ်ဝန်ရှိတာကာကွယ်ဖို့နဲ့ လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး အမျိုးသမီးတွေအတွက် လိင်မှုရေးရာကျန်းမာရေးကို ထိန်းချုပ်ပေးနိုင်ပါတယ်။ လိင်မဆက်ဆံခင် ကွန်ဒုံးကို ၈ နာရီကျော်ကြာ ထည့်ထားနိုင်ပြီး ကာမစိတ်အမြင့်ဆုံးရောက်ရှိနေချိန်မှာလည်း မိမိအဖော်ကိုကွန်ဒုံးဝတ်ဆင်ဖို့ တောင်းဆိုစရာမလိုပါဘူး။

တစ်ကြိမ်တည်းမှာ အမျိုးသားသုံးကွန်ဒုံးနဲ့ အတူအမျိုးသမီးသုံးကွန်ဒုံးကို တွဲသုံးခြင်းက လိင်ဆက်ဆံတာကို ပိုမိုဘေးကင်းလုံခြုံစေမှာမဟုတ်ဘဲ ပွတ်မှုအားဖြစ်စေပြီး ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်။ အချိန်တိုင်းမှန်မှန်ကန်ကန်သုံးစွဲပါက အမျိုးသမီးသုံးကွန်ဒုံးဟာ ၉၅% အကျိုးသက်ရောက်မှုရှိပါတယ်။ ညွှန်ကြားတဲ့အတိုင်းမသုံးရင်တော့ ၇၉% အကျိုးသက်ရောက်မှု ရှိပါတယ်။

ဘယ်လိုလုပ်ဆောင်ပေးလဲ?

အမျိုးသမီးသုံးကွန်ဒုံးတွေဟာ မိန်းမကိုယ်အတွင်းကို ဖုံးကာပေးပြီးကိုယ်ဝန်ရှိတာ ကိုကာကွယ်ပေးပါတယ်။ အမျိုးသားကသုတ်ရည်စွန့်ထုတ်တဲ့ အခါ အမျိုးသမီးသုံး ကွန်ဒုံးဟာသုတ်ရည်ကို စုဆောင်းပေးပါတယ်။ မိန်းမကိုယ်ထဲကို သုတ်ကောင်ဝင်ရောက်ခြင်း မှကာကွယ်ပေးပြီး ဖိုမျိုးစေ့ဟာသားဥနဲ့ မပေါင်းစပ်ရင်တော့ ကိုယ်ဝန်မဆောင်နိုင်ပါဘူး။

မိန်းမကိုယ်ထဲကို ဖုံးကာထားပြီး သုတ်ရည်အပြင်ထွက်လာအောင် ကာကွယ်ပေးထားတာကြောင့် ကွန်ဒုံးတွေဟာ လိင်ဆက်ဆံရာက ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေရဲ့ ဆိုးကျိုးကို လျှော့ချပေးပါတယ်။

ဘယ်လိုသုံးရမလဲ?

အမျိုးသမီးသုံးကွန်ဒုံးတွေ ဟာတကယ်သုံးရလွယ်ကူပြီး သုံးလေ့သုံးထရှိဖို့ လေ့ကျင့်ယူရပါမယ်။ အမျိုးသမီးကွန်ဒုံးတစ်ခုတည်းသာ အဓိကသုံးနေတယ်ဆိုရင်တော့ လိင်ဆက်ဆံတဲ့ အကြိမ်အရေတွက်တိုင်းမှာ အသစ်တစ်ခု ပြောင်းသုံးဖို့ လိုပြီး အဟောင်းကို ဘယ်နည်းနဲ့မှ ပြန်အသုံးပြုလို့ မရပါဘူး။ အမျိုးသမီးသုံးကွန်ဒုံးမသုံးခင် သက်တမ်းကုန်ဆုံးရက်နဲ့ ကွန်ဒုံးအထုပ်ငယ်ကို သေချာထုပ်ပိုးထားမထားစစ်ဆေးပါ။

အမျိုးသမီးသုံးကွန်ဒုံးတွေကိုဘယ်လိုထည့်သွင်းအသုံးပြုရမလဲ?

၁။ တစ်ဖက်ပိတ်ကွန်ဒုံး အပြင်ဘက်မှာ ချောဆီအနည်းငယ် ထည့်ပေးပါ။
၂။ သက်သောင့်သက်သာနဲ့ ကြွက်သားတွေကို ဖြေလျော့ပါ။
၃။ တစ်ဖက်ပိတ်ထားတဲ့အစွပ်ရဲ့ အနားတွေကို အင်္ဂလိပ်အက္ခရာ 8 ပုံစံ ညှစ်ကြည့်ပြီး မိမိလက်ချောင်းနဲ့ မိန်းမကိုယ်ထဲကို ထည့်သွင်းပါ။
၄။ မိန်းမကိုယ်ရဲ့ သားအိမ်ခေါင်းထဲ ရောက်တဲ့အထိ အစွပ်ကို တွန်းထုတ်ပေးပါ။
၅။ လက်ချောင်းကိုဆွဲထုတ်ပြီး မိန်းမကိုယ်အပြင်ဘ က်တစ်လက်မလောက်အပြင်ဘက် အစွပ်ကိုထားပါ။ ရယ်စရာကောင်းပေမယ့် အဲဒီလိုလုပ်တာဟာ ဘေးကင်းစိတ်ချရပါတယ်။

အမျိုးသမီးသုံးကွန်ဒုံးကို ဘယ်လိုဖယ်ထုတ်ရမလဲ?

၁။ အပြင်ဘက်ကွင်းအစွပ်ကို ညှစ်ပြီးအလုံပိတ်အိတ်ကြီးလိုမျိုး လိမ်ရစ်လိုက်ပါက သုတ်ရည်တွေ အပြင်မထွက်နိုင်တော့ပါ။
၂။ ညင်ညင်သာသာနဲ့ ကွန်ဒုံးကို အပြင်ဆွဲထုတ်ပါ။
၃။အမှိုက်ပုံးထဲစွန့်ပစ်ပါ။ ကလေးသူငယ်၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးတဲ့နေရာမှာထားတာက ပိုကောင်းပါတယ်။ သန့်စင်ခန်းထဲ မပစ်ချပါနဲ့။

အယူအဆလွဲအများစု

အသုံးပြုတဲ့နေရာမှာ အခက်အခဲမရှိပါပင်မယ့် မှန်မှန်ကန်ကန်သုံးစွဲတတ်ဖို့ လေ့လာသင်ယူရန် လိုအပ်ပါတယ်။
အမျိုးသမီးကွန်ဒုံးတွေက မိန်းမကိုယ်ထဲမှာ ပျောက်မသွားနိုင်ပါဘူး။

ရော်ဘာမသုံးထားတဲ့အတွက်ကြောင့် ရော်ဘာနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် ဘေးကင်းစိတ်ချရပါတယ်။
ဟော်မုန်းမပါ။
လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
အပြင်ဘက်အစွပ်ဟာ အမျိုးသမီးရဲ့ လိင်စေ့ကိုလှုံ့ဆော်ပေးတာကြောင့် လိင်ဆက်ဆံရာမှာပိုပြီး စိတ်ကျေနပ်မှု ရရှိစေပါတယ်။
ဆေးညွှန်းစာ မလိုအပ်ပါဘူး။
ဆီအခြေခံထုတ်ထားတဲ့ချောဆီနဲ့ ရေအခြေခံထုတ်ထားတဲ့ ချောဆီနှစ်မျိုးစလုံးကို သုံးနိုင်ပါတယ်။
မိမိအဖော်လိင်အင်္ဂါ မတောင့်တင်းတော့ရင်တောင် ကွန်ဒုံးနေရာတကျရှိပါတယ်။

သုံးနေစဉ်အသံထွက်စေပါတယ်။
တစ်ကြိမ်မှာ အသစ်တစ်ခုသာသုံးရပါမယ်။
ယားယံတာ တွေဖြစ်စေပါတယ်။
ကွန်ဒုံးထည့်ထားတာ ဟာလှည့်စားထားသလို ထင်ယောင်ထင်မှား ဖြစ်နိုင်ပါတယ်။
လိင်ဆက်ဆံနေစဉ် ရယ်စရာကောင်းပါတယ်။
အမျိုးသားသုံးကွန်ဒုံးတွေလောက် ကျယ်ကျယ်ပြန့်ပြန့်တွင်တွင်ကျယ်ကျယ် မရနိုင်ပါဘူး။