လုပ်ငန်းခွင်မှာ တစ်စုံတစ်ယောက်က သင့်ရဲ့ ခန္ဓာကိုယ်ကို စိတ်လိုလက်ရ ကိုင်တွယ်တယ်ဆိုတာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားတာ၊ အမြတ်ထုတ်တာပါပဲ။ အဝတ်အစားပေါ်ကတဆင့် ကိုင်တွယ်ထိတွေ့တယ်ဆိုရင်တောင်မှ စော်ကားမှု မြောက်ပါတဲ့အတွက် ဒီလိုကြုံခဲ့ရရင် ချက်ခြင်း တုန့်ပြန်သင့်ပါတယ်။ သင့်အတွက် သက်သောင့်သက်သာမဖြစ်တော့တဲ့ အခြေအနေရောက်နေပြီဆိုတာကို ချက်ခြင်း အသိပေးတုန့်ပြန်ခြင်းက လက်ရှိအခြေအနေကို ပိုပြီး စိုးမလာအောင် တားဆီးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သင့်အနေနဲ့ လုပ်ငန်းခွင်မှာ ဒီလိုမျိုးကြုံတွေ့လာရပါက ဘယ်လို ရင်ဆိုင် ကျော်လွှားသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။
အဆင့် (၁) ကျူးလွန်သူကို ဆက်မလုပ်ဖို့ နားဝင်အောင်ပြောပါ။
ကျူးလွန်သူနဲ့ မျက်နှာချင်းဆိုင်ပြီး ဒီကိစ္စကို မိမိအနေနဲ့ လက်ခံပေးလို့မရကြောင်း ကောင်းကောင်းမွန်မွန် ပြောပြပါ။ စကားလုံးအရ ပြင်းထန်သွားမှာကို စိုးရိမ်ဖို့မလိုအပ်တဲ့အတွက် လိုအပ်ရင် လိုအပ်သလိုပြောပါ။ ပထမဆုံးအကြိမ်ဆိုရင်တော့ ဒါကိုရပ်တန့်ဖို့ ပြောဆိုရာမှာ တခြားသူတွေ သတိထားမိအောင် ပြောသင့်ပါတယ်။ ကျူးလွန်သူကို ခွင့်လွှတ်နားလည်ပေးလိုက်တာမျိုး မလုပ်သင့်ပါ။
အဆင့် (၂) ဖြစ်စဉ်ကို တစ်ခုခုနဲ့ မှတ်တမ်းတင်ထားပါ။
လိင်အမြတ်ထုတ်တာက တရားမဝင်တဲ့အတွက် ချက်ခြင်းစီမံဖြေရှင်းဖို့ လိုပါတယ်။ အကယ်၍ ပထမအဆင့်နားဝင်အောင်လုပ်ပြီး တားဆီးလိုက်လို့ ကျူးလွန်သူက ရပ်တန့်သွားခဲ့ရင်တောင်မှ ဘယ်အချိန်မှာ ဘာတွေဖြစ်ခဲ့တယ်၊ သင်က ဘယ်လိုတုန့်ပြန်ခဲ့တယ်၊ ကျူးလွန်သူက ဘယ်လို့ ပြန်တုန့်ပြန်တယ်ဆိုတာကို မှတ်တမ်းတင်ထားသင့်ပါတယ်။ အကယ်၍ သင်ကိုယ်တိုင် ဒါမှမဟုတ် တခြားသူတစ်ယောက်ယောက် ဒါမျိုး နောက်တစ်ခါ ထပ်ကြုံတဲ့အခါ အသုံးဝင်နိုင်ပါတယ်။
အဆင့် (၃) ကိုယ်ထိလက်ရောက်ဆိုပါက ချက်ခြင်း တိုင်ကြားပါ။
ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုတစ်ခုကို သက်ဆိုင်ရာ အကြီးအကဲထံသို့ မတိုင်ကြားဘဲ မနေသင့်ပါ။ ကိုယ်ထိလက်ရောက်အဆင့်ဆိုတာ လိင်ပိုင်း ဆိုင်ရာ နှောက်ယှက်စော်ကားတဲ့ အဆင့်ဖြစ်နေပါပြီ။ ဒါကြောင့် ဖြစ်စဉ်ကို အသေးစိတ်မှတ်တမ်းတင်ပြီး ဝန်ထမ်း စီမံခန့်ခွဲမှုရေးရာကို တိုင်ကြားဖို့ လိုအပ်ပါတယ်။
အဆင့် (၄) ပြည်သူ့ရဲထံ တိုင်ကြားပါ။
လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခံရပါက ရာဇဝတ်မှုတစ်ခုအနေနဲ့ ပြည်သူ့ရဲ့ထံ တိုင်ကြားဖို့ အခွင့်အရေးရှိပါတယ်။ ဒီလိုကျူးလွန်ခံရတာ သင့်အမှားတစ်ခုမဟုတ်သလို ရှက်စရာတစ်ခု မဟုတ်တဲ့အတွက် တိုင်ကြားဖို့ စိုးရွံ့နေတာမျိုး မဖြစ်သင့်ပါ။ နောက်ပြီး ဒီလိုလူမျိုးကို လွှတ်ထားလိုက်ရင် ဒီထက်ဆိုးဝါးတဲ့ အမှုတွေ ဆက်ဖြစ်လာစေဖို့ ခွင်ပြုလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
အဆင့် (၅) သင့်အနေနဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်သွားတဲ့အဆင့်ဆိုရင်တော့ ရှေ့နေငှားပြီး ရင်ဆိုင်ပါ။
သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုကို တိုင်ကြားရာက အလုပ်ကို ဆုံးရှုံးလိုက်ရတဲ့အခြေအနေထိ နစ်နာဆုံးရှုံးခဲ့တယ်ဆိုရင် အစိုးရရှေ့နေကို ငှားရမ်းရင်ဆိုင်နိုင်ပါတယ်။ အကယ်၍ ဝန်ထမ်းရေးရာကနေ လုံလောက်တဲ့ စီမံခန့်ခွဲမှု ပြုလုပ်မပေးရင် အမျိုးသမီးရေးရာကိစ္စတွေကို အကူအညီပေးနေတဲ့ ရှေ့နေတွေကို အကူအညီတောင်းသင့်ပါတယ်။ အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ အများကြီးရှိတဲ့အတွက် သင့်အနေနဲ့ အများကြီး စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ နောက်ပြီး ကိုယ်ထိလက်ရောက်နာကျင်အောင် လုပ်ခဲ့ရင်တော့ မှတ်တမ်းတင်ပြီး ချက်ခြင်း ရဲခေါ်သင့်ပါတယ်။
အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ တရားဝင်ပြဌာန်းပြီးသားရှိပါတယ်။ ဒါက တိုက်ရိုက်ဖော်ပြပေးရမယ်ဆိုရင်တော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ – ၅၀၉ တွင် မည်သူမဆို မိန်းမတစ်ဦး၏ ကာယိန္ဓြေကိုစော်ကားရန်ကြံရွယ်ပြောဆိုခြင်းပြုသည်တွင်(သို့)အသံပြုသည်တွင် (သို့) ကိုယ်အမူအရာကိုပြသည်တွင် (သို့) အရာဝတ္ထုတစ်ခုခုကိုပြသည်တွင် ပြောဆိုသောစကားကိုပြစ်စေ ၊ပြု သောအသံကိုဖြစ်စေ၊ ထိုမိန်းမအားကြားစေရန် ကြံရွယ်လျှင် (သို့) ပြုသောကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောအ ရာဝတ္ထုကိုဖြစ်စေ ထိုမိန်းမအားမြင်စေရန်ကြံရွယ်လျှင် (သို့) ထိုမိန်းမ၏ ကာယိန္ဓြေကိုစာ်ကားရန်ကြံရွယ်၍ ထိုမိန်း မဆိတ်ကွယ်ရာသို့ကျူးကျော်လျှင် ထိုသူကို တနှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။ ထိုအမျိုးသမီးအား လူအများရှေ့တွင်ပြုမူပြောဆိုစော်ကား ရန်မလို အမျိုးသမီးတစ်ဦးတည်းရှေ့ တွင်ပြုမူပြောဆိုခြင်းသည်ပင် ပြစ်မှုမြောက်သည်။ အများပြည်သူရှေ့တွင် ပြောဆိုပြုမူလျှင် ထောင်ဒဏ် ၃ လထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေချမှတ်ရမည်။ (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ -၂၉၄) ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ -၃၅၄ တွင် မည်သူမဆို မိန်းမတစ်ဦး၏ ကာယိန္ဓြေကိုပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း၊ ကာယိန္ဓြေကိုပျက်စီးစေ တန်ရာကို သိလျှက်နှင့်သော်လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်မှုကျူးလွန်လျှင် (သို့) ပြစ်မှုမကင်းသောအ နိုင်အထက်ပြုမှုကို ကျူးလွန်လျှင် ထိုသူအား နှစ်ထိထောင်ဒဏ်၊ တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ၊ချမှတ်ရမည်ဟု ပြဌာန်းထားတာပဲ ဖြစ်ပါတယ်။
အဆင့် (၆) စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာဖို့ အကူအညီရယူခြင်း။
ကျူးလွန်ခံရသူက မိမိကိုယ်ကို မိမိ အပြစ်ရှိသလို တနည်းနည်းနဲ့ ခံစားနေရနိုင်ပြီး တခြားသူတွေအနေနဲ့ ကျူးလွန်ခံရသူရဲ့ နေပုံထိုင်ပုံကြောင့်လို ဝေဖန်နိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှု ခံစားရပါက အမျိုးသမီးအကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်သင့်ပါတယ်။
ဆက်သွယ်ရန်
ကျားမရေးရာတန်းတူညီမျှရေးကွန်ရက်
Ref: http://akhaya.org/mm/mm-law
https://www.thebalancecareers.com/sexually-assaulted-at-work-3515731
Leave a Reply