,

ဒေါက်တာဒိရှင့် … သားဆက်ခြားနည်းသုံးတာက နောက်ပိုင်းကျရင် ကိုယ်ဝန်ရနိုင်ချေကို ထိခိုက်စေပါသလား ဖြေကြားပေးစေလိုပါတယ်။

Posted by

အမျိုးသမီးတွေဟာ အသက်(၃၀)အောက်အရွယ်မှာ မွေးဖွားနိုင်စွမ်းအလွန့်အလွန်ကောင်းကြပြီး သန္ဓေအောင်နိုင်စွမ်းလည်း အကောင်းဆုံးဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုက အခုအချိန်မှာသားဆက်ခြားနည်းတစ်ခုခုသုံးတာက နောက်ပိုင်းကြရင် ကိုယ်ဝန်ရနိုင်ချေကိုထိခိုက် စေပါသလားလို့ မေးတတ်ကြပါတယ်။ အဲ့ဒီလိုမထိခိုက်စေတတ်လို့ စိတ်သက်သာရာရစရာပါပဲ။ သားဆက်ခြားနည်းတိုင်းက သုံးထားတဲ့အချိန်မှာ သင့်ကိုကိုယ်ဝန်မရအောင် တားဆီးပေးတာချည်း ပါဘဲ။ ဒါပေမဲ့ သင်မသုံးဘဲရပ်လိုက်ပြီးနောက်ပိုင်း ဘယ်သားဆက်ခြားနည်းကမှ သင့်ကို ကိုယ်ဝန်မရစေအောင် အချိန်အကြာကြီးအထိ အကျိုးသက်ရောက်မှုရှိမနေပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *