, ,

ရက်တွက်ပြီး အတူနေခြင်း

Posted by

ယေဘူယျအားဖြင့်

ရက်ရှောင်သားဆက်ခြားနည်းသည် ငွေကြေးကုန်ကျမှု မရှိသည်သာမက ဟော်မုန်းအသုံးပြုခြင်းလည်းမရှိပါ။
နေ့ကောင်းရက်သာရွေးပြီး မျိုးပွားနိုင်စွမ်းလေ့လာစောင့်ကြည့်နည်းက အမျိုးသမီးတယောက်မှာ ဖြစ်နိုင်ခြေအနည်းဆုံးနဲ့အများဆုံး ကိုယ်ဝန်ရှိတာကိုသိနိုင်ရန် ဓမ္မတာခွင်ကို နေ့စဉ်ခြေရာခံလိုက်မှုပေါ် မူတည်ပါတယ်။
မိမိ ခင်ပွန်း (သို့) ဇနီးရဲ့ ပူးပေါင်းလုပ်ဆောင်မှု လိုပါတယ်။
အသုံးပြုတဲ့ ရက်ရှောင်သားဆက်ခြားနည်း အမျိုးအစားပေါ်မူတည်ပြီး ပြည့်စုံစွာအသုံးပြုပါက ၉၅-၉၉% ထိရောက်မှုရှိပါတယ်။ စနစ်ကျကျအသုံးပြုပါက ၇၆-၈၈% ထိရောက်မှုရှိပါတယ်။
လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါ။
ဘေးထွက်ဆိုးကျိုးမရှိပါ။

 

ရက်ရှောင်သားဆက်ခြားနည်း (မျိုးပွားနိုင်စွမ်းလေ့လာစောင့်ကြည့်နည်း) ဆိုတာကဘာလဲ။

ရက်ရှောက်သားဆက်ခြားနည်း (သို့) သဘာဝအတိုင်းမိသားစု စီမံကိန်းဆိုသည်မှာ အမျိုးသမီးတစ်ယောက်၏ ဓမ္မတာရာသီစက်ဝန်းကို တွက်ချက်၍ ကိုယ်ဝန်ရနိုင်သည့်နေ့ရက်ကို သိနိုင်သည်။ ကိုယ်ဝန်ရရှိနိုင်သည့် နေ့ရက်များသည် စိတ်ဝင်စားစရာကောင်းပါသည်။ သားဥအိမ်မှ သားဥကြွေခြင်းကို သိရှိပါက ကိုယ်ဝန်တားဆီးနိုင်သည်။ ထိုသို့ကိုယ်ဝန်တားဆီးရန် နည်းလမ်းအမျိုးမျိုး ရှိပြီး တချို့နည်းလမ်းများက လွယ်ကူသည်လည်း ရှိသည်။ ထို့အပြင် သင့်ခန္ဓာကိုယ်နှင့် ဓမ္မတာရာသီစက်ဝန်းပုံစံများကို သိရှိရန်လိုသည့် ရက်ရှောင်သားဆက်ခြားနည်း အမျိုးမျိုးရှိသည့်အနက် တချို့ကို ဖော်ပြလိုပါသည်။

ရက်ရှောက်သားဆက်ခြားနည်းတွင် အမျိုးသမီးတစ်ဦး ဓမ္မတာရာသီစက်ဝန်းတွင် ကိုယ်ဝန်ဆောင်နိုင်သည့် အခြေအနေ၊ သားဥကြွေသည့်အချိန်တွင် အမျိုးသမီး၏ ယောနိထဲတွင် အမျိုးသားများ၏ သုတ်ပိုးကောင် ရောက်ရှိမနေဖို့လိုသည်။ ကိုယ်ဝန်တားဆီးရန်အတွက် အမျိုးသမီးများ သန္ဓေရနိုင်စေသော နေ့ရက်များတွင် သဘာဝအတိုင်း လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ကာ အကာအကွယ်ပစ္စည်းဖြစ်သည့် ကွန်ဒုံးကို အသုံးပြုနိုင်သည်။ ထို့အပြင် သန္ဓေအောင်စေသော နေ့ရက်များတွင် ယောနိလမ်းကြောင်းမှတဆင့် လိင်ဆက်ဆံမည့်အစား တခြားသော လိင်စိတ်နိုးကြွစေမည့် နည်းလမ်းများကို အသုံးပြုခြင်းဖြင့် စိတ်ကျေနပ်ပျော်ရွှင်မှုကို ရနိုင်သည်။ သင်ကိုယ်ဝန်ရဖို့ဖြစ်နိုင်ချေကို သိရှိစေရန်ဓမ္မတာခွင်ကို သိရပါမယ်။ ကိုယ်ဝန်မဆောင်ခင်အမျိုးသမီးရဲ့ သားဥက အမျိုးသားရဲ့ သုက်ကောင်နဲ့ ပေါင်းစပ်ခြင်းကို သန္ဓေအောင်ခြင်းလို့ ခေါ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ အမျိုးသမီးတစ်ယောက်အတွက်သေ သန္ဓေအောင်တဲ့ရက်တွေရှိသလို သန္ဓေမအောင်တဲ့ရက်တွေလည်း ရှိပါတယ်။ ကိုယ်ဝန်ရဖို့ အမျိုးသမီးအနေနဲ့ သားဥနဲ့သုက်ကောင်ပေါင်းစပ်နိုင်ခြေရှိတဲ့ ရက်အတောအတွင်းမှာ ယောနိလမ်းကြောင်းကနေ လိင်ဆက်ဆံတာမျိုး ရှိရပါမယ်။ အဲ့လိုရက်တွေကို သင့်ရဲ့သန္ဓေအောင်ရက်တွေလို့ခေါ်ပါတယ်။ အမျိုးသမီးတယောက်ရဲ့ သန္ဓေအောင်ရက်တွေက သားဥနဲ့သုက်ကောင်ဘဝ သက်တမ်းပေါ် မူတည်ပါတယ်။ သားဥကသားဥကြွေပြီး ၁ ရက်လောက်ထိ ခံပါတယ်။ သုက်ကောင်က သူမခန္ဓာကိုယ်ထဲမှာ ၇ ရက်လောက်ထိ နေနိုင်ပါတယ်။ အမျိုးသမီး တယောက်ရဲ့ ဓမ္မတာခွင်တိုင်းမှာ ၇ ရက်လောက်က သားဥနဲ့ သုက်ကောင်ပေါင်းစပ်ဖို့ အခွင့်အရေးရှိပါတယ်။ သားဥမကြွေခင် ၅ ရက် သားဥကြွေရက်နဲ့ သားဥကြွေပြီး ၁ ရက် (သို့မဟုတ်) ၂ ရက် ပါဝင်ပြီး သန္ဓေအောင်ဖို့ အခွင့်အလမ်းနည်းပါတယ်။ သန္ဓေအောင်ရက်တွေကို သိရှိခြင်းက သန္ဓေအောင်လိုခြင်း၊ မလိုခြင်းကို ကူညီနိုင်ပါတယ်။ အဓိကအချက်က သားဥကြွေမယ့်ရက်ကို ဖော်ထုတ်ပြီး မျိုးအောင်မဲ့ရက်ကို တွက်ချက်တာပါ။ သန္ဓေအောင်မှုပုံစံ (မျိုးအောင်တဲ့လရဲ့ရက်နဲ့ မျိုးမအောင်တဲ့လရဲ့ရက်) တွေကိုခြေရာခံနိုင်ပါတယ်။ ဒါကိုဂရုတစိုက်လုပ်ဆောင်ရပါမယ်။ အမျိုးသမီးတွေအားလုံးမှာ တူညီတဲ့သန္ဓေအောင်မှုပုံစံမရှိကြပါ။ အမျိုးသမီးအများစုမှာ ၂၆-၃၂ ရက်ကြား ဓမ္မတာခွင်ရှိရင် အချို့အမျိုးသမီးအများစုမှာ ပိုတိုတောင်းတဲ့ဓမ္မတာခွင် (သို့မဟုတ်) ပိုရှည်လျားတဲ့ ဓမ္မတာခွင်ရှိကြပါတယ်။ အချို့အမျိုးသမီးတွေအတွက်တော့ တစ်လနဲ့တစ်လ ရာသီအချိန်တွေ မတူညီတတ်ကြပါဘူး။

လွယ်ကူစွာ အသုံးပြုနိုင်တဲ့ ရက်ရှောင်သားဆက်ခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးရဲ့ ရာသီစက်ဝန်းက ၂၆ – ၃၂ ရက်အတွင်း ဖြစ်ပါက သန္ဓေအောင်မယ့်ရက်ကို သိရှိစေဖို့ လွယ်ကူပါတယ်။ ဒါက ရာသီစက်ဝန်းပုံမှန်ရှိနေတဲ့အတွက် ၂၆-၃၂ ရက်အတွင်း ပုံမှန်သွေးဆင်းနေတာကို ဆိုလိုတာပါ။ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုလေ့ရှိပြီး အလွယ်ကူဆုံးနည်းလမ်းအချို့ကို အောက်မှာဖော်ပြထားပါတယ်။

သားအိမ်ဝရှိအချွဲရည်စမ်းသပ်နည်းသင့်ရာသီစက်ဝန်းကို ထိန်းချုပ်တဲ့ဟော်မုန်းတွေဟာ သားအိမ်ခေါင်းကို အချွဲအကျိထွက်လာအောင် လုပ်ဆောင်ပေးပါတယ်။ အချွဲရည်ကို သားအိမ်ခေါင်းနဲ့ မိန်းမကိုယ်ထဲမှာ စုဆောင်းထားရှိပါတယ်။ သားဥမကြွေခင်နဲ့ သားဥကြွေတဲ့အချိန် အရည်အသွေးနဲ့အရေအတွက် ပြောင်းလဲပါတယ်။ ဒီနည်းလမ်းက သင့်မှာရှိတဲ့အချွဲရည် အမျိုးအစားပေါ် မူတည်ပြီး လိင်ဆက်ဆံလို့ရတဲ့ စိတ်ချရတဲ့ရက်တွေကို ဆုံးဖြတ်ပေးပါတယ်။

ဓမ္မတာခွင်အတောအတွင်း သွေးစီးဆင်းမှုက အချွဲရည်လက္ခ္ဒဏာရပ်ကို ဖုံးကွယ်ထားပါတယ်။ ဓမ္မတာပြီးဆုံးပြီးနောက် အချွဲရည်မရှိတဲ့ရက်တွေကို ခြောက်သွေ့ရက်များလို့ခေါ်ပါတယ်။ ရာသီစက်ဝန်းရှည်ကြာနေခဲ့ရင် ဒီလိုခြောက်သွေ့ရက်တွေမှာ စိတ်ချနိုင်ပါတယ်။
သားဥစမှည့်လာတဲ့အခါအချွဲရည်တွေပိုထွက်လာပါတယ်။အချွဲတွေကမိန်းမကိုယ်အပေါက်ဝမှာပေါ်လာပါတယ်။ယေဘုယျအားဖြင့်အဝါရောင်(သို့မဟုတ်)အဖြူရောင်ဖြစ်ပြီးထူထဲနေပါတယ်။စေးကပ်ကပ်ဖြစ်နေကိုခံစားရပါတယ်။ ဒီရက်တွေကတော့ စိတ်ချရတဲ့ရက် မဟုတ်ပါဘူး။
အများအားဖြင့် သားဥမကြွေခင်သင့်မှာ အချွဲရည်အများဆုံးရှိလိမ့်မယ်။ ကြက်ဥစိမ်းအကာလို ကြည်လင်ချောကျိကျိဖြစ်နေပြီး သင့်လက်ချောင်းတွေကြားမှာ ဆွဲဆန့်နိုင်ပါတယ်။ ဒါကိုချောကျိကျိရက်များလို့ ခေါ်ပြီးသင့်မျိုးပွားနိုင်စွမ်းရဲ့ အထွတ်အထိပ် ဖြစ်တဲ့အတွက် မျိုးအောင်နိုင်မှု အမြင့်ဆုံးနဲ့ ကိုယ်ဝန်ရဖို့ အလွယ်ဆုံးရက်တွေဖြစ်ပါတယ်။
၄ ရက်လောက်ချွဲကျိကျိဖြစ်ပြီး နောက်ရုတ်တရက်သင့်မှာ အချွဲရည်တွေနည်းသွားလိမ့်မယ်။ နောက်တကြိမ်ထူထပ်ပြီး စေးကပ်ကပ်ဖြစ်နေလိမ့်မယ်။ ရာသီစက်ဝန်းမစခင်သင့်မှာ ခြောက်သွေ့တဲ့ ရက်အနည်းငယ်ရှိပါတယ်။ ဒီရက်တွေမှာ အတူနေခဲ့ရင် သန္ဓေအောင်ဖို့ အခွင့်အလမ်းနည်းပါတယ်။
ဒီနည်းလမ်းနဲ့အတူ အချွဲရည်တွေကို စစ်ဆေးပြီးနေ့တိုင်း ပြက္ခဒိန်မှာအမှတ်အသားပြုလုပ်ထားရပါမယ်။ သင့်ဓမ္မတာခွင်ရက်များ ခြောက်သွေ့ရက်များစေးကပ်ကပ်ဖြစ်နေတဲ့ရက်များ ထူထဲနေတဲ့ရက်များ စိုစွတ်တဲ့ရက်များနဲ့ ချောကျိကျိဖြစ်နေတဲ့ရက်များကို မှတ်တမ်းတင်ထားပါ။ အဆင့်တွေကြားမှာ အချွဲရည်တွေကွဲပြားတာကို ခံစားရပါမယ်။

အချွဲတွေကို နည်းလမ်းမြောက်မြားစွာနဲ့ စစ်ဆေးနိုင်ပါတယ်။ သင့်အတွက်သက်တောင့်သက်သာအရှိဆုံးအရာကို လုပ်ဆောင်ပါ။ ဒါကတနေ့မှာ ကြိမ်ပေါင်းများစွာစစ်ဆေးဖို့ အကောင်းဆုံးပါပဲ။ အချွဲတွေကိုစစ်ဆေးရန် အောက်ပါနည်းလမ်းတွေထဲက တခုကိုအသုံးပြုပါ။

ဆီးမသွားခင်မိန်းမကိုယ်အဝကိုတစ်သျှူးနဲ့သုတ်ပေးပါ။ အရောင်နဲ့ထိတွေ့မှုအခြေအနေကို စစ်ဆေးပါ။
သင့်အတွင်းခံဘောင်းဘီပေါ်မှာ ဆင်းထားတဲ့အချွဲရဲ့အရောင်နဲ့ ထိတွေ့မှုအခြေအနေကို စစ်ဆေးပါ။
မိန်းမကိုယ်ထဲကိုသန့်စင်တဲ့ လက်ချောင်းထည့်ပြီးအချွဲတွေရဲ့ အရောင်ထိတွေ့မှုအခြေအနေကို စစ်ဆေးပါ။
အချွဲရည်အများကြီးထွက်တဲ့ အမျိုးသမီးတွေအတွက် ဒီနည်းလမ်းက မသင့်တော်ပါဘူး။

ပြက္ခဒိန်ပေါ်မှာ သတ်မှတ်ရတဲ့နည်းလမ်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ သင့်ရာသီစက်ဝန်းကို သေချာစွာ တွက်ရသည့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အသုံးပြုရင်အခြားနည်းလမ်းတွေထက် ပိုပြီးရိုးရှင်းတာကို တွေ့ရလိမ့်မယ်။ သင့်မှာအောက်ပါအကြောင်းအရာတွေကို ရှိမှသာ အသုံးပြုနိုင်ပါတယ်။

သင့်မှာပုံမှန် ရာသီစက်ဝန်းရှိတာမျိုး။
ဘယ်တော့မှ သင့်ရာသီစက်ဝန်းက ၂၆ ရက်ထက်ပိုပြီး မတိုတောင်းတာမျိုး။
ဘယ်တော့မှ သင့်ရာသီစက်ဝန်းက ၃၂ ရက်ထက်ပိုပြီး မကြာရှည်တာမျိုး
သန္ဓေမအောင်လိုဘူးဆိုရင် ရာသီစက်ဝန်းရဲ့ ၈ – ၁၉ ရက်အတွင်း အတူနေတာကိုရှောင်ကျဉ်ပါ (သို့) ကွန်ဒုံးသုံးပါ (ရာသီစက်ဝန်းရဲ့ ပထမဆုံးနေ့က သွေးပထမဦးဆုံးဆင်းတဲ့နေ့ဆိုတာကို မှတ်ထားပါ)။

ကိုယ်ဝန်ဆောင်တာကို ကာကွယ်ရန် လိင်ဆက်ဆံတာကို ရှောင်ကြဉ်သင့်ပါတယ် (သို့မဟုတ်) ၈-၁၉ ရက်ကြားမှာ သန္ဓေတားနည်းလမ်းတွေကိုအ သုံးပြုပါ။ ကိုယ်ဝန်ဆောင်တာကို တိုးမြှင့်ဖို့ ၈ ရက်နဲ့ ၁၉ ရက်ကြားမှာ လိင်ဆက်ဆံဖို့ ကြိုးစားသင့်ပါတယ်။ နေ့တိုင်း (သို့မဟုတ်) အခြားရက်တွေမှာလည်း လိင်ဆက်ဆံသင့်ပါတယ်။ သင့်ရာသီစက်ဝန်းပုံမှန်ရှိတယ်ဆိုရင် စံတ်မှတ်ရက်နည်းလမ်းက အကောင်းဆုံးပါပဲ။ ဒီနည်းကိုသန္ဓေတားနည်းလမ်းအနေနဲ့ စတင်အသုံးမပြုခင် သင့်ရာသီစက်ဝန်းက ၂၆-၃၂ ရက်ကြား အမြဲရှိနေတာကို အတည်ပြုနိုင်ဖို့ လပေါင်းများစွာ သင့်ရာသီစက်ဝန်းကို ခြေရာခံလိုက်ဖို့ အရေးကြီးပါတယ်။

စနစ်တကျအသုံးပြုပါက ဒီနည်းလမ်းက ၈၈%ထိ ရောက်မှုရှိပါတယ် (တစ်နှစ်မှာဒီနည်းလမ်းကိုသုံးတဲ့အမျိုးသမီးအယောက် ၁ဝဝ မှာ ၁၂ ယောက်နီးပါး ကိုယ်ဝန်ရနိုင်ပါတယ်။)

ဒီနည်းလမ်းက သားဥကြွေချိန်အတွင်း ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အပူချိန်ပေါ်မူတည်ပြီးတွက်ချက်တဲ့နည်းလမ်းဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အပူချိန်က တခြားရက်တွေထက်စာရင် သားဥကြွေနေတဲ့ရက်မှာ အနည်းငယ်ပိုပြီး မြင့်တက်နေပါတယ်။ အမျိုးသမီးများအပြည့်အဝ အနားယူနေတဲ့အချိန်မှာရှိနေတဲ့ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာတွက်ချက်ရတဲ့အတွက် ဒီနည်းလမ်းကို အခြေခံခန္ဓာကိုယ်အပူချိန်တိုင်းနည်းလမ်းလို့ ခေါ်တာဖြစ်ပါတယ်။

သန္ဓေတားနည်းလမ်းအတွက် အခြေခံခန္ဓာကိုယ်အပူချိန်တိုင်းနည်းလမ်းကို အသုံးပြုချင်ရင် သင့်အနေနဲ့ အောက်ပါအကြောင်းအရာတွေရှိရင် အရင်ဆုံးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပါ။

မကြာသေးခင်က ကလေးမွေးထားရင် (သို့မဟုတ်) တားဆေး (သို့မဟုတ်) အခြားဟော်မုန်းပါ တားဆေးသုံးပြီး ရပ်လိုက်ရင်
နို့တိုက်နေရင်
သွေးဆုံးချိန်နီးကပ်လာရင်
ရက်ရှောင်သားဆက်ခြားနည်းတစ်ခုဖြစ်တဲ့ အခြေခံခန္ဓာကိုယ်အပူချိန်တိုင်းနည်းလမ်းကို အသုံးပြုရန်အတွက်

အိပ်ရာမထခင် မနက်တိုင်း သင့်ရဲ့အခြေခံခန္ဓာကိုယ် အပူချိန်ကိုတိုင်းယူပါ။ အတိကျဆုံးဖတ်နိုင်ရန်အတွက် အခြေခံခန္ဓာကိုယ်အပူချိန်တိုင်းတာရန် ဒစ်ဂျစ်တယ်နဲ့ပါးစပ်ထဲထည့်တိုင်းရတဲ့ သာမိုမီတာကိုသုံးပါ။ အချို့အမျိုးသမီးတွေက မိန်းမကိုယ်တွင်းထည့်ပြီး အပူချိန်တိုင်းတာမျိုး စအိုဝထဲထည့်ပြီး အပူချိန်တိုင်းတာမျိုးတွေက ပိုတိကျတဲ့အပူချိန်ကိုပေးပါတယ်။ သင့်အပူချိန်ကိုဖတ်တဲ့အခါ တိုင်းတူညီတဲ့နည်းလမ်းကို အသုံးပြုပါ။ တိကျတဲ့အပူချိန်ရရန် ညတိုင်းအနည်းဆုံး ၃ နာရီလောက်အနှောင့်အယှက်မရှိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်ပါ။
ဂရပ်စာရွက်ပေါ်မှာ သင့်အပူချိန်ကို မှတ်တမ်းတင်ပါ။ နေ့စဉ်အခြေခံအပူချိန်ကို မှတ်တမ်းတင်ပြီး နှိုင်းယှဉ်ကြည့်ပါ။ သင်သားဥကြွေတဲ့အခါ ခန္ဓာကိုယ်အပူချိန် ဝ.၃ ဒီဂရီစင်တီဂရိတ်ထက် နည်းပြီး အနည်းငယ် မြင့်တက်လာပါတယ်။ ၃ ရက်ထက်ပိုပြီး ခန္ဓာကိုယ်အပူချိန် အနည်းငယ်ပိုပြီးမြင့်တက်နေရင် သားဥကြွေတယ်လို့ ယူဆနိုင်ပါတယ်။
သန္ဓေမအောင်တဲ့ရက်အတောအတွင်း လိင်ဆက်ဆံဖို့ သေချာအစီအစဉ်ဆွဲပါ။ ခန္ဓာကိုယ်အပူချိန်မမြင့်တက်ခင် ၂ ရက်လောက် သင်ဟာသန္ဓေအောင်နိုင်မှု အများဆုံးဖြစ်နေပြီး သုက်ကောင်တွေက သင့်ရဲ့မျိုးပွားမှုလမ်းကြောင်းမှာ ၇ ရက်လောက်ထိ ရှင်သန်နိုင်ပါတယ်။ ကိုယ်ဝန်မရှိဖို့မျှော်လင့်နေရင် လတိုင်းလိုလို ခန္ဓာကိုယ်အပူချိန်မြင့်တက်ပြီး နောက်ရာသီစက်ဝန်းအစမှ ၃-၄ ရက်တိုင်အောင် အကာအကွယ်မဲ့ လိင်ဆက်ဆံတာမျိုးကို ခွင့်မပြုပါ။ ကိုယ်ဝန်ရဖို့မျှော်လင့်နေရင် ဒီအချိန်က လိင်ဆက်ဆံဖို့အချိန်ပါပဲ။
ကိုယ်ဝန်ဆောင်တာကို ကာကွယ်တဲ့နည်းလမ်းတစ်ခုအနေနဲ့ ရက်ရှောင်သားဆက်ခြားနည်းကို အသုံးမပြုခင်လပေါင်းများစွာ သင့်ရာသီစက်ဝန်းကိုခြေရာခံလိုက်ဖို့ အရေးကြီးပါတယ်။ ဒါကသင့်ရာသီစက်ဝန်းကိုပိုမို ရင်းနှီးစေပြီး ဒီနည်းလမ်းရဲ့ ထိရောက်မှုကို တိုးမြှင့်စေပါတယ်။

ဟော်မုန်းအသုံးပြုခြင်း မရှိပါ။
သင်ကိုယ်ဝန်ရချင်ရင် သင်ဘယ်နေ့မှာလိင်ဆက်ဆံနိုင်တယ်ဆိုတာ သိနိုင်ဖို ကူညီပေးနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါ။
သင့်ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ်ဆောင်သလဲဆိုတာ သင်ယူနိုင်ဖို့ ကူညီပေးပါတယ်။
ဒီဂျစ်တယ်သာမိုမီတာ ကုန်ကျစရိတ်ကလွဲလို့ အခမဲ့ဖြစ်ပါတယ်။

အသုံးပြုမယ်ဆိုရင် လေ့ကျင့်မှု လိုအပ်ပါတယ်။
တချိန်လုံး ရာသီစက်ဝန်းကို သိရှိဖို့ လိုအပ်ပါတယ်။
အချိန်မရွေး အမှားလုပ်နိုင်ပါတယ်။
သဘာဝကျတာကို ဝင်ရောက်နှောင့်ယှက်နိုင်ပါတယ်။
ရာသီစက်ဝန်းမှာ အပြောင်းအလဲမရှိတာကြောင့် ယုံကြည်စိတ်ချလို့မရပါ။
HIV/AIDS နဲ့အခြားလိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို မကာကွယ်နိုင်ပါ။
ဟော်မုန်းပါဝင်တဲ့နည်းလမ်းကို မသုံးတော့ရင် ဒီနည်းက ကြိုးစားပြီး သုံးသင့်တဲ့နည်းမဟုတ်ပါ။ ဟော်မုန်းတွေက သင့်ဓမ္မတာခွင်ကို သက်ရောက်စေတဲ့အတွက်ကြောင့် (သင့်ရာသီစက်ဝန်းကို လေ့လာနေစဉ် အတောအတွင်း ဟော်မုန်းမပါဝင်တဲ့နည်းလမ်းကို အသုံးပြုဖို့ လိုအပ်ပါတယ်။
ဓမ္မတာ ရာသီစက်ဝန်းတွင် ၁ ပတ်လောက် လိင်မဆက်ဆံဖို့ လိုအပ်ပါတယ်။ (သို့မဟုတ်) အခြားနည်းလမ်းကို အသုံးပြုပါ။
Sources:

E-Zee Check

ကိုယ်ဝန်ရှိမရှိ ဆီးစစ်ပစ္စည်း

ရက်ရှောင်နည်းကို တွက်ချက်ရန်

https://hellosayarwon.com/health-tools/ovulation-calculator/ (Hello ဆရာဝန်မှ ပံ့ပိုးထားပါသည်။)

အယူအဆအလွဲအများစု

ရက်ရှောင်နေရတဲ့အတွက် အမျိုးသားကျန်းမာရေးကို ထိခိုက်မှု မရှိပါ။
ဒီနည်းလမ်းကို စနစ်ကျမှန်ကန်အောင် သုံးနိုင်ဖို့အတွက် စာတတ်မြောက်ဖို့ အဆင့်မြင့်ပညာရေးရှိဖို့ မလိုအပ်ပင်မယ့် အချိန်ယူပြီး ဝါယမစိုက်ထုတ်ဖို့တော့ လိုအပ်ပါတယ်။

One response

Leave a Reply

Your email address will not be published. Required fields are marked *