ယေဘူယျအားဖြင့်

သုံးလထိ ကာကွယ်ပေးပါတယ်။
ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တဲ့ဆရာဝန်တွေလိုအပ်ပါတယ်။
အသုံးပြုရန် လွယ်ကူပါတယ်။
ဖြစ်လေ့ဖြစ်ထရှိတဲ့ဘေးထွက်ဆိုးကျိုးမှာ ပုံမှန်မဟုတ်တဲ့သွေးဆင်းတာမျိုး ပုံမှန်မဟုတ်ဓမ္မတာ သွေးဆင်းတာမျိုးနဲ့ ခန္ဓာကိုယ်အလေးချိန် တိုးလာတာတွေပါဝင်တယ်။
အမြဲတမ်းအချိန်ကိုက်သုံးမယ်ဆို ၉၉% အကျိုးထိရောက်မှုရှိပါတယ်။

 

သန္ဓေတားထိုးဆေးဆိုတာဘာလဲ။

ဒတ်ပို လို့သိတဲ့ ထိုးဆေးတွေဟာ ကျွမ်းကျင်တဲ့ဆရာဝန်တွေ ထိုးပေးတဲ့ဆေးဖြစ်ပြီး ပရိုဂျက်စတင်ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ တခါထိုးတာနဲ့ ကလေးမွေးဖွားမှုထိန်းချုပ်တာဟာ ၃ လ (၁၃ ပတ်) ထိခံပြီး မိမိအနေနဲ့ ဘာမှလုပ်စရာမလိုပါဘူး။ တချို့အမျိုးသမီးတွေကတော့ ဆေးထိုးအပ်တွေ ကြောက်တာကြောင့် ထိုးဆေးမထိုးကြပါဘူး။ ဒါပေမဲ့မလိုချင်သေးတဲ့ ကိုယ်ဝန်ရတာနဲ့ နှိုင်းယှဉ်ရင်တော့ အပ်ပေါက်ရာ အသေးလေးပါပဲ။

လစဉ်ဓမ္မတာမလာတော့တာက အန္တရယ်မဖြစ်စေသလို ခန္ဓာကိုယ်ထဲမှာလည်း သွေးတွေအောင်းနေတာမျိုးမဟုတ်ပါဘူး။
အမျိုးသမီးတွေကို သားမြုံစေတယ်ဆိုတာ မဟုတ်ပါဘူး။
ထိုးဆေးက ကိုယ်ဝန်ပြန်ဆောင်နိုင်ဖို့ အချိန်ယူတယ်ဆိုပင်မယ့် ထိရောက်စွာသုံးစွဲဖို့လိုတာကြောင်း ၃ လ (၁၃ ပတ်) ပြည့်တာနဲ့ ပြန်ထိုးဖို့ အရေးကြီးပါတယ်။
ကိုယ်ဝန်ရှိနေခဲ့ပြီး ထိုးဆေးသုံးမိခဲ့ရင်လည်း အန္တရယ်မဖြစ်စေပါဘူး။

ပရိုဂျက်စတင်ဟော်မုန်းတွေ ထုတ်လွှတ်ပေးတဲ့ထိုးဆေးဟာ ၃ လထိခံပါတယ်။ ထိုးဆေးထိုးတာကြောင့် သားအိမ်ခေါင်းက အချွဲအကျိတွေဟာ သန္ဓေအောင်ဖို့ ဖိုမျိုးစေ့တွေကို သားဥတွေနဲ့ တွေ့ဆုံခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။ သန္ဓေမျိုးအောင်ရင်တောင် သားဥတွေသားအိမ်နံရံမှာ စွဲကပ်အောင်လုပ်ဖို့ ခဲယဉ်းပြီး ကိုယ်ဝန်ဆောင်တာကို ကာကွယ်ပေးပါတယ်။

သန္ဓေတားထိုးဆေးသုံးဖို့ အလုပ်မရှုပ်ပါဘူး။ ပြသနေတဲ့ဆရာဝန်ဆီ ပုံမှန်ရက်ချိန်းလုပ်ပြီးသွားပါ။ ဆေးခန်းသွားပြီး သန္ဓေတားဆေးထိုးနိုင်ပါတယ်။ ၃ လတိုင်း နောက်တကြိမ်ထိုးဆေးထိုးရပါမယ်။ လွယ်ကူပါတယ်။ တားဆေးထိုးပြီးချင်း ကာကွယ်နိုင်ရန် ဓမ္မတာခွင်အချိန်ကိုက် ဖြစ်အောင်လုပ်ဖို့နဲ့ ဆရာဝန်ဆီမှာ ထိုးဆေးထိုးဖို့ တိုင်ပင်ဆွေးနွေးရပါမယ်။ ဓမ္မတာလာနေစဉ် တားဆေးထိုးပါက ချက်ချင်းအကျိုးထိရောက်မှုရှိပါတယ် ။ဓမ္မတာမလာတဲ့အချိန်မှာ ထိုးရင်လည်း အကျိုးထိရောက်မှုရှိဖို့ ၁ ပတ်လောက် အချိန်ယူရပါတယ်။ အချိန်မှန်မှန်ထိုးဖြစ်ဖို့ အရေးကြီးပါတယ်။ ဒုတိယအကြိမ်ထိုးရမယ့်ရက်ချိန်းထက် ၄ ပတ်နောက်ကျနေခဲ့ပြီး အကာအကွယ်မဲ့ ဆက်ဆံမှုရှိတယ်ဆိုရင်တော့ ကိုယ်ဝန်ရှိမရှိစစ်ဆေးပြီးမှာသာ ထပ်မံထိုးသင့်ပါတယ်။

သုံးရလွယ်ကူပါတယ်။
လိင်ဆက်ဆံတာကိုအနှောင့်အယှက်မဖြစ်စေပါဘူး။
ကိုယ်ပိုင်သီးသန့်စီရှိပါတယ်။မပြောရင်ဘယ်သူမှမသိပါဘူး။
မွေးဖွားနှုန်းကိုထိန်းပေးလို့နေ့တိုင်းစိတ်ပူစရာမလိုပါဘူး။
ဓမ္မတာလာချိန်ပိုတိုတောင်းပြီးသွေးဆင်းတာလည်းပိုပြီးနည်းသွားပါတယ်။ဓမ္မတာမလာတာလည်းရှိပါတယ်။
မွေးဖွားမှုကိုထိန်းချုပ်ပေးတာဟာတကြိမ်မှာ၃လထိသာခံပါတယ်။
အီစတိုဂျင်မသောက်တဲ့အမျိုးသမီးတွေလည်းသုံးနိုင်ပါတယ်။
အချိန်ကိုက်တားဆေးထိုးရင်ကိုယ်ဝန်ရှိတာကိုကာကွယ်တာကြောင့်အကျိုးထိရောက်မှုရှိပါတယ်။
နို့တိုက်နေစဉ်အတောအတွင်းသုံးရင်လည်းဘေးကင်းစိတ်ချရပါတယ်။

ဘေးထွက်ဆိုးကျိုးတွေကို ပူပန်တာကတော့ပုံမှန်ပါပဲ။ ဒါပေမဲ့ အမျိုးသမီးအများစုအတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကို တွေ့ကြုံဖူးရင်တော့ အချိန်ကာလကြာရင်ပျောက်ကင်းသွားပါတယ်။ ခန္ဓာကိုယ်ထဲ ဟော်မုန်းတွေရောက်သွားတာနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်ယူရပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေကတော့

ပုံမှန်မဟုတ်တဲ့ဓမ္မတာသွေးဆင်းခြင်းအထူးသဖြင့်ပထမ ၆ လ-၁၂ လထိ (ဓမ္မတာလာတာ အချိန်ပိုကြာပြီး သွေးဆင်းတာပိုများနိုင်သလို ဓမ္မတာလုံးဝရပ်ဆိုင်းသွားတာမျိုးလည်း ရှိနိုင်ပါတယ်။
အစာစားချင်စိတ်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အလေးချိန်တိုးလာပါတယ်။ (တချို့အမျိုးသမီးတွေက အလေးချိန်မတိုးပေမဲ့ တချို့ကတော့ ပထမနှစ်မှာ ၅ ပေါင်လောက် အလေးချိန်တိုးတာဟာ ဖြစ်လေ့ဖြစ်ထရှိတာပါပဲ။
၁၃ ပတ်ပြည့်တိုင်း ဆေးခန်းသွားရပါမယ်။
ဆေးဖြတ်ပြီး ကိုယ်ဝန်ပြန်ဆောင်နိုင်ဖို့ လအနည်းငယ်စောင့်ရတတ်ပါတယ်။
ဖြစ်လေ့ဖြစ်ထနည်းတဲ့ဘေးထွက်ဆိုးကျိုးများ

လိင်စိတ်နိုးကြားမှုပြောင်းလဲခြင်း
စိတ်ကျခြင်း
မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်မှာအမွှေးအမျှင်ကျွတ်ခြင်း
ခေါင်းကိုက်ခြင်း
မူးဝေအော့အန်ခြင်း
ရင်သားနာကျင်ခြင်း
ထိုးဆေးအသုံးပြုလို့ ဘေးထွက်ဆိုးကျိုးတွေခံစားလာရရင်တော့ ရပ်တန့်ဖို့ နည်းလမ်းမရှိပါဘူး။ အကယ်၍ ထိုးဆေးကို နှစ်ကြိမ်လောက် အသုံးပြုပြီး သက်သောင့်သက်သာမဖြစ်ဘူးဆိုရင်တော့ တခြားနည်းလမ်းပြောင်းသုံးဖို့ စဉ်းစားသင့်ပါတယ်။

Andalan

အန်ဒလမ်သည် သန္ဓေတားဆေးအဖြစ် (၃) လခံသားဆက်ခြားထိုးဆေးဖြစ်သည်။ အန်ဒလမ်ကို သားဆက်ခြားသောက်ဆေး (သို့) IUD အစား အသုံးပြုလို့လည်းရသည်။ တစ်ခါထိုးပြီးလျှင် ၃လသန္ဓေတားနိုင်စွမ်းရှိပြီး သားဆက်ပုံမှန်ခြားလိုပါက ၃လပြည့်တိုင်း နောက်တစ်ခါထပ်ထိုးပေးရသည်။
ဆေး ၁ ဘူးတွင် Medroxyprogesterone Acetate 150 mg/ 3ml ပါရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *