, ,

သားဆက်ခြားနည်းတွေကြောင့် ဓမ္မတာမမှန်တာ (ဒါမှမဟုတ်) ဓမ္မတာမလာတော့တာဟာ ဆိုးပါသလား။

Posted by

ဓမ္မတာပုံမှန်မလာတာ (ဒါမှမဟုတ်) ဓမ္မတာရပ်သွားတာ တာတွေဟာ အန္တရာယ်မရှိသလိုဆိုးကျိုးလည်းမရှိပါဘူး။သားဆက်ခြားနည်းသုံးနေတဲ့အတောအတွင်း ဓမ္မတာမများတော့တာ၊ ပုံမှန်မလာတော့တာ (ဒါမှမဟုတ်) ဓမ္မတာရပ်သွား တာတွေက သားဆက်ခြားနည်း သုံးနေတာကိုရပ်လိုက်ပြီးနောက်ပိုင်း သင့်ရဲ့သန္ဓေအောင်နိုင်စွမ်းကို မထိခိုက်စေပါဘူး။ ဓမ္မတာသိပ်မများတော့တာ (ဒါမှမဟုတ်) ဓမ္မတာလုံးဝရပ်သွားတာ တွေရဲ့အကြောင်းအရင်းကတော့ သားဆက်ခြားနည်းတွေမှာပါတဲ့ ဟော်မုန်းတွေက သားအိမ်အတွင်း မျက်နှာပြင်တွေကိုပါးစေတာ ကြောင့်ပါ။ (သားအိမ်အတွင်းမျက်နှာပြင်တွေကွာကျတာကြောင့် )

Leave a Reply

Your email address will not be published. Required fields are marked *