လိင်အပျော်အပါး ရှောင်ခြင်း

Posted by

အနှစ်ချုပ်

လိင်မဆက်ဆံဖို့ရွေးချယ်ရင်ကိုယ်ဝန်မရပါဘူး။ဒါကိုလက်ကိုင်ထားသရွေ့မှားနိုင်စရာမရှိပါဘူး
လွတ်လွတ်လပ်လပ်ရှိပါတယ်။
တကယ်လိင်ဆက်ဆံတာကိုရှောင်ကြဉ်ရင်၁ဝဝ%အကျိုးထိရောက်မှုရှိပါတယ်။
အပြန်အလှန်ပေါင်းကူးဆက်သွယ်ရေးနဲ့ထိန်းချုပ်မှုအများကြီးလိုအပ်ပါတယ်။
လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ကိုယ်ဝန်ရှိတာကိုကာကွယ်ပေးပါတယ်။

 

လိင်မဆက်ဆံတာ(အတူမနေတာ)ဘာလဲ?

အတူမနေတာဟာ လိင်မဆက်ဆံဖို့ ရွေးချယ်တာပါ။ဒီရွေးချယ်မှုဟာ အပိုင်းကဏ္ဍ အများကြီးပါဝင်တယ်။လိင်ဆက်ဆံဖို့ အဆင်သင့်မဖြစ်သေးတာ၊ ဘာသာရေး၊ ကိုယ်ရေး ကိုယ်တာ ကိစ္စ၊ပြီးပြည့်စုံတဲ့ ဘဝ လက်တွဲ ဖော်ကို လက်ထပ်ချိန်ထိ စောင့်မျှော်ခြင်း ဒါမှမဟုတ် တခြားအ ကြောင်းရင်းတွေ ပါဝင်တယ်။ ဘယ်လိုအကြောင်းရင်း ပဲဖြစ်ပါစေ လိင်ဆက်ဆံဖို့ အဆင် သင့်ဖြစ်တဲ့ထိစောင့် မျှော်တာ ဟာပြဿနာ မရှိပါဘူး။စနစ်တကျ လေ့ကျင့်မယ် ဆိုရင် လိင်မဆက်ဆံတာဟာ ကိုယ်ဝန်ရှိတာကို ကာကွယ်နိုင်တဲ့အထိရောက်ဆုံး သားဆက်ခြား သန္ဓေတားနည်း ဖြစ်ပါတယ်။

မတူညီတဲ့လူတွေဟာ အတူမနေတာ ကိုမတူညီတဲ့ နည်းလမ်း တွေနဲ့စဉ်းစား ကြတယ်။တချို့က ယောနိလမ်းကြောင်းကနေ လိင်မဆက်ဆံတာ လို့ ဆိုကြ တယ်။လိင်မဆက်ဆံဘု အတူမနေကြ သူတွေဟာတခြားလိင်မှုရေးရာ အမျိုးအစားတွေ မှာပါဝင်ကြတယ်။ဒါပေမဲ့ ကိုယ်ဝန်ရှိမလာ နိုင်ပါဘူး။တချို့ကတော့အတူမနေတာဟာမိမိအဖော်နဲ့လိင်မှုကိစ္စအားလုံးရှောင်ကြဉ်တာလို့ယုံကြည်ကြတယ်။ကျွန်တော်တို့အနေနဲ့လိင်မဆက်ဆံတာ (အတူမနေတာ)ကိုရိုးရိုးရှင်းရှင်းလေးပဲ ဖွင့်ဆိုချင်ပါတယ်။အတူမနေတာကလိင်ဆက်ဆံဖို့သက်သက်သာသာအဆင်သင့်ဖြစ်တဲ့ထိဘယ်လိင်မှုရေးရာကိစ္စမှာမဆိုကာမ မဆက်ဆံဖို့ရွေးချယ်တာပါပဲ။ ဒီနည်းလမ်းကတော့ ကိုယ့်ကိုယ်ကိုချုပ် တည်းနိုင်မှုနဲ့စည်းကမ်းအများကြီးပါဝင်တယ်။ဒါပေမဲ့အတူမနေတာဟာလွတ်လွတ်လပ်လပ်နဲ့အသုံးပြုပါက၁ဝဝ%အကျိုးထိရောက်မှုရှိပါတယ်။ကလေးမွေးဖွားနှုန်းကိုထိန်းချုပ်ပေးတဲ့တခြားနည်းလမ်းတွေလိုအတူမနေဖို့မိမိနဲ့မိမိအဖော်စိတ်တူကိုယ်တူဖြစ်ဖို့ကအရေးကြီးပါတယ်။အပြန်အလှန်ပေါင်းကူးဆက်ဆံရေးကအဓိကသော့ချက်ပါပဲ။

ကာမမဆက်ဆံပါနဲ့။လိင်မှုရေးရာကိစ္စတွေမှာမပါဝင်ပါနဲ့။သတိထားရမှာကတော့လိင်မဆက်ဆံဖို့ပါပဲ။နေ့တိုင်းတစ်ခုချင်း စီကိုအခိုင်အမာလက်ခံ အတည်ပြုဖို့လိုအပ်နေတဲ့ ရွေးချယ် မှုတစ်ခုပါပဲ။ဒီရွေးချယ်မှုနဲ့လိုက်လျောညီထွေဖြစ်ဖို့ကဘာကြောင့်လိင်မဆက်ဆံဖို့ရွေးချယ်လဲဆိုတာမိမိကိုယ်တိုင်သတိပေး ရမယ့်အပြင် မိမိဆုံးဖြတ်ချက် ပြောင်းလဲဖို့အလားအလာ ရှိတဲ့အကျိုးဆက်တွေကိုစဉ်းစားရပါမယ်။စပြီးလိင်ဆက်ဆံဖို့ဆုံးဖြတ်ရင်တော့တကယ်ကောင်းတဲ့အရာပါပဲ။အခြားကလေးမွေးဖွားနှုန်းကိုထိန်းချုပ်ပေးတဲ့နည်းလမ်းနဲ့ကာကွယ်ဖို့ကအရေးကြီးပါတယ်။

မှန်မှန်ကန်ကန်လုပ်ပါက၁ဝဝ%ထိရောက်မှုရှိပါတယ်။
ခန္ဓာကိုယ်မှာဟော်မုန်းတွေထပ်ထည့်စရာမလိုပါ။
ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။

ထိန်းချုပ်မှုနဲ့လက်ခံစရာအများကြီးရှိပါတယ်
နှစ်ယောက်စလုံးပါဝင်ပတ်သက်နေတဲ့ပျော်ရွှင်မှုအတွက်ခိုင်မာတဲ့အပြန်အလှန်ပေါင်းကူးဆက် သွယ်ရေး အရည်အသွေးတွေလိုအပ်ပါတယ်။
ကြာရှည်ထိန်းသိမ်းဖို့ခက်ခဲပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *