ကျန်းမာပျော်ရွှင်ခြင်းမရှိတဲ့အချစ်ရေးတစ်ခုရဲ့ လက္ခဏာ (၄) ရပ်

Posted by

နောက်ပြီး အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ လူတန်းစားမရွေး ဒီလိုဆက်ဆံရေးတစ်ခုကို ကြုံတွေ့နိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ဒီလိုကြုံတွေ့နေရတယ်ဆိုရင် ဒါက သင်တစ်ယောက်တည်း ခံစားနေရတာမဟုတ်ပါဘူး။ သင့်သူငယ်ချင်း၊ သင့်ပတ်ဝန်းကျင်မှလည်း ဒီလိုမျိုးတွေ ရှိနေပါတယ်။ အချစ်ရေးကို ထိခိုင်စေမယ့် အချက် (၄) ချက်ကတော့ –

(၁) မိသားစု၊ သူငယ်ချင်းများနှင့် တခြားကိစ္စများထက် အချစ်ရေးကို ဦးစားပေးလွန်းခြင်း

ပျော်ရွှင်ကျန်းမာတဲ့ ချစ်ခရီးလမ်းကိုသွားတဲ့နေရာမှာ မိမိဝါသနာပါတာလေ့လာဖို့၊ မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်ပေးဖို့လည်း အရေးကြီးပါတယ်။ ဒါမှသာ အချိုးညီမျှပြီး ပျော်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ သင့်အချစ်ရေးက မိသားစု၊ သူငယ်ချင်းတွေနဲ့ မိမိဝါသနာကို ပိတ်ပင်တားဆီးနေသလို ဖြစ်နေရင် အချိန်ကြာလာတာနဲ့အမျှ သင်ကိုယ်တိုင် ပျောက်ဆုံးနေတယ်လို့ ခံစားလာရနိုင်ပါတယ်။

(၂) တစ်ယောက်ကို တစ်ယောက် အလွန်အမင်းသဝန်တိုတတ်ခြင်း

အချစ်ရေးတစ်ခုမှာ သဝန်တိုတာက ရှိစမြဲပါ။ ဒါပေမယ့် အချိန်တိုင်းလိုလို သင်ဘယ်သူနဲ့ ရှိနေတာ၊ ဘာတွေလုပ်နေတာ၊ ဘယ်ကိုရောက်နေတာ စသည်ဖြင့် သံသယစိတ်ဝင်နေပြီဆိုရင်တော့ ပြဿနာရှိပါတယ်။ သင်တို့နှစ်ယောက်အတူရှိမနေတာနဲ့ တောက်လျှောက်စာတိုပို့တာ၊ ဆိုရှယ်မီဒီယာကနေ ခြေရာခံတာ၊ သင့်သူငယ်ချင်းတွေကို သင်အကြောင်းလိုက်မေးနေတာတွေက သင်နဲ့သင့်အချစ်ကို မယုံတဲ့ အဓိက သရုပ်သကန်တွေပဲဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာက အချစ်ရေးတစ်ခုအတွက် အခြေခံကျတဲ့လိုအပ်ချက်တစ်ခုဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်မယုံကြည်တဲ့ ဆက်ဆံရေးတစ်ခုက သာယာပျော်ရွှင်နိုင်ဖို့ ခက်ခဲပါတယ်။

(၃) စိုးရိမ်ကြောင့်ကြအောင်ပြုမူခြင်း

အချစ်ရေးတစ်ခု စတင်ဖြစ်လာပြီဆိုတာနဲ့ မျက်နှာပူဖို့ကောင်းတာ၊ အသဲယားတာ၊ သူ့အတွက် ပူပန်ပေးနေရတာ စတဲ့ ခံစားမှုမျိုးတွေ ခံစားလာရနိုင်ပါတယ်။ ကိုယ်က အမှားတစ်ခုလုပ်မိတာနဲ့ ဝေဖန်ပြစ်တင်ပြီး သိမ်ငယ်သလိုခံစားရအောင်လုပ်တဲ့ချစ်သူက မိမိအတွက် ကောင်းမွန်တဲ့အဖော်ကောင်းတစ်ယောက်မဖြစ်နိုင်ပါဘူး။ နောက်ပြီး ကိစ္စရပ်တွေအပေါ် ကိုယ်မြင်တဲ့အတိုင်း ပြောတဲ့အခါ သူဘက်က ဝေဖန်ဆရာလုပ်တတ်တဲ့အထှာနဲ့ အမြဲတမ်းတုံ့ပြန်ခဲ့ရင်တော့ ဒါက ကိုယ့်အပေါ်မှာ ဗိုလ်ကျအနိုင်ကျင့်တဲ့သဘောဖြစ်ပြီး အချစ်ရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။

(၄) လေးနက်မှုမရှိခြင်း

မည်သည့်ဆက်ဆံရေးမဆို တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားဖို့ လိုအပ်ပြီး ဂရုစိုက်ကြောင်း ပြသဖို့ လိုအပ်ပါတယ်။ အကယ်၍ ဝတ္တရားပျက်ကွက်ခြင်း၊ အလေးအနက်မထားခြင်း၊ ဂရုမစိုက်ခြင်း စတာတွေ များလာပြီဆိုရင်တော့ တစ်ဖက်သားက အဆင်ပြေနိုင်မှာ မဟုတ်တော့ပါဘူး။

ဒီအချက်တွေကတော့ ကျန်းမာပျော်ရွှင်တဲ့အချစ်ရေးတစ်ခုကို ဖျက်ဆီးပစ်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုပဲ အချစ်ရေးကို ထိခိုင်စေမယ့် တခြားသော အပြုအမူတွေ အများကြီးရှိနိုင်ပါသေးတယ်။ မည်သို့ပင်ဖြစ်စေ သင်အရမ်းချစ်ရတဲ့ မြတ်နိုးရတဲ့လူတစ်ယောက်မှာ ဒီလိုအပြုအမူတွေရှိနေရင်တောင် ခွဲခွာဖို့ခက်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အချစ်သက်သက်လား တပ်မက်မှုလား အချစ်က လုံခြုံစေသလား သာယာပျော်ရွှင်စေလား စတာတွေကို စဉ်းစားဆင်ခြင်ဖို့လိုအပ်ပြီး အချစ်ရေးမှာ ကံကောင်းနိုင်ကြပါစေ။

သမီးရည်းစားဆက်ဆံရေး၊ သာယာပျော်ရွှင်မှုမရှိတဲ့ဆက်ဆံရေး၊ လွဲခွဲပြတ်စဲခြင်း စတာတွေကို လေ့လာချင်ရင်တော့ အောက်ပါလင်ခ့်သို့ဝင်ရောက်ပါ။ http://thiloyarmay.org/your-relationship

Leave a Reply

Your email address will not be published. Required fields are marked *