,

သားဆက်ခြားနည်းတွေက ကျွန်မကို ဝလာစေမှာလား။

Posted by

တကယ်လို့ ဝလာမှာစိုးရိမ်နေတယ်ဆိုရင် သားဆက်ခြားနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုး တချို့က စိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။ သင့်အချစ်ဆုံးသူငယ်ချင်းက သူ့ရဲ့ညီမဝမ်းကွဲ သားဆက်ခြားနည်းတွေသုံးပြီး နောက်ပိုင်းဝလာတယ်ပြောလို့ သားဆက်ခြားဆေးသောက်တာကို ရပ်လိုက်ဖူးပါသလား။ ကျွန်မတို့ ဒီလိုဇာတ်လမ်းတွေကို မရေတွက်နိုင်လောက်အောင် ကြားခဲ့ဖူးပါ တယ်။ ဟော်မုန်းဆိုင်ရာ သားဆက်ခြားနည်းတွေက ဘေးထွက်ဆိုးကျိုးတွေရှိတာကို ကျွန်မတို့ မငြင်းပါဘူး။ ဒါပေမဲ့ အဲ့ဒီဘေးထွက်ဆိုးကျိုးတွေက သင်ထင်ထားသလောက်မဆိုးပါဘူး။ သင်တို့မှာ သားဆက်ခြားတာနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံဆိုးတွေကို တွေ့ကြုံခံစားရဖူးတဲ့ ညီအစ်မဝမ်းကွဲတွေ ရှိကောင်းရှိကြမှာပါ။ ဒါပေမဲ့ အဲ့ဒီလိုအတွေ့အကြုံဆိုးတွေက သားဆက်ခြားနည်းသုံးတိုင်း မလွဲမသွေကြုံရတဲ့အရာတွေမဟုတ်ပါဘူး။ ခြွင်းချက်တွေပါ။ အောက်မှာ သားဆက်ခြားတာနဲ့ ဝလာတာ တွေရဲ့ အကြောင်းအရင်း ၂ချက်ကို ပြောပြထားပါတယ်။

(၁)သားဆက်ခြားဆေး သောက်တဲ့အမျိုးသမီးတွေဟာ သားဆက်ခြားနည်းမသုံးတဲ့ အမျိုးသမီးတွေထက် ဝမလာကြပါဘူး။ လေ့လာဆန်းစစ်မှုတွေ အကြိမ်ကြိမ်အခါခါပြုလုပ်တဲ့အခါ အကြိမ်တိုင်းမှာ သားဆက်ခြားဆေးတွေဟာ သုံးစွဲတဲ့အမျိုးသမီးတွေကို ဝမလာစေပါဘူးဆိုတဲ့ရလဒ် တစ်ခုတည်းပဲ ထွက်လာပါတယ်။ အမှန်တော့ သားဆက်ခြားနည်းတိုင်းက သုံးစွဲသူကို ဝမလာစေ ပါဘူး။ ။ တကယ်လို့ သင်ကဝလာမှာအရမ်းစိုးရိမ်နေတယ်ဆိုရင် ဝလာနိုင်ချေကိုလျော့နည်းစေတဲ့ သားဆက်ခြားသောက်ဆေးကို သုံးစွဲနိုင်ပါတယ်။

(၂)သားဆက်ခြားဆေးထိုးတာက တချို့အမျိုးသမီးတွေကိုတော့ ဝလာစေနိုင်ပါတယ်။ အမျိုးသမီး(၄)ပုံ(၁)ပုံကတော့ သားဆက်ခြားဆေးထိုးပြီးတဲ့အခါ ဝလာတတ်ကြပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ သန္ဓေတားဆေးထိုးတဲ့ အမျိုးသမီး(၄)ယောက်မှာ (၁)ယောက်ဟာ သားဆက်ခြားဆေးထိုးပြီး(၆)လအတွင်း ဆေးထိုးကာစမှာရှိခဲ့တဲ့ ကိုယ်အလေးချိန်ထက် (၅)ရာခိုင်နှုန်းလောက် အလေးချိန်တက်လာတတ်ကြပါတယ်။ ဒါပေမဲ့ သားဆက်ခြားဆေးထိုးထားတဲ့ အမျိုးသမီးအများစုက ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ပြီး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရင်း(ကျွန်မတို့အားလုံးလုပ်သင့်တဲ့အရာတွေလုပ်ပြီး) ကိုယ် အလေးချိန်ထိန်း နိုင်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *