မြန်မာနိုင်ငံမှာရှိတဲ့သန္ဓေတားနည်းလမ်းအများစုက အလွန်ဈေးသက်သာပြီး လူတိုင်းလက်လှမ်းမီနိုတဲ့ နှုန်းထားရှိပါတယ်။ တစ်ထုပ်မှာကွန်ဒုံး ၃ ခုပါတဲ့ အထုပ်ကို ၁ဝဝ နဲ့ ၃ဝဝဝ ကျပ်ကြား ကုန်ကျတာကို သင်တွေ့နိုင်ပါတယ်။ တားဆေးတစ်ထုပ်ကလည်း သင်ဝယ်ယူတဲ့အမျိုးအစားနဲ့နေရာပေါ်မူတည်ပြီး ၂ဝဝ ကနေ ၃ဝဝဝ ကျပ်ဝန်းကျင်ကုန်ကျပါတယ်။ ဒီနည်းလမ်းနှစ်ခုစလုံးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး ဆေးဆိုင်အများစုမှာ ဝယ်ယူရရှိနိုင်ပါတယ်။
IUD က မြန်မာနိုင်ငံမှာမိသားစုစီမံကိန်းအတွက် ငွေကုန်ကြေးကျများပြီး ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းဖြစ်ပါတယ်။ အများအားဖြင့် ကနဦးကုန်ကျစရိတ် ၁၅ဝဝဝ မှ ၅၅ဝဝဝ ကျပ်ကြား ရှိသည်။ အမျိုးအစားပေါ်မူတည်ပြီး ၅ နှစ်ကနေ ၁၀ နှစ်ကြားခံပါတယ်။ သင့်မှာ ၅နှစ်ခံတဲ့ IUD ရှိရင်တစ်နှစ်ကို အများဆုံး ၁၁ဝဝဝ ကျပ်သင်သုံးစွဲရပြီး (သို့) တစ်လကို ၉ဝဝ ကျပ်ကုန်ကျပါတယ်။ IUD တွေက ၉၉% ထိရောက်မှုရှိတာကို စဉ်းစားပြီး ကုန်ကျစရိတ်က အမျိုးသမီးတွေအတွက် ထိုက်တန်ပါတယ်။
Leave a Reply