နောက်ပြီး သင်တို့နှစ်ယောက်ရဲ့ အနာဂါတ်မျှော်လင့်ချက်က ထပ်တူညီနေဖို့ လိုအပ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ သင်တို့နှစ်ယောက်အကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ့် အမူအကျင့်လေးတွေပဲ ဖြစ်ပါတယ်။
မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပါ။
တကယ့်ချစ်သူတွေက မကျေနပ်တာရှိရင် ဖွင့်ပြောတတ်ကြပါတယ်။ ကိစ္စတစ်ခုခုကြောင့် စိတ်အနှောက်အယှက် ဖြစ်ရင် ကိုယ့်ချစ်သူကို ပွင့်လင်းစွာ ဖွင့်ပြောသင့်ပါတယ်။ မျိုသိပ်ထားတာတွေများရင် သင်ကိုယ်တိုင် အဆင်ပြေမှာမဟုတ်ပါဘူး။
သင့်ချစ်သူကို လေးစားပါ။
သင့်ချစ်သူရဲ့ စိတ်ကူးတွေ ခံစားချက်တွေက တန်ဖိုးရှိပါတယ်။ ဒါတွေကို သင့်အနေနဲ့ တန်ဖိုးထားကြောင်း အမြဲတမ်းပြသပါ။ တစ်ဦးကိုယ်တစ်ဦး အပြန်အလှန်လေးစားမှု ရှိတာ အချစ်ရေးတစ်ခုမှာ ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ တစ်ယောက်ခံစားနေရတဲ့ လိုအပ်ချက်တွေ ထင်မြင်ချက်တွေကို ဖော်ပြခွင့်ရှိသင့်ပါတယ်။ ဒီခံစားချက်တွေကို ဂရုတစိုက် နားထောင်ပေးတာခြင်းက သင့်အဖော်အပေါ်မှာ လေးစားကြောင်း ပြသရာရောက်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေဖို့ ပထမဆုံးလိုအပ်တာက နားထောင်ပေးဖို့ပါ။ ဒါကြောင့် သူတို့ရင်ဖွင့်လာရင် ပြီးဆုံးအောင်နားထောင်ပေးပါ။ ပြီးမှာ သင့်ထင်မြင်ချက်ကို ပြောပြပါ။
နှစ်ဖက်ညှိယူပါ။
သင်တို့နှစ်ယောက်က အရမ်းချစ်ကြတဲ့သူတွေဖြစ်နေပါစေ သဘောမတူတဲ့ အခြေအနေတွေ ကြုံရနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်ပြီး ဒီလိုအခြေအနေတွေ ကြုံလာခဲ့ရင် နှစ်ဖက်အဆင်ပြေအောင် ညှိယူပါ။ နှစ်ဖက်သဘောတူလောက်မယ့် ကြားအဖြေကို ရှာပါ။ သဘောထားကွဲလွဲစရာတွေ ကြုံတွေ့လာတဲ့အခါမှာ နှစ်ဖက်အဆင်ပြေမယ့် ကြားအဖြေကို ရှာဖွေတတ်တဲ့ အမူအကျင့်က ကျန်းမာပျော်ရွှင်ရတဲ့ အချစ်ရေးတစ်ခုရဲ့ လက္ခဏာရပ်တစ်ခု ဆိုရင်လည်း မမှားပါဘူး။
လိုအပ်တဲ့အချိန်မှာ အားပေးကူညီပါ။
သင့်အနေနဲ့ အားပေးကူညီမှု လိုတဲ့အခါမှာ သင့်အဖော်ကို ပြောပြပါ။ ကျန်းမာပျော်ရွှင်ရတဲ့ အချစ်ရေးတစ်ခုမှာ တစ်ယောက်ကို တစ်ယောက်ဖေးမ ကူညီတဲ့ အမူအကျင့် ပါပါတယ်။ အကူအညီလိုအပ်နေတဲ့ အချိန်မှာ ကိုယ့်ရည်းစားရဲ့ အားပေးကူညီမှုကို ရဖို့ အလွန်အရေးကြီးပါတယ်။
သင့်ရဲ့ အချစ်ကို ပြသပါ။
ကိုယ့်ရဲ့ ချစ်သူက ချစ်တယ်လို့ ပြောတာ ဒါမှမဟုတ် ချစ်ကြောင်းပြသတာကို လူတိုင်း သဘောကျကြပါတယ်။ ရန်ဖြစ်စိတ်ဆိုးနေတဲ့အချိန်မှာတောင် ဒါက အလုပ်ဖြစ်ပါသေးတယ်။ ဒါကြောင့် ချစ်ကြောင်းတာ ပြသပါ။ သူကြိုက်မယ့် လှုပ်ရှားမှုတွေ လက်ဆောင်လေးတွေ ပေးတာက သင့်ရဲ့ အချစ်ကို ပြသရာ ရောက်ပါတယ်။
Leave a Reply