အသက်၃၅နှစ်နဲ့အထက် အမျိုးသမီးအများစုအတွက် ဟော်မုန်းကိုအခြေခံတဲ့သားဆက်ခြားနည်းက အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့သူ (ဒါမှမဟုတ်) ကျန်းမာရေးချို့တဲ့သူဆိုရင် တော့ စိုးရိမ်စရာရှိပါတယ်။ ဆေးလိပ်သောက်ရင် – ဆေးလိပ်သောက်နေရင်းနဲ့ သားဆက်ခြားဆေးတွေ သောက်တယ်ဆိုရင် အသက်၃၅နှစ်နောက်ပိုင်း ရောက်တဲ့အခါ သင့်အသက်အန္တရာယ် တော်တော်စိုးရိမ်ရပါတယ်။ အီစထရိုဂျင်ပါတဲ့သန္ဓေတားနည်းတွေကို မသုံးပါနဲ့။ သွေးလွှတ်ကြောတွေထဲမှာ ဆေးလိပ်ငွေ့တွေ နဲ့အီစထရိုဂျင်တွေ အပြန်အလှန်ဓာတ်ပြုပြီး နှလုံးလေဟပ်သွားကာ နှလုံးရပ်သွားတတ်ပါတယ်။ အမျိုးသမီးတွေ အသက်(၃၅)နှစ်နောက်ပိုင်း ကျန်းမာရေးထိခိုက်လာတာတွေသိသိသာသာများလာတာကို သုတေသနပြုစာရင်းဇယားတွေမှာ တွေ့နိုင်ပါတယ်။ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျန်းမာရေးချို့တဲ့ပြီး အသက်အန္တရာယ်ပိုများလာလို့ပါ။ ဒီလိုကျန်းမာရေးပြသနာတွေရှိရင် – သင့်မှာပြင်းထန်တဲ့ဆီးချိုရောဂါ၊ သွေးခဲဖူးတာ၊ သွေးတိုးရောဂါ၊ အမြင်အာရုံချို့ယွင်းပြီး မကြာခဏခေါင်းကိုက်တဲ့ရောဂါ၊ ပြီးတော့ အသည်း(ဒါမှမဟုတ်)ဆီးအိမ် ရောဂါတွေရှိရင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအန္တရာယ်တွေကို ဆရာဝန်ကိုကြိုပြောပြထားပါ။ဒါပေမဲ့ အီစထရိုဂျင်မဟုတ်ဘဲ ပရိုတင်း(အသားဓာတ်)ပဲပါတဲ့ သန္ဓေတားသောက်ဆေး၊ ထိုးဆေးနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD)လိုမျိုး တခြားရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ဒီရွေးချယ်စရာတွေ အားလုံးဟာ အသက်၃၅နှစ်နဲ့အထက် အမျိုးသမီးတွေအတွက် အန္တရာယ်ကင်းပါတယ်။
ကျွန်မက အသက်၃၅နှစ်ကျော် အမျိုးသမီးတစ်ယောက်ဆိုရင် ဘယ်သားဆက်ခြားနည်းက ကျွန်မအတွက် အသင့်တော်ဆုံးပါလဲ။
Posted by
–
Leave a Reply