ပုံမှန်အားဖြင့်တော့ ကလေးမွေးပြီးရင် ၄၅ ရက် (၆ ပတ်) အထိ အမျိုးသားနဲ့အတူနေတာကို ရှောင်ခိုင်းတတ်ပါတယ်။ မိန်းမကိုယ်နဲ့ လိင်အင်္ဂါတွေ ပုံမှန်အနေအထား ပြန်ဖြစ်အောင်၊ ခွဲမွေးထားတယ်ဆိုလည်း သားအိမ်ချုပ်ရိုးတွေ အသားကျလာအောင်၊ ရောဂါပိုးတွေ မဝင်အောင် စောင့်ဆိုင်းခိုင်းတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း အမျိုးသမီးတွေဟာ ဆက်ဆံလိုစိတ် နည်းနေတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါဟာ ရောဂါရှိနေတာ မဟုတ်ဘဲ သာမန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ ဘာလို့ဆိုရင် ကလေးမွေးပြီးစအချိန်ဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်နေတဲ့အချိန်မို့လို့ပါပဲ။ ဒီအခါမှာ အမျိုးသားကလည်း အတူနေချင်ပြီ၊ အမျိုးသမီးဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုရင် ပြဿနာလေးတွေ ရှိလာပါတယ်။ ဒီပြဿနာက အိမ်ထောင်သည် တော်တော်များများ ကြုံတွေ့ရတတ်ပေမယ့် အများစုကတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
ဒါနဲ့ပတ်သက်လို့ အရင်ဆုံးသိဖို့လိုတာက အမျိုးသမီးတွေဟာ ကလေးမွေးပြီးစမှာ ဘာကြောင့် ခုလို ဆက်ဆံလိုစိတ် နည်းနေတာလဲ ဆိုတာပါပဲ။ မြောက်များစွာသော အကြောင်းရင်းတွေ ရှိပါတယ်။
၁။ အလုပ်ပင်ပန်းခြင်း
ကလေးမွေးစ ဖြစ်တဲ့အတွက် တအားဂရုစိုက်ရတယ်။ ညဘက်ဆို အနှီးထလဲပေးရတာ၊ ငိုနေလို့ ချော့ရတာ၊ နို့ထတိုက်ရတာ အစရှိတဲ့ ကလေးဝေယျာဝစ္စတွေအပြင် တခြားသော အိမ်အလုပ်တွေ၊ နောက် ကလေးအကြီးတွေရဲ့ကိစ္စတွေ ရှိနေတယ်။ ဒါတောင် ကလေးက နေကောင်းကျန်းမာနေတယ်ဆို တော်သေးတယ်။ မဟုတ်ရင် ပိုအလုပ်များမယ်။ ဒီတော့ အမျိုးသမီးအနေနဲ့ အတူပြန်နေဖို့ကို စိတ်မပါတာမျိုး ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေတောင်မှ အလုပ်များနေတယ်၊ စိတ်ဖိစီးနေတယ်ဆို လိင်ဆက်ဆံလိုစိတ် နည်းပါးသလိုပေါ့။
၂။ မိခင်နို့တိုက်နေရခြင်း
မိခင်နို့တိုက်နေမယ်ဆိုရင် အဲဒီအမျိုးသမီးဆီမှာ မဟော်မုန်း (အီစထရိုဂျင်) ထွက်တာ နည်းသွားပါတယ်။ ဒါကြောင့် ဆက်ဆံလိုစိတ် နည်းနေမယ့်အပြင် သူ့ရဲ့ မိန်းမကိုယ်ဟာလည်း ခြောက်သွေ့နေပါတယ်။ ဒီအခါ အမျိုးသားကို ဖြည့်ဆည်းပေးချင်လို့ ဆက်ဆံရင်တောင်မှ မိန်းမကိုယ်က ခြောက်သွေ့နေတဲ့အတွက် ဆက်ဆံရ အဆင်မပြေတာ၊ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကိုမှ အတင်းဆက်ဆံမယ်ဆိုရင်တော့ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။
၃။ လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း
ဆေးပညာအခေါ်အရတော့ Dyspareunia လို့ခေါ်ပါတယ်။ လိင်ဆက်ဆံတိုင်း နာကျင်တာမျိုးပါ။ ဒါက ကလေးမွေးတုန်းက ဘယ်လိုမွေးခဲ့သလဲ၊ မိန်းမကိုယ်မှာ ဘယ်လိုတွေ ထိခိုက်မိခဲ့သလဲနဲ့ ဆိုင်ပါတယ်။ ဥပမာ ညှပ်ဆွဲပြီး မွေးခဲ့ရတာမျိုးဆိုရင် ဆက်ဆံတဲ့အခါတိုင်း နာကျင်တာမျိုး ရှိတတ်တယ်။
၄။ နာကျင်မှာကို စိုးရိမ်ခြင်း
ဒါကလည်း ကလေးမွေးဖွါးစဉ်က အတွေ့အကြုံနဲ့ အများကြီးသက်ဆိုင်တယ်။ အဆင်မပြေတာတခုခု၊ အန္တရာယ်တခုခု ကြုံခဲ့ရရင် ကိုယ်ဝန်ပြန်ဆောင်ဖို့ စိုးရိမ်နေတာ၊ ဆက်ဆံတဲ့အခါ နာသွားမလား စိတ်ပူနေတာမျိုးတွေ ရှိတတ်ပါတယ်။
၅။ ကလေးမွေးပြီးစ စိတ်ဓါတ်ကျခြင်း
ကလေးမွေးပြီးစမှာ စိတ်ကျရောဂါဖြစ်တာမျိုးကလည်း အတွေ့ရများတဲ့ ပြဿနာတစ်ခုပါပဲ။ အရင်က စိတ်ကျရောဂါ ဖြစ်ခဲ့ဖူးရင် ပိုဖြစ်တတ်သလို၊ မွေးပြီးစမှာ အလုပ်တွေကများ၊ ပင်ပန်းနေတော့ အလုပ်လက်မဲ့ဖြစ်တာ၊ ဝင်ငွေမရှိတာတို့လို တခြားလူမှုရေးပြဿနာတွေများ ရှိလာခဲ့ရင် ပိုဆိုးနိုင်ပါတယ်။ ဒီလိုစိတ်ကျနေချိန်မှာ အဲဒီအမျိုးသမီးဟာ ဆက်ဆံလိုစိတ်လည်း နည်းနေမှာ အမှန်ပါပဲ။
၆။ ကိုယ်ဝန်တားနည်းတွေ ပြန်သုံးနေရခြင်း
အမျိုးသမီးတစ်ယောက်ဟာ ကလေးမွေးပြီးရင် နောက်ကိုယ်ဝန်ပြန်မရဖို့အတွက် မွေးပြီး ၂၈ ရက်အထိသာ စိတ်ချရပါတယ်။ အဲဒီနောက်ပိုင်းဆိုရင် ကိုယ်ဝန်တားနည်းတခုခု သုံးဖို့ လိုအပ်လာပါမယ်။ ဥပမာ ၃လခံထိုးဆေးလို နည်းမျိုးတွေက စိတ်ခံစားမှုကို အပြောင်းအလဲဖြစ်စေသလို လိင်ဆက်ဆံလိုစိတ်ကိုလည်း နည်းစေနိုင်ပါတယ်။ ဒီလိုနည်းတွေ အသုံးပြုထားတဲ့ အမျိုးသမီးဆိုရင် ဒီလိုပြဿနာ ကြုံရနိုင်ပါတယ်။
၇။ တခြားသော ရောဂါများရှိနေခြင်း
မွေးပြီးစ သွေးအားနည်းတာလို တခြားရောဂါတခုခု ရှိနေခဲ့ရင်လည်း ဒီအမျိုးသမီးဟာ လိင်ဆက်ဆံလိုစိတ် နည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီတော့ ကလေးမွေးပြီးစမှာ လိင်ဆက်ဆံလိုစိတ် နည်းနေတာကို ဘယ်လိုဖြေရှIntroduction
(5) Body – There are so many reason that leads to low sex drive after postpartum.
• Tired
• Breast feeding
• Pain Sex
Worry for sexင်းလို့ရနိုင်မလဲ။
အကြံပြုချက်တချို့ ပေးလိုပါတယ်။
အလုပ်မပင်ပန်းအောင်လို့ ကလေးထိန်းခေါ်ပေးတာ၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်က စောင့်ရှောက်ပေးတာ၊ နောက်ဆုံး ဘယ်သူမှမရှိရင် ယောကျာ်းက ဝိုင်းကူဆောင်ရွက်ပေးတာမျိုး လုပ်နိုင်ပါတယ်။ ကလေးနဲ့အတူရှိနေရင် ဆက်ဆံလိုစိတ် နည်းနိုင်တာမို့ စိတ်ချရသူတစ်ယောက်ယောက်နဲ့ ကလေးကအတူရှိနေတဲ့အခါမျိုးမှာ စိတ်လွတ်ကိုယ်လွတ် အတူနေတာမျိုး လုပ်လို့ရပါတယ်။ တကယ်လို့ ဆက်ဆံနေတုန်း ကလေးက ထငိုတာမျိုး ရှိလာရင်လည်း စိတ်တို၊ စိတ်ပျက်တာမျိုး မလုပ်ဘဲ ဟာသလုပ်ပစ်လိုက်တာမျိုးက အမျိုးသမီးကို စိတ်လက်ပေါ့ပါးစေပါတယ်။
မိန်းမကိုယ်ခြောက်သွေ့နေခြင်းအတွက် လုပ်လို့ရနိုင်တာကတော့ ဆက်ဆံတဲ့အခါမှာ ချောဆီတခုခု သုံးတာမျိုးပါ။ ဒါက အမျိုးသမီးကိုလည်း အဆင်ပြေစေပါတယ်။ နောက်ပြီး အတူနေတဲ့အခါမှာ စိတ်ရှည်ရှည်ထားပြီး အမျိုးသမီး စိတ်ပါလာတဲ့အထိ အချိန်ပေးစွဲဆောင်ဖို့ လိုပါတယ်။
ဆက်ဆံလိုစိတ် နည်းပါးနေတယ်ဆိုလည်း အမျိုးသားကို အားနာတဲ့စိတ်နဲ့ အတင်းလုပ်ယူဖို့ မကြိုးစားပါနဲ့။ အတူနေဖို့ကို ဘယ်လိုမှ အဆင်မပြေ ဖြစ်နေတယ်ဆိုရင် ထိုးသွင်းဆက်ဆံခြင်းမဟုတ်တဲ့ နည်းတွေအသုံးပြုပြီး နှစ်ကိုယ်ကြားချစ်တင်းနှောမှုကို လုပ်လို့ရနိုင်ပါတယ်။ ဆက်ဆံမယ်ဆိုရင်လည်း အမျိုးသမီးအတွက် အဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်စေမယ့်ပုံစံ၊ ကိုယ်နေဟန်ထားမျိုးတွေနဲ့ ဆက်ဆံဖို့ လိုပါတယ်။
မိခင်နို့တိုက်နေရလို့ ဆက်ဆံလိုစိတ်နည်းတတ်တဲ့အတွက် နို့ဖြတ်လိုက်မယ် ဆိုတာမျိုးတော့ မလုပ်သင့်သလို၊ ဘယ်မိဘကမှလည်း လုပ်မှာမဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ကလေးတစ်ယောက်အတွက် မိခင်နို့ဟာ အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံးအာဟာရ ဖြစ်လို့ပါပဲ။ ကလေးမွေးပြီးစမှာ စိတ်ကျရောဂါ ဖြစ်နေတာ၊ လိင်ဆက်ဆံရင် နာမှာစိုးရိမ်နေတာမျိုးတွေအတွက်လည်း အမျိုးသမီးကို အားပေးကူညီဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဖက် အမျိုးသားရဲ့ နားလည်ပေးမှုက အမျိုးသမီးတစ်ယောက်အတွက် အကောင်းဆုံးစိတ်ခွန်အား ဖြစ်နေမှာ အသေအချာပါပဲ။
ဒီလိုဆက်ဆံလိုစိတ် နည်းပါးခြင်းဟာ အခိုက်အတန့်ယာယီသဘောပါပဲ။ လအနည်းငယ်အကြာမှာ တဖြည်းဖြည်း အဆင်ပြေလာပါလိမ့်မယ်။ ဒီတော့ အမျိုးသားများဘက်ကလည်း နားလည်ပေးဖို့ လိုပါတယ်။ အတင်းအကြပ် တောင်းဆိုခြင်းက ကိုယ့်အမျိုးသမီးကို စိတ်ကျဉ်းကြပ်စေမှာ ဖြစ်သလို၊ ကိုယ့်ရဲ့ရေရှည်ဆက်ဆံရေးကိုလည်း တစ်စုံတစ်ရာ ထိခိုက်သွားစေနိုင်လို့ပါပဲ။
Leave a Reply