အထိရောက်ဆုံး ကိုယ်ဝန်တားနည်း (၃)နည်း

Posted by

ဒဂျိဒဂျိ လုပ်ချင်တယ် ဒါပေမယ့် ကိုယ်ဝန်မရချင်ဘူး၊ ကလေးမယူချင်သေးဘူးဆို ဘယ်ကိုယ်ဝန်တားနည်းကို သုံးသင့်လဲ ဆိုတာ စဉ်းစားမိကြမှာပါ။ ကိုယ်ဝန်တားနည်း (၃)နည်း ရှိပါတယ်။ မလိုအပ်သေးဘဲ ကိုယ်ဝန်မရချင်ဘူး ဆိုရင်တော့ ဒီနည်းတွေကို စနစ်တကျ အသုံးပြုဖို့ လိုပါလိမ့်မယ်။ အောက်မှာ ဆက်လက်လေ့လာ ကြည့်ကြရအောင်…

(၁) တစ်ခါသုံးကိုယ်ဝန်တားနည်း
ကွန်ဒုံး – ကွန်ဒုံးကို ကိုယ်ဝန်မရအောင်၊ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ မဖြစ်အောင် အသုံးပြုနိုင်ပြီး စနစ်တကျအသုံးပြုမယ်ဆိုရင် ၉၈%အထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှစ်သက်ရာ အရောင်၊ အနံ့ နဲ့ အဖုလေးတွေပါတဲ့ ဆန်းဆန်းပြားပြားပုံစံတွေနဲ့ အမျိုးအစားတွေကို ရွေးချယ်နိုင်တယ်ဆိုတာလည်း ကွန်ဒုံးရဲ့ အားသာချက်ပါ။

Lydia One safe Pill – One Safe Pill ကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သောက်သုံးတယ်ဆိုရင် ၈၉% အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီဆေးကို တကယ်အရေးပေါ်ဖြစ်တဲ့ အခြေအနေ ဥပမာ -မုဒိန်းကျင့်ခံရတဲ့ အခါမျိုးမှသာ သောက်သုံးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး မကြာခဏသုံးစွဲပါက ဆေးအာနိသင်ပမာဏ တဖြည်းဖြည်း လျော့နည်းလာတတ်ပါတယ်။

(၂) ရေတို ကိုယ်ဝန်တားနည်း
Andalan (သားဆက်ခြားထိုးဆေး) – အန်ဒလမ် တစ်ခါထိုးလျှင် ကိုယ်ဝန်မရဖို့ ၃လ (၁၃)ပတ်ကြာ တားဆီးပေးပါတယ်။
Lydia Rosa – လေဒီယာ ရိုစာကို ကိုယ်ဝန်တားဖို့နဲ့ ရာသီလာစဉ် ကိုက်ခဲခြင်း ဝေဒနာတို့ အတွက် သုံးစွဲနိုင်ပါတယ်။ တစ်ကဒ်မှာ ဆေး၂၈လုံးပါရှိပြီး ဆေးပတ်လည်အောင် သောက်သုံးတယ်ဆိုရင် ၉၉% ထိ ကာကွယ်နိုင်ပါတယ်။
Lydia Clair – လေဒီယာ ကလဲရာဆေးကို ကိုယ်ဝန်တားဖို့၊ ရာသီပုံမှန်လာဖို့နဲ့ ရာသီသွေး အဆင်းများတာတို့ အတွက် သောက်သုံးနိုင်ပါတယ်။ တစ်ကဒ်မှာ ဆေး၂၁လုံးပါရှိပြီး တိတိကျကျ သုံးစွဲလျှင် ၉၉% အာနိသင်ရှိပါတယ်။

(၃) ရေရှည် ကိုယ်ဝန်တားနည်း
IUD (သားအိမ်တွင်းထည့် သားဆက်ခြား ကိရိယာ) – Lydia IUD တွေကို Copper T၊ Copper Y နဲ့ Sleek ဆိုပြီး (၃)မျိုး ခွဲခြား ထုတ်လုပ်ထားပါတယ်။ Copper T ရဲ့ ကိုယ်ဝန်တား အာနိသင်သက်တမ်းမှာ (၁၀)နှစ်ဖြစ်ပြီး Copper Yနဲ့ Sleek တို့က (၅)နှစ် သက်တမ်းရှိကြပါတယ်။
Implanex (လက်မောင်းတွင်းထည့် သားဆက်ခြား ကိရိယာ) – Implanex သားဆက်ခြားနည်းကို အသုံးပြုရင် ၃နှစ်ကနေ ၅နှစ်ထိ သန္ဓေတားပေးပါတယ်။ ဒီတားနည်းတွေကိုတော့ နီးစပ်ရာဆေးခန်းမှာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ သန္ဓေတားနည်းအကြောင်း အပြည့်အစုံကို ဒီလင့်ခ် – https://bit.ly/2URntbX မှာ ဆက်လက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *