ပထမဆုံးသုံးမယ်သူအတွက် ယုံတမ်းတွေအကြား အမှန်အမှား ခွဲဖို့ ခက်ခဲနေနိုင်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါးမှာတော့ သားဆက်ခြားသောက်ဆေးတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အတွေ့များတဲ့ နားလည်မှုအလွဲ ယုံတမ်းအမှားလေးကို ဖော်ပြပေးလိုက်ပါတယ်။
ယုံတမ်း (၁) သားဆက်ခြားသောက်ဆေးတွေသုံးရင် ကိုယ်အလေးချိန်တိုးမယ်
ခေတ်ပေါ်သားဆက်ခြားသောက်ဆေးတွေကို သုံးတာက ကိုယ်အလေးချိန်အပေါ် သက်ရောက်မှု မရှိဘူးလို့ စစ်တမ်းများက ဆိုထားပါတယ်။ နောက်ပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကိုယ်အလေးချိန်တိုးလာတယ်ဆိုတဲ့ အချက်က မှားယွင်း ခေတ်နောက်ကျနေပါပြီ။ ဘာဖြစ်လို့ ဒီလိုမှားယွင်းစွာ နားလည်နေကြသလဲဆိုတာကို လေ့လာကြည့်ရင်တော့ ယခင်နှစ်များစွာတုန်းက ထုတ်လုပ်တဲ့ ဖော်မြူလာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခေတ်ပေါ်ဆေးတွေနဲ့ ယှဉ်ရင် ယခင်က သားဆက်ခြားသောက်ဆေးတွေမှာ ဟိုမုန်းပါဝင်မှု ပမာဏများပြီး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ် သက်ရောက်မှု ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုကတော့ အမျိုးသမီးတွေက အသက်အရွယ်ရလာတာနဲ့အမျှ သဘာဝအလျှောက် တစ်နှစ်ကို ပျမ်းမျှ ၁-၂ ပေါင်လောက် အလေးချိန်းတိုးတတ်တယ်ဆိုတဲ့ အချက်ပါ။ သုတေသနပြုလုပ်မှုတွေအရ သားဆက်ခြားသောက်ဆေးသုံးတဲ့သူနဲ့ မသုံးတဲ့သူအကြား ကိုယ်အလေးချိန်ပြောင်းလဲမှု တစ်စုံတစ်ရာ ကွာခြားမှု မရှိဘူးလို့ ဆိုကြပါတယ်။ မည်သို့ပင်ဖြစ်စေ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီနိုင်တဲ့အတွက် သားဆက်ခြားနည်းလမ်းတစ်ခုခုက သင့်အတွက် အနှောက်အယှက်ဖြစ်စရာတစ်ခု ဖြစ်နေတယ်ဆိုရင် တခြားနည်းလမ်းပြောင်းသုံးဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ယုံတမ်း (၂) သားဆက်ခြားဆေးသုံးရင် ကင်ဆာဖြစ်စေနိုင်တယ်။
ဒါက နားလည်မှု အကြီးကြီးလွဲနေတဲ့အချက်ပါ။ ဟိုမုန်းပါတဲ့ သားဆက်ခြားဆေးသုံးဖို့ စဉ်းစားနေတဲ့သူတွေအတွက် ကြီးမားတဲ့ စိုးရိမ်းမှုဖြစ်သွားနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဒါက လွဲမှားတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ သားဆက်ခြားသောက်ဆေးတွေက ကင်ဆာမဖြစ်နိုင်တဲ့အပြင် တချို့သော ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။ သားဆက်ခြားသောက်ဆေးတွေက ရင်သားကင်ဆာကိုမဖြစ်စေနိုင်တဲ့အပြင် တခြားသော သားအိမ်ကင်ဆာ၊ သားဥပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ သောက်ဆေးနဲ့ ကင်ဆာပတ်သက်မှုအကြောင် ပိုသိလိုလျှင်ဒီမှာနှိပ်ပါ။
ယုံတမ်း (၃) သားဆက်ခြားသောက်ဆေးသုံးရင် သားမြုံတတ်တယ်။
ဒါကလည်း လွဲမှားနေတဲ့အချက်ဖြစ်ပါတယ်။ သုတေသနပြုလုပ်ထားတဲ့ ရလဒ်တွေအရ သားဆက်ခြားဆေးတွေက မျိုးဆက်ပွားနိုင်မှုအပေါ် သက်ရောက်မှု မရှိနိုင်ဘူးဆိုတာပါပဲ။ မည်သို့ပင်ဖြစ်စေ ဟိုမုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေကို နှစ်ရှည်လများ သုံးခဲ့ဖူးတယ်ဆိုရင်တော့ မိမိမျိုးပွားစနစ်ကို ပုံမှန်ပြန်ရဖို့ အချိန်တစ်ခုပြန်စောင့်ရတတ်ပါတယ်။ ဒါကြောင့် တချိုု့လူတွေက ဆေးဖြတ်ပြီး ကလေးချက်ခြင်းပြန်ရနိုင်သလို အချိန်တစ်ခုစောင့်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် သားဆက်ခြားသောက်ဆေးဖြတ်ပြီး ၃၂ ရက်အတွင်း ရာသီပြန်လာပြီး ကိုယ်ဝန်ဆောင်နိုင်ပါတယ်။
ယုံတမ်း (၄) သားဆက်ခြားသောက်ဆေးတွေက ကိုယ်ဝန်ပျက်ကျနိုင်တယ်။
တချို့ထင်နေတဲ့ အယူအဆမှားတစ်ခုကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက သားဆက်ခြားဆေးကို သုံးမိရင်ကိုယ်ဝန်ရနိုင်တယ်ဆိုတာပါ။ ဒါကြောင့် တချို့အမျိုးသမီးတွေက အရေးပေါ်ဆေးကို ကိုယ်ဝန်ဖျက်ချတဲ့ နေရာမှာ သုံးနေကြတာဖြစ်ပါတယ်။ တကယ်တော့ သားဆက်ခြားသောက်ဆေးတွေက ကိုယ်ဝန်ပျက်မကျစေသလို လွယ်ထားတဲ့ ကိုယ်ဝန်အပေါ်မှာလည်း သက်ရောက်မှု မရှိနိုင်ပါဘူး။
Ref: https://www.bedsider.org/features/1028-5-myths-about-the-pill-busted
Leave a Reply