အကောင်းဆုံး သားဆက်ခြားနည်းလမ်းဆိုတာတော့ မရှိပါဘူး။ လူတိုင်းက မတူကြပါဘူး။အချို့ နည်းလမ်းက အခြားသူတွေထက် သင့်ရဲ့ လူနေမှုဘဝနဲ့ ကျန်းမာရေးအတွက် ကိုက်ညီပါတယ်။ နည်းလမ်းတစ်ခုစီမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေရှိပါတယ်။
ကျားမမရွေး မိဘနေရာကို ရောက်လာပြီဆိုတာနဲ့ သားဆက်ခြားခြင်းကျန်းမာရေးအသိရှိဖို့နဲ့ သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။ သားဆက်ခြားနည်းလမ်း ကိုရွေးချယ်တဲ့နေရာမှာ အလွယ်တကူမဆုံးဖြတ်ပဲ ကိုယ်နဲ့ သင့်တော်မယ်ထင်တဲ့နည်းကို စဉ်းစားရွေးချယ်ဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ သားဆက်ခြားနည်းတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။ သင့်ရွေးချယ်မှုအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ (ကျွနု်ပ်တို့ရဲ့ သားဆက်ခြားနည်းတွေကို လေ့လာဖို့ ဒီမှာ နှိပ်ပါ)
သားဆက်ခြားနည်းလမ်းကို မရွေးချယ်ခင် စဉ်းစားရမှာက
• သင့်ရဲ့ကျန်းမာရေး အခြေအနေ
• သင်ဘယ်နှကြိမ် လိင်ဆက်ဆံလဲ
• သင်လိင်ဆက်ဆံတဲ့ လိင်ဆက်ဆံဖော်အရေအတွက်
• ကိုယ်ဝန်ဆောင်တာကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုစီက ဘယ်လောက်ကောင်းအောင် ဆောင်ကျဉ်းနိုင်လည်း
• ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ
• အသုံးပြုတဲ့နည်းလမ်းကြောင့် သက်တောင့်သက်သာဖြစ်နိုင်တဲ့ အခြေအနေ
သတိပြုရမှာက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းလမ်းတောင်မှ မအောင်မြင်နိုင်ပါဘူး။ သင်လိင်ဆက်ဆံတဲ့ အချိန်တိုင်း သင်ရွေးချယ်တဲ့ နည်းလမ်းကို အမြဲ မှန်မှန်ကန်ကန် အသုံးပြုရင် ကိုယ်ဝန်ရဖို့ အခွင့်အရေး အနည်းဆုံးပါပဲ။
အကောင်းဆုံး သားဆက်ခြားနည်းလမ်းက ဘာလဲ?
Posted by
–
Leave a Reply