ပထမဆုံးကြုံဖူးတဲ့လူငယ်တွေအတွက်တော့ ဘာဖြစ်တာလား ဆိုပြီး နားလည်ရခက်နေနိုင်ပါတယ်။ ဒါက အထွေထူးတော့မဟုတ်ပါဘူး။ အိပ်ပျော်နေစဉ်သုတ်လွှတ်တတ်တာက ကသိကအောက်ဖြစ်ဖို့ကောင်းတာမှန်ပေမယ့် ဆယ်ကျော်သက် ယောကျာ်းလေးတိုင်း လူပျိုဖော်ဝင်ရင် ကြုံတွေ့ရတတ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှု သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ လူပျိုဖော်ဝင်တဲ့အရွယ်မှာ ဒါမျိုးခဏခဏကြုံရနိုင်သလို မကြုံရနိုင်တာလဲ ဖြစ်နိုင်ပါတယ်။
အိမ်ပျော်နေစဉ်သုတ်လွှတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
ရှင်းရှင်းလေးပါပဲ။ အိပ်ပျော်နေစဉ် သုတ်လွှတ်တယ်ဆိုတာ အိမ်မောကျနေတုန်း သုတ်လွှတ်တာကို ပြောတာပါ။ များသောအားဖြင့် လိင်အကြောင်းအရာတွေကို အိပ်မက်ထဲမှာ မက်မြင်လို့ ဖြစ်တာပါ။ လူတစ်ယောက် အိပ်မောကျနေစဉ်မှာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ အိပ်မက်တွေကို ထိန်းချုပ်မှု ကင်းလွတ်နေပြီး တကိုယ်ရည်အာသာဖြေခြင်း ဒါမှမဟုတ် လိင်တံကို ထိတွေ့ခြင်းမပြုလုပ်ဘဲ သုတ်လွှတ်ဖြစ်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒါဆို ဘာလို့ အိပ်ပျော်နေတုန်းကြီး သုတ်လွှတ်ရတာလဲ ကြည့်ရအောင်။
အထူးသဖြင့်တော့ အိပ်ပျော်နေစဉ် လိင်စိတ်နိုးကြွမှု ခံစားရတာကြောင့်ပါ။ အမျိုးသားတွေအတွက် ပုံမှန်ဖြစ်ပါတယ်။ အိပ်ပျော်နေတဲ့အဆင့်တွေမှာ နှစ်ခြိုက်မှုအမြင့်ဆုံးအဆင့်ဖြစ်တဲ့ REM အဆင့်အတွင်း လိင်စိတ်နိုးကြွစေတဲ့ အိမ်မက်ကို မက်မြင်ပြီး အဆုံးသတ်အနေနဲ့ သုတ်လွှတ်ခြင်းပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အမျိုးသားတွေအရွယ်ရောက်လာတာနဲ့ အမျှ ခန္ဓာကိုယ်မှ ကျားဟိုမုန်းတွေ စတင်ထုတ်လုပ်ပါတယ်။ ဒါကြောင့် အိပ်ပျော်နေစဉ် သုတ်လွှတ်တာက လူပျိုဖော်ဝင်ချိန်မှာ ပုံမှန်ဖြစ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်က ကျားဟိုမုန်း တက်စတိုစတုန်းထုတ်လုပ်တဲ့အခါမှာ သုတ်လွှတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဇီဝကာမဗေဒအရ ကျားဟိုမုန်းစတင်ထုတ်လွှတ်ပြီး သုတ်လွှတ်နိုင်တဲ့အရွယ်က မျိုးအောင်နိုင်တယ်ဆိုတာ ပြသတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ ဒီအရွယ်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါတယ်။
လူပျိုဖော်ဝင်တဲ့အရွယ်ရောက်တာနဲ့ တခါတလေ လိင်တံအလိုလိုထောင်မတ်တဲ့ အခြေအနေမျိုးတွေကို ရေချိုးနေစဉ်၊ တီဗီကြည့်နေစဉ်၊ ကျောင်းမှာ စသည်ဖြင့် အချိန်မရွေး နေရာမရွေး ကြုံရနိုင်ပါတယ်။ ဒီထက်ပိုပြီးပြောရရင် အိပ်နေစဉ်မှာတောင် ဖြစ်နိုင်ပါတယ်။ သုတ်ရည်တွေ ခန္ဓာကိုယ်တွင်း ဖြစ်ပေါ်လာပြီး ကာမစိတ်ပြီးမြောက်ခြင်းမရှိဘဲ ထွက်တတ်တဲ့သူတွေက အိပ်ပျော်နေစဉ်သုတ်လွှတ်ခြင်း ပိုပြီး ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သုတ်ပိုးတွေ အမြဲတမ်း လန်းဆန်းသစ်လွင်နေအောင် သုတ်ပိုးအဟောင်းတွေကို စွန့်ထုတ်တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
အမျိုးသမီးတွေလဲ ဒါမျိုး ကြုံတွေ့နိုင်တယ်လို့ ထင်ပါသလား။
အမျိုးသမီးတွေအိပ်ပျော်နေစဉ် မအင်္ဂါမှ အရည်ထွက်နိုင်ပါတယ်။ ဒါက အမျိုးသားတွေနဲ့ယှဉ်ရင်တော့ ဖြစ်နိုင်ချေ နည်းပါတယ်။ သုတေသနစစ်တမ်းတစ်ခုကတော့ အသက် ၂၁ နှစ်အမျိုးသမီး ၈၅ ရာခိုင်နှုန်းက ဒါမျိုးကြုံတွေ့နေရတယ်လို့ ဆိုထားပါတယ်။ အမျိုးသားတွေလောက် အရည်မထွက်ပေမယ့် ခံစားမှုအခြေအနေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒါက ဆယ်ကျော်သက်အရွယ်ကနေ အရွယ်ရောက်တဲ့အထိ ကြုံတွေ့နိုင်ပြီး အသက်ငယ်တဲ့အရွယ်မှာ ပုံမှန်ဖြစ်လေ့ရှိပါတယ်။
အိပ်ပျော်နေစဉ် သုတ်လွှတ်တယ်ဆိုတာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးလာတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကို ရပ်တန့်ဖို့ နည်းလမ်းမရှိပါဘူး။ ဒါမျိုးဖြစ်တာက စိတ်ကသိကအောက်ဖြစ်နိုင်ပေမယ့် ဒါက ပုံမှန်ကြုံတွေ့ရနိုင်တဲ့ ကိစ္စတစ်ခုပါ။ တကိုယ်ရည်အာသာဖြေတာ၊ လိင်ဆက်ဆံမှု ပြုလုပ်တာ များလာတာနဲ့အမျှ အိပ်ပျော်နေစဉ် သုတ်လွှတ်ခြင်း အကြိမ်အရည်အတွက်လည်း နည်းပါးလာပါလိမ့်မယ်။ ဒါက အရွယ်ရောက်ပြီးသူတွေတောင် ကြုံတွေ့နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝအလျှောက် ဇီဝကာမဖြစ်စဉ်တစ်ခုဖြစ်တဲ့အတွက် စိတ်ပူပန်ဖို့တော့ မလိုအပ်ပါဘူး။
Leave a Reply