ယေဘူယျအားဖြင့်
သုက်ကောင်များမိန်းမကိုယ်ထဲသို့ဝင်ရောက်ခြင်းမှရှောင်ကြဉ်ရန်သုတ်ရည်မထုတ်ခင် လိင်တံကိုရုပ်သိမ်းထားရပါမယ်။
စနစ်ကျကျအသုံးပြုပါက ၇၃% သက်ရောက်မှုရှိပြီးပြည့်စုံစွာအသုံးပြုပါက ၉၆% အကျိုးသက်ရောက်မှုရှိပါတယ်။
အချိန်တိုင်းပြီးပြည့်စုံစွာလုပ်ဆောင်ရန်ခက်ခဲပါတယ်။
လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါ။
ဟော်မုန်းမပါ၊ပစ္စည်းကိရိယာမပါဝင်ပါ။
အခမဲ့
သုက်ရည်ပြင်ပထုတ်လွှတ်နည်းဆိုတာဘာလဲ
သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုဒီကစုံတွဲတွေအရမ်းသုံးကြပါတယ်။လိင်ဆက်ဆံနေစဉ်အမျိုးသားသည်အမျိုးသမီးမိန်းမကိုယ်နဲ့ဝေးရာပြင်ပမှာသုက်ရည်စွန့်ထုတ်ဖို့ကြိုးစားလိမ့်မယ်။သုက်ကောင်က သားဥနဲ့မတွေ့တော့သန္ဓေအောင်ခြင်းကတားဆီးပြီးသားဖြစ်သွားပါတယ်။
ဒီနည်းကိုစနစ်ကျကျအသုံးပြုပါကအရမ်းထိရောက်မှုမရှိပါ။တစ်နှစ်မှာစုံတွဲ၁ဝဝမှာ၂၇ယောက်လောက်ကကိုယ်ဝန်ရနိုင်ပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကလုပ်ဖို့အလွန်ခက်ခဲပြီးအချိန်တိုင်းမှန်မှန် ကန်ကန်လုပ်ရင်အမျိုးသမီး၁ဝဝမှာ၄ယောက်က တစ်နှစ်မှာကိုယ်ဝန်ရနိုင်ပါတယ်။
သုက်ရည်ပြင်ပထုတ်လွှတ်နည်းသည်မိန်းမကိုယ်တွင်းသို့သုက်ကောင်များဝင်ရောက်ခြင်းကို ထိန်းပေးခြင်းဖြင့်ကိုယ်ဝန်ဆောင်မှုကိုကာကွယ်ပေးပါတယ်။ဆိုလိုတာကမိန်းမကိုယ်ထဲမှာသုက်ကောင်တွေမကျန်တာကိုပြောတာပါ။သုက်ကောင်မရှိရင်ကိုယ်ဝန်မရှိနိုင်ပါဘူး။
ကိုယ့်ကိုယ်ကိုချုပ်ထိန်းနိုင်အတွေ့အကြုံရှိပြီးယုံကြည်မှုရှိတဲ့စုံတွဲတွေဟာသုက်ရည်ပြင်ပ ထုတ်လွှတ်နည်းကိုပိုမိုထိရောက်စွာအသုံးပြုကြပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုအသုံးပြုတဲ့အမျိုုးသားတွေကသုက်ရည်ထုတ်တာကြာကြာမရပ်ဆိုင်းတဲ့အခါကာမစိတ်ကြွနေတဲ့အခါမျိုးတွေကိုသိရပါမယ်။သင့်အနေနဲ့ဒီလိုအချိန်တွေကိုတိတိကျကျမခန့်မှန်းနိုင်ရင်သုက်ရည်ပြင်ပထုတ်လွှတ်နည်းကထိရောက်မှုမရှိပါ။
အမျိုးသားအနေနဲ့အချိန်မီသုက်ရည်အပြင်ထုတ်ရင်တောင်မှကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။အချို့ ပညာရှင်တွေကကိုယ်ဝန်ရှိလာဖို့သုက်ရည်မထွက်မီအရည်ကြည်များကြိုထွက်ခြင်းကအရင်သုက်ရည် စွန့်ထုတ်ခြင်းမှကျန်နေတဲ့သုက်ကောင်တွေကိုသယ်ဆောင်နိုင်ပါတယ်။အမျိုးသားကနောက်တစ်ကြိမ်လိင်မဆက်ဆံခင်သုက်ရည်ထုတ်ပြီးကြားမှာဆီးသွားရင်ဆီးလမ်းကြောင်းမှာရှိတဲ့သုက်ကောင်ကိုရှင်းလင်းပေးပြီးသုက်ရည်ပြင်ပထုတ်လွှတ်ခြင်းရဲ့အကျိုးသက်ရောက်မှုကိုတိုးမြှင့်စေပါတယ်။
သုက်ရည်ပြင်ပထုတ်လွှတ်နည်းကလိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ် နိုင်တာကိုမှတ်သားထားပါ။ရောဂါပိုးကူးစက်ခြင်းကိုယ်ဝန်ဆောင်ခြင်းရဲ့ဆိုးကျိုးတွေကိုလျော့ချရန် latexကွန်ဒုံး(သို့မဟုတ်)အမျိုးသမီးသုံးကွန်ဒုံးကိုအသုံးပြုပါ။
သုက်ရည်ပြင်ပထုတ်လွှတ်နည်းကအမျိုးသားတစ်ယောက်ရဲ့ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းပေါ်အပြည့်အဝမူတည်နေပါတယ်။သုက်ရည်မထုတ်ခင်သုက်ရည်ကိုပြင်ပစွန့်ထုတ်ပြီးမိန်းမအင်္ဂါစပ်မှဝေးရာမှာသုက်ရည်ကိုသေချာစွန့်ထုတ်ရပါမယ်။ဒါကြောင့်အမျိုးသားအနေနဲ့သူ့ရဲ့လိင်တုံ့ပြန်မှုပုံစံကိုနားလည်ဖို့တစ် ကယ်အရေးကြီးပါတယ်။ဒါပေမဲ့လက်တွေ့မှာဘာဖြစ်နိုင်မလဲ။အမျိုးသားကသူ့ရဲ့တုံ့ပြန်မှုကိုမှားပြီး တွက်ချက်မိရင်ဘာဖြစ်မလဲ။နှစ်ဦးစလုံးကကာမစိတ်ကြွနေတဲ့အချိန်ဘာမှမသိပဲမျက်ခြည်ပြတ်သွားရင်ဘာဖြစ်မလဲ။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုသုံးတဲ့အခါဘာဖြစ်လာမလဲဆိုတဲ့မေးခွန်းတွေအများ ကြီးရှိပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကဘာနည်းလမ်းမှမသုံးတာထက်တော့ပိုကောင်းပါတယ်။ဒါပေမဲ့ကိုယ်ဝန်မရဖို့အရမ်းပြင်းထန်နေရင်ဒါကအရမ်းစွန့်စားရာရောက်ပါတယ်။
လွတ်လွတ်လပ်လပ်ရှိပါတယ်။
အပြည့်အဝလုပ်ဆောင်မှသာလျှင်ထိရောက်မှုရှိပါတယ်။
စိတ်ချယုံကြည်လို့မရပါဘူး။
ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းအများကြီးလိုအပ်ပါတယ်။
လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါ။
အတွေ့အကြုံမရှိသေးတဲ့လူပျိုဆိုရင်အချိန်တိုင်းအကောင်းမွန်ဆုံးဖြစ်အောင်စွမ်းဆောင်ဖို့ ခက်ခဲပါတယ်။
Leave a Reply