လိင်တံကို အတတ်မဆန်းသင့်

Posted by

အသားဖြူသူ၊ ညိုသူ ကစလို့ အရပ်ရှည်သူ၊ ပုသူ အလယ် ဝသူ၊ ပိန်သူ စသဖြင့် အမျိုးမျိုး အထွေထွေရှိကြပါတယ်။ ကျား၊ မ ခွဲခြားပြီး လေ့လာမယ်ဆို အထက်ပါ အချက်တွေအပြင် အခြားမတူညီတဲ့အသေးစိတ်အချက်တွေပါ အများကြီး ရှိလာပါတယ်။ ဒီလိုပါပဲ .. တစ်ယောက်နဲ့တစ်ယောက် ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ မတူကြသလို ယောက်ျားလေးတို့ရဲ့ လိင်တံဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူတာတွေရှိကြပါတယ်။

 

ကြည့်ဖူးတဲ့ အပြာကားတွေ၊ မဟုတ်တာတွေကို ကြံဖန်ရေးသားထားတဲ့ အပြာစာအုပ်တွေကို ဖတ်ပြီး အများစုသော ယောက်ျားလေးတွေဟာ သူတို့ရဲ့ လိင်တံကို သေးတယ်လို့ မှတ်ကြပါတယ်။ အီတလီက ဆေးရုံတစ်ရုံမှာ အချိန်ကာလ ၂ နှစ်တာအတွင်း လေ့လာခဲ့တဲ့ စစ်တမ်းအရ အမျိုးသား ၆၇ ယောက်တိတိဟာ သူတို့လိင်တံသေးနေတဲ့အတွက် ခွဲစိတ်ပြုပြင်လို့ရမလားလို့ လာရောက်စုံစမ်းခဲ့ကြပါတယ်တဲ့။ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြည့်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ လိင်တံတွေဟာ ပုံမှန်လိင်တံအရွယ်အစားတွေ ပဲ ဖြစ်နေတာကို အားလုံးက လက်ခံသွားခဲ့ပါတယ်တဲ့။ အရပ်ပုတဲ့သူက အရပ်ရှည်ချင်တယ်၊ ဗလသေးသူက ဗလကြီးချင်တယ်၊ ဆိုသလိုပဲ လိင်တံသေးတယ်ထင်တဲ့သူက လိင်တံကြီးချင်တာ မဆန်းပေမယ့် တကယ်မသေးတာကို သိဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လိင်တံဟာ အတတ်မဆန်းသင့်တဲ့အထဲမှာ ပါပါတယ်။

 

လိင်တံကို အတတ်ဆန်းကြတဲ့ ချိဖတို့ရဲ့ ထူးထူးဆန်းဆန်းလုပ်ရပ်တွေထဲမှာ ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာကလည်း မလုပ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒီနေ့ခေတ်လို အင်တာနက် လူမှုကွန်ရက်နေ နေရာအနှံ့အပြားဆီကို ကြော်ငြာမှန်သမျှ လွယ်လင့်တကူရောက်တဲ့ခေတ်မျိုးမှာ မှန်ကန်တဲ့ တရားဝင်ကြော်ငြာများသာမက မမှန်မကန် တရားမဝင်ကြော်ငြာတွေပါ ပါဝင်နေပါတယ်။ အဲ့ဒီလို မဟုတ်တာကို အဟုတ်ထင်အောင် ဂျင်းထည့်နေတဲ့ ကြော်ငြာအချို့ကို ဖတ်ရှုပြီး ယောက်ျားလေးအချို့ဟာ လိင်တံကို ဆီလီကွန်ထိုးပြီး ကြီးအောင်လုပ်တာ၊ လိင်တံမှာ ဂေါ်လီထည့်တာကို လုပ်ဆောင်လာကြပါတယ်။ အရေးအကြီးဆုံးသိထားဖို့က သဘာဝက ပေးတဲ့ အရှိတရားကိုကို မလွန်ဆန်သင့်ဘူးဆိုတာရယ်၊ ပြုပြင်ပြောင်းလဲချင်ရင် တရားဝင်နည်းလမ်းတွေနဲ့ နည်းလမ်းတကျ မှန်မှန်ကန်ကန်လုပ်ဆောင်ရမှာပါ။ လိင်တံကြီး မတရားကြီးတာတို့၊ ဂေါ်လီထည့်ထားတာတို့ကို သဘောကျတယ်ဆိုတာ အပြာကားထဲမှာပဲ ရှိပါတယ်။ ပြင်ပလောကမှာ သာမန်ထက်ကြီးမားရှည်လျားတဲ့ လိင်တံဟာ ဆက်ဆံဖော်ကို နာကျင်စေသလို ဂေါ်လီထည့်ထားတဲ့ လိင်တံဟာလည်း ဆက်ဆံဖော်အမျိုးသမီးရဲ့ ယောနိအတွင်းပိုင်းကို စုတ်ပြဲဒဏ်ရာရစေနိုင်တယ်ဆိုတာ သတိပြုဖို့ လိုအပ်ပါတယ်။ ပေါက်တတ်ကရ လမ်းညွှန်မှုတွေ၊ အပြာကားနဲ့ စာအုပ်တွေရဲ့ ဆွဲဆောင်မှုတွေကို အားကျပြီး လိင်တံကို အတတ်ဆန်းရင် တကယ်တမ်း ဒုက္ခနဲ့လှလှတွေ့ရမှာက သင်ကိုယ်တိုင်နဲ့ သင့်ဆက်ဆံဖော်ပါပဲ။  ပြီးတော့ အဲ့ဒီ လိင်တံကို အတတ်ဆန်းတာတွေ  ဝန်ဆောင်မှုပေးတဲ့သူတွေဟာ Professional တွေ မဟုတ်သလို တရားဝင်တွေလည်း မဟုတ်ပါဘူး။ ပြဿနာတက်တဲ့အခါ သင့်ဘက်မှာ ဘာမှ မရှိဘဲနဲ့ တစ်ဦးတည်းရင်ဆိုင်ရမှာပါ။ လိင်တံမှာ ဂေါ်လီလည်း မထည့်ချင်ဘူး၊ ဂေါ်လီထည့်ပြီး လုပ်တဲ့ လိင်ခံစားမှုမျိုးကို သိချင်တယ်ဆိုရင်ဖြင့် အနီးစပ်ဆုံး အလင်းပြရရင် Mojo က ထုတ်တဲ့ Ultra Dotted ကွန်ဒုံးကို အသုံးပြုနိုင်ပါတယ် ချိဖိတို့ရေ။ Mojo Ultra Dotted ကွန်ဒုံးကို သာမန်အဖုပါတဲ့ကွန်ဒုံးတွေထက် နှစ်ဆကြီးတဲ့ အဖုတွေနဲ့ တီထွင်ဖန်တီးထားပါတယ်။ တရားဝင်ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းဖြစ်တာမို့ ယုံကြည်စိတ်ချစွာလည်း သုံးစွဲနိုင်တယ်လေ။  ကဲ လိင်တံကို အတတ်ဆန်းတာမျိုးထက် နည်းစနစ်ပိုင်းထိထိမိမိနဲ့ အထာကျကျလှုပ်ရှားရင်း ဆက်ဆံဖော်ကို လိင်အရသာပေးတာက ပိုပြီး မိမိုက်တာတွေကို ခံစားရမယ်လို့ သိလိုရာမေးက အလင်းပြလိုက်ပါတယ် ချိဖတို့ရေ ..

Leave a Reply

Your email address will not be published. Required fields are marked *