သုတ်လွှတ်စောခြင်းနဲ့ ပတ်သတ်လို့ စုံတွဲတိုင်း သိထားသင့်တဲ့အချက်များ

Posted by

ဒီပြသနာက အမျိုးသား တော်တော်များများ ဖြစ်လေ့ရှိပြီး ဒါကို အဆုံးသတ်ဖိ့ု နည်းလမ်းတွေ ရှိပါတယ်။ အမျိုးသား ၂၀ နဲ့ ၃၀ ရာခိုင်နှုန်းလောက်က သုတ်လွှတ်စောခြင်းကို ဘဝမှာ တစ်ခါတစ်လေတော့ ဖြစ်လေ့ရှိတယ်လို့ ဆရာဝန်တွေက သုံးသပ်ထားကြပါတယ်။

ကဲ … ဘယ်လိုအခြေအနေကို သုတ်လွှတ်စောလဲ ကြည့်ရအောင်။

သုတ်လွှတ်စောတာက လူတော်တော်များများဖြစ်လေ့ရှိပြီး ပြသနာရပ်တစ်ခုအဖြစ် ရှိနေပါတယ်။ ထိုးသွင်းဆက်ဆံခြင်း မလုပ်သေးခင်ကတည်းက သုတ်လွှတ်တာ ဒါမှမဟုတ် ထိုးသွင်းဆက်ဆံနေတုန်း စက္ကန့်ပိုင်းအတွင်းမှာ သုတ်လွှတ်တာကို ခေါ်ပါတယ်။ (ပုံမှန်ကတော့ ၅ မိနစ်ကနေ ၉ မိနစ်အတွင်း သုတ်လွှတ်ကြပါတယ်)။ ဆေးကုထုံးအခေါ်အရတော့ မိမိ ဒါမှမဟုတ် မိမိအဖော်လိုချင်တဲ့ အချိန်ထိစောင့်ပြီး သုတ်မလွှတ်နိုင်ဘဲ သူ့အလိုလိုထွက်သွားတာကို ခေါ်ပါတယ်။ တနည်းအားဖြင့် သုတ်လွှတ်မယ့်အချိန်ကို ထိန်းချုပ်မရနိုင်တာပါပဲ။

ဒါဆို ဘယ်အရာတွေက သုတ်လွှတ်စောစေလဲ။

ဒါက အတိအကျတော့ ပြောလို့မရပါဘူး။ လူအများစုက စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကြောင့်လို့ ဆိုကြပေမယ့် ဆရာဝန်တွေကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ဇီဝဗေဒဆိုင်ရာ နှစ်မျိုးလုံးနဲ့ ပတ်သက်နေတယ်လို့ ဆိုကြပါတယ်။

စိတ်ပိုင်းဆိုင်ရာအကြောင်းအရာများ

လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံနည်းတဲ့လူအများစု သုတ်လွှတ်စောနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတာ၊ မိမိခန္ဓာကိုယ် အချိုးအဆစ်ကို မကျေနပ်တာ၊ စိတ်ဓါတ်ကျနေတဲ့သူတွေနဲ့ လိင်ဆက်ဆံရာမှာ သုတ်လွှတ်စောမှာ စိုးရိမ်နေတဲ့သူတွေက သုတ်လွှတ်စောရခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအချက်တွေပဲ ဖြစ်ပါတယ်။ လိင်တံထောင်မတ်မှုကို ကြာရှည်စွာ မစွမ်းဆောင်နိုင်တဲ့သူတွေအနေနဲ့လည်း သုတ်လွှတ်စောနိုင်ပါတယ်။ တချို့အမျိုးသားတွေအနေနဲ့ မိမိရဲ့ကာမ စွမ်းဆောင်ရည်အပေါ် စိုးရိမ်ပူပန်နေတာမျိုးတွေက သုတ်လွှတ်စောခြင်းကို ဖြစ်စေနိုင်ပါတယ်။ သမီးရည်းစားဆက်ဆံရေးအဆင်မပြေမှုတွေ တခြားသော လူမှုရေးအဆင်မပြေမှုတွေကြောင့် စိတ်ဖိစီးပြီး သင့်နဲ့သင့်အဖော်လိင်ဆက်ဆံတဲ့အခါ စိတ်အလိုမကျဘဲ သုတ်လွှတ်စောနိုင်ပါတယ်။ ဒါက သင်တို့နှစ်ယောက်အကြား ဆက်ဆံရေးနဲ့လည်း သက်ဆိုင်ပါတယ်။

ဇီဝဗေဒဆိုင်ရာ အကြောင်းအရာများ

ခန္ဓာကိုယ်ထဲမှာ ဟိုမုန်းတွေ ကမောက်ကမဖြစ်တာ၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဇီဝကာမဖြစ်စဉ်တွေ ပုံမှန်မဖြစ်တာနဲ့ ကပ်ပယ်အိတ် ဒါမှမဟုတ် ဆီးလိင်ပြွန်ရောင်ယမ်းနေတဲ့ပြသနာတွေက သုတ်လွှတ်စောခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒါတွေကို ရပ်တန့်နိုင်ဖို့ သင်ဘာတွေလုပ်နိုင်သလဲ။

အလေ့အကျင့်တစ်ချို့ ပျိုးထောင်ဖို့နဲ့ လုံလောက်တဲ့ အနားယူမှုတွေ ပြုလုပ်ပေးတာတွေက ပြသနာကို ဖြေရှင်းပေးနိုင်မယ့် အဓိက အချက်တွေ ဖြစ်ပါတယ်။ တချို့အမျိုးသားတွေကတော့ ဆက်ဆံနေတဲ့အချိန်မှာ လိင်နဲ့ပတ်သက်တာတွေကို မေ့ထားပြီး အာရုံလွဲှတဲ့အနေနဲ့ အလီရွတ်တာ၊ သီချင်းဆိုတာမျိုးတွေလုပ်ပြီး သုတ်လွှတ်မစောအောင် လေ့ကျင့်ကြပါတယ်။ ဒါဆို အထောက်အကူဖြစ်စေမယ့် နည်းတချို့ကို အောက်မှာ ရေးပေးထားပါတယ်။ ဆက်ပြီးလေ့လာကြည့်ပါ။

“ရပ်ပြီးမှပြန်စ” တဲ့နည်းလမ်း

ဒီနည်းလမ်းက သုတ်လွှတ်တော့မယ်အချိန်နီးကပ်လာတာနဲ့ ဆက်ဆံတာ ကာမဆိုင်ရာ ကိစ္စရပ်တွေကို စက္ကန့်သုံးဆယ်လောက် နားလိုက်ပြီးမှ ပြန်စတာပဲ ဖြစ်ပါတယ်။ သုတ်လွှတ်ချင်တဲ့အချိန်မရောက်မချင်း ယခုပုံစုံကို ထပ်တလဲလဲဆောင်ရွက်ပါ။

ညှစ်ထားတဲ့နည်းလမ်း

ဒါကတော့ သုတ်လွှတ်တော့မယ်လို့ ထင်တာနဲ့ လိင်တံအရင်ကို မိမိအဖော် ဒါမှမဟုတ် မိမိကိုယ်တိုင် လက်နဲ့ ညှစ်ထားတာပါ။ ဒီလိုညှစ်ပြီး ထိုးသွင်းဆက်ဆံတာကို စက္ကန့် ၃၀ လောက်နားလိုက်ပါ။ ပြီးမှပြန်စပါ။ ကိုယ်လိုချင်တဲ့အချိန်ထိ ယခုနည်းလမ်းကို ထပ်တလဲလဲလုပ်နိုင်ပါတယ်။

ကွန်ဒုံသုံးခြင်း

ကွန်ဒုံးသုံးတာက အထိအတွေ့ကို လျှော့စေတဲ့အတွက် သုတ်လွှတ်စောတာကနေ ကာကွယ်နိုင်ပါတယ်။ နောက်ပြီး သုတ်လွှတ်စောခြင်းကနေ ကာကွယ်ဖို့ တီထွင်ထားတဲ့ ဘန်ဇိုကိန်းပါတဲ့ ကွန်ဒုံးတွေ အများကြီး ဈေးကွက်ထဲမှာ ရှိပါတယ်။ ဥပမာ – Kiss Mojo control

မှတ်ရန်

ယခုရေးသားဖော်ပြထားတဲ့အချက်တွေက သုတ်လွှတ်စောခြင်းမှ ကာကွယ်နိုင်ဖို့ ခြုံငုံရေးသားထားခြင်းဖြစ်ပြီး ဒါက လုံးဝပျောက်ကင်းအောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုယ်တိုင် ဒါမှမဟုတ် သူငယ်ချင်းထဲမှာ သုတ်လွှတ်စောတာနဲ့ပတ်သတ်လို့ ကြာရှည်စွာခံစားနေရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ပျောက်ကင်းအောင် ကုသနည်းတွေ အများကြီးရှိပြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *