ဟော်မုန်းတွေကို စိုးရိမ်ရင်ဘေးကင်းစိတ်ချမှုရှိတဲ့ လိင်ဆက်ဆံမှုနဲ့ကိုယ်ဝန်ဆောင်တာကို ကာကွယ်ဖို့သင့်အတွက် အခြားနည်းတွေရှိပါသေးတယ်။ လူသိအများဆုံးနဲ့ လက်ခံမှုအများဆုံးက အမျိုးသား (သို့) အမျိုးသမီးသုံးကွန်ဒုံးတွေ အသုံးပြုတာပါ။သင့်အနေနဲ့ အချိန်ကြာရှည်သုံးချင်တဲ့ ဖြေရှင်းချက်ရှာဖွေနေရင် သားအိမ်ထဲထည့်ရတဲ့ ကြေးနီပါသော သန္ဓေတားပစ္စည်းနှင့် မျိုးအောင်နိုင်သည့် ရက်တွက်ခြင်း နည်းလမ်းနှစ်ခုစလုံးကဖြေရှင်းနည်းတွေ ဖြစ်ပါတယ်။ သားအိမ်ထဲထည့်ရတဲ့ သားဆက်ခြားသန္ဓေတားကြေးနီချောင်းက ၅ နှစ်မှ ၁၀ နှစ်ကြား ကိုယ်ဝန်ဆောင်တာကို ကာကွယ်ပေးတဲ့ ဟော်မုန်း မပါသော ပစ္စည်းဖြစ်ပါတယ်။ ဆရာဝန်က IUD ကိုသင့်မှာ တခါထည့်ထားပေးတာနဲ့ သင့်အနေနဲ့နောက်တခါ အစားထိုးထည့်ပေးဖို့ (သို့) သင်ကိုယ်ဝန်လိုချင်တဲ့အခါ ဖယ်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။
သန္ဓေအောင်နိုင်သည့်ရက်တွက်ချက်ခြင်းနည်းလမ်းက အမျိုးသမီးတယောက်အတွက် ရာသီဓမ္မတာစကားဝန်း၊ အပူချိန်၊ မိန်းမကိုယ်မှအဖြူဆင်းခြင်း အစရှိတဲ့အရာတွေထဲကမှ ကိုယ်ဝန်ဆောင်နိုင်ချေအနည်းဆုံးရှိတဲ့ လရဲ့ ဘယ်လိုအချက်တွေ ပါဝင်လဲဆိုတာဆုံးဖြတ်ဖို့ခြေရာခံပေးတဲ့လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာလုံ့လဝီရိယ ၊ အစီအစဉ်နဲ့ပုံမှန်ရာသီဓမ္မတာခွင်တွေ ပါဝင်ပါတယ်။
Leave a Reply