အမျိုးသမီးတွေပြီးမြောက်ဖို့အတွက် သင်သိထားသင့်တဲ့ အချက် (၅) ချက်

Posted by

ဒီကိစ္စကို ကျွန်တော်တို့ အားလုံး အကျယ်တဝင့်ဆွေးနွေးကြတာတွေလည်း မရှိကြပါဘူး။ အခုဖော်ပြသွားမှာကတော့ သင့်အမျိုးသမီးအဖော် ကာမသုခရရှိစေဖို့ အကူအညီပေးနိုင်တဲ့ အချက် (၅) ချက်ပဲ ဖြစ်ပါတယ်။

(၁) မိန်းမအင်္ဂါစေ့ကို လှုံဆော်ပေးပါ။

မိန်းမအင်္ဂါစေ့ဆိုတာ သေးငယ်တဲ့အဖူးပုံစံရှိပြီး အမျိုူသမီးအင်္ဂါပေါက်နားမှာရှိတဲ့ အမျိုးသမီးအင်္ဂါနှုတ်ခမ်းနှစ်ခု ကြားမှာ ရှိပါတယ်။ (ပိုသိလိုလျှင် ဒီမှာနှိပ်ပါ) ကာမစိတ်ကြွနေတဲ့အချိန်မှာ အမျိုးသားရဲ့ လိင်တံက ထောင်မတ်လာသလိုမျိုး မိန်းမအင်္ဂါစေ့က ဖောင်းလာပါတယ်။ အမျိုးသမီးအင်္ဂါစေ့က ထောင်ပေါင်းများစွာသော နာဗ်ကြောတွေနဲ့ အဆုံးသတ်ထားတာဖြစ်တဲ့အတွက် အလွန်ပဲ ထိရှလွယ်ပြီး ကာမသုခခံစားဖို့ကလွဲလို့ တခြား လုပ်ငန်းမရှိပါဘူး။
အမျိုးသမီးအင်္ဂါစေ့ကို လက်ဖြင့်သေ်ာလည်းကောင်း ပါးစပ်ဖြစ်သော်လည်းကောင်း အခြားခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့်သော်လည်းကောင်း လှုံ့ဆော်ဖို့ နည်းလမ်းအများကြီး ရှိပါတယ်။ အမျိုးသမီးအင်္ဂါစေ့ကို လှုံ့ဆော်ပေးခြင်းက ကာမဆန္ဒနှိုးကြွလာစေပြီး အလွယ်တကူပြီးမြောက်စေပါတယ်။
အများစုက ထိုးသွင်းဆက်ဆံချိန်အတွင်း အမျိုးသမီးအင်္ဂါစေ့ကို လှုံ့ဆော်ပေးခြင်းမရှိတဲ့အတွက် အမျိုးသမီးအများစုက သာယာပြီးမြောက်မှုကို မခံစားရကြဘူးလို့ သုတေသနလေ့လာသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျားမ ကာမဆက်ယှက်မှုအတွက် အင်္ဂါစေ့လှုံ့ဆော်မှုက အရေးကြီးကြောင်း သိထားဖို့ လိုအပ်ပါတယ်။ အင်္ဂါစေ့လှုံ့ဆော်မှုက ကာမစိတ်နှိုးကြွမှုအမြင့်ဆုံး ဖြစ်တာမှန်ပေမယ့် ကာမနှိုးကြွမှုဖြစ်စေတဲ့ တခြားအစိတ်အပိုင်းတွေ ရှိပါသေးတယ်။ ဒါကြောင့် တခြားအစိတ်အပိုင်းတွေကိုလည်း ပစ်ပျယ်ထားလို့တော့ မရပါဘူး။

(၂) အရည်ထွက်တာနဲ့ ပြီးမြောက်တာက မတူပါဘူး။

အမျိုးသားတွေအတွက် ပြီးမြောက်တာနဲ့ တပြိုက်နက် သုတ်လွှတ်တဲ့အတွက် အထွတ်အထိပ်ရောက်တဲ့ အချိန်ကို အလွယ်တကူသိနိုင်ပါတယ်။ အမျိုးသမီးအများစုကတော့ အရည်မထွက်ဘဲ ပြီးမြောက်တတ်ကြပါတယ်။ ဒါကြောင့် အရည်ထွက်တာကို ကြည့်ပြီး ကာမသုခအထွတ်အထိပ်ရောက်မရောက် မသိနိုင်ပါဘူး။ ဒါဆိုရင် အမျိုးသမီးတွေ ကာမဆန္ဒပြည့်ဝသွားတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုလက္ခဏာတွေ ဖြစ်လာသလဲ ကြည့်ရအောင်။
အမျိုးသမီးတွေ ကာမစိတ်အထွတ်အထိပ်ရောက်တဲ့အခါ တင်ပါးနဲ့ အမျိုးသမီးအင်္ဂါနားတဝိုက်မှာ ရှိတဲ့ ကြွက်သားနဲ့ နာဗ်ကြောတွေက ကြုံခြင်းဆန်းခြင်းတွေ ဖြစ်လာပါတယ်။ ပြီးမြောက်တဲ့အခါကျရင်တော့ သားအိမ်၊ စအိုနဲ့ ယောနိလမ်းကြောင်းတွေအားလုံး တပြိုက်နက် တိုတောင်းတဲ့ကျုံ့ဆန့်ခြင်း ဆက်တိုက်ဖြစ်ပေါ်ပါတယ်။ တခြားခန္ဓာကိုယ်မှာ ရှိတဲ့ အလိုလျှောက်ကြွက်သားတွေက ကျုံ့ဆန့်ခြင်း ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ပြီး ကာမစိတ်ပြီးမြောက်ခြင်းရှိမရှိကို ကြွက်သားလှုပ်ရှားမှုတွေကို ကြည့်ပြီး သိနိုင်ပါတယ်။

(၃) အမျိုးသမီးအားလုံးနီးပါးက ကာမစိတ်ပြီးမြောက်မှု ရနိုင်ပါတယ်။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွေက တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပင်မယ့် အမျိုးသမီးအားလုံးနည်းပါကတော့ ကာမစိတ်ပြီးမြောက်မှု ရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် – ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းနဲ့ ကာမစိတ်ပြီးမြောက်နိုင်ဖို့အတွက် အမျိုးသားတွေထက် အမျိုးသမီးတွေက အချိန်ပိုကြာတတ်တဲ့အတွက် အမျိုးသမီးတွေက အထွတ်အထိပ်မရောက်ကြဘူးလို အများစုက ထင်နေကြပါတယ်။ ဒါကတကယ်တော့ မမှန်ကန်ပါဘူး။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ကာမစိတ်နှိုးဆွနိုင်တဲ့နည်းတွေ သိထားဖို့ အရေးကြီးပါတယ်။ အမျိုးသမီးတွေပြီး မြောက်ဖို့က အမျိုးသားတွေအပေါ်မှာသာ မူတည်နေတာမျိုးတော့မဟုတ်ပါဘူး။ ကိုယ့်ခံစားမှုတွေကို ကိုယ်တိုင်နားလည်ထားဖို့ လိုအပ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံကို ရွေးချယ်ပါ။

(၄) ဦးနှောက်ရဲ့ လှုံ့ဆော်မှုက အားအပြင်းဆုံးဖြစ်ပါတယ်။

ကာမစိတ်အထွတ်အထိပ်ရောက်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာခံစားချက် သက်သက်မဟုတ်ပါဘူး။ ဒါက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်ခု ချိတ်ဆက်နေတာဖြစ်ပါတယ်။ စိတ်ဖိစည်းမှုတွေ ရှိနေရင် လိင်စိတ်နည်းနေနိုင်ပြီး ပြီးမြောက်ဖို့အတွက် ဦးနှောက်ကနေ အတားအဆီးဖြစ်နေနိုင်ပါတယ်။ အမျိုးသမီးအများစုက ကာမဆက်ယှက်နေစဉ် စိုးရိမ်စိတ်နဲ့ ရှက်စိတ်တွေဖြစ်ပေါ်နေနိုင်တာကြောင့် စိတ်ကသိကအောက်ဖြစ်နေနိုင်ပြီး ကာမစိတ်နှိုးကြွပြီး အထွတ်အထိပ်ရောက်ဖို့ အဟန့်အတားဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကြောင့် ရှက်ရွံ့စိုးရိမ်စိတ်တွေ မဖြစ်စေဖို့ အရေးကြီးပါတယ်။ စိတ်ထဲမှာဖြစ်နေတဲ့အပေါ်မူတည်ပြီး ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။

(၅) အထွတ်အထိပ်ရောက်တဲ့ခံစားချက်တွေအားလုံးက မတူညီတတ်ကြပါဘူး။

ကာမအထွတ်အထိပ်ပြီးမြောက်စိတ်တွေတစ်ခုနဲ့တစ်ခုက အမျီုးသမီးတစ်ယောက်တည်းအတွက်တောင် မတူညီကြပါဘူး။ တစ်ခါတစ်လေမှာ ဒီစိတ်တွေက အရမ်းပြင်းထန်နေနိုင်ပြီး တစ်ခါတစ်လေမှာ သိတောင်မသိလိုက်တဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ကာမအထွတ်အထိပ်ရောက်တဲ့ ခံစားချက်တွေအားလုံးက မတူညီနိုင်ကြပါဘူး။ ဒါက လိင်အမျိုးအစား၊ ခန္ဓာကိုယ်အချိုးအဆစ်နဲ့ ဆက်ဆံပုံအနေအထားတွေပေါ်မှာလည်း မူတည်နေတာမျိုးမဟုတ်ပါဘူး။
အမျိုးသမီးတွေအတွက် ပိုကောင်းတဲ့ခံစားချက်ရစေဖို့ လုပ်နိုင်တာတွေရှိပါတယ်။ တကိုယ်ရည်အာသာဖြေခြင်းနဲ့ ကာမဆက်ဆံခြင်းမှာ အတွေ့အကြုံများလာတာနဲ့အမျှ ကိုယ်နဲ့အဆင်ပြေတဲ့ပုံစံ၊ သာယာပျော်ရွှင်မှု ပိုရစေတဲ့အရာနဲ့ သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို ပိုပြီး နားလည်လာနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့တစ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု တိုးစေနိုင်တဲ့ ကျွမ်းဝင်တဲ့ဆက်ဆံရေးပါပဲ။ ဒါကြောင့် ကိုယ့်အဖော်နဲ့ စကားများများပြောဖို့လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *