ကိုယ်လက်နှီးနှောခြင်းက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသလား

Posted by

ကလေးမွေးပြီး မျိုးဆက်ပြန့်ပွားစေတာအပြင် နှစ်ဦးသားရင်းနှီးကျွမ်းဝင်မှု ပိုမိုတိုးတက်စေပြီး ကာမသုခတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ကိုယ်လက်နှီးနှောတာနဲ့ တကိုယ်ရည်အာသာဖြေတာက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကြံ့ခိုင်စေဖို့ အထောက်အကူပေးနိုင်ပါသေးတယ်။ လိင်မှုအသိရှိတယ်ဆိုတာ မလိုချင်သေးတဲ့ကိုယ်ဝန်ကို တားဆီးဖို့နဲ့ ရောဂါဘယတွေ ကိုဘယ်လိုကာကွယ်သင့်သလဲဆိုတာ ကောင်းကောင်းသဘောပေါက်ထားခြင်းဖြစ်ပြီး လိင်ကိစ္စက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာပါ သဘောပေါက်ထားခြင်းပဲ ဖြစ်ပါတယ်။

ကဲ ဒါဆို ကိုယ်လက်နှီးနှောခြင်းက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်ပေးနိုင်မလဲ ကြည့်ရအောင်။

သုတေသနစစ်တမ်းတစ်ခုကတော့ ငယ်ရွယ်တဲ့သူတွေအတွက် လိင်ဆက်ဆံတာက သွေးလည်ပတ်မှုကောင်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုလုပ်သလိုပါပဲ။ အလွယ်ပြောရရင် လေ့ကျင့်ခန်းအပေါ့စားလေးတစ်ခု လုပ်သလိုပါပဲ။ လိင်ဆက်ဆံတာက ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး နှလုံးအားကောင်းစေပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပြီး ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လိင်ဆက်ဆံမှု ရှိတဲ့သူတွေက လေ့ကျင့်ခန်းပုံမှန်လုပ်နေသလို ကြံခိုင်မှု ရနိုင်ပါတယ်။

ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေတယ်။

လေ့လာချက်တစ်ခုရဲ့ ဖော်ပြချက်အရ တစ်ပတ်ကို ၁ ကြိမ်ကနေ ၂ ကြိမ် လိင်ဆက်ဆံလေ့ရှိတဲ့သူတွေရဲ့ တံတွေးထဲမှာ immunoglobulin A (IgA) လို့ခေါ်တဲ့ အရာတစ်ခု ပိုပြီးတွေ့ရတယ်လို့ဆိုပါတယ်။ immunoglobulin A (IgA) က ဖျားနာတဲ့အခါ ခုခံတိုက်ခိုက်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ တစ်ပတ်ကို နှစ်ကြိမ်ပိုပြီးဆက်ဆံတဲ့သူတွေမှာတော့ immunoglobulin A (IgA) ပိုမိုတဲ့ ပမာဏမရှိတာကိုတွေ့ရပါတယ်။ ထိုနည်းတူစွာပဲ စိုးရိမ်စိတ်နဲ့ ပူပန်မှုတွေကိုလည်း immunoglobulin A (IgA) ကလျှော့ချပေးနိုင်တယ်လို့ ဆိုထားပါသေးတယ်။

အိပ်စက်ရာမှာ အထောက်အကူပေးတယ်။

လိင်ဆက်ဆံရာကတဆင့် ကာမစိတ်အထွတ်အထိပ်ရောက်တဲ့အခါ အချစ်ဟိုမုန်းလို့ အလွယ်ခေါ်နိုင်တဲ့ oxytocin ဟိုမုန်းကို ခန္ဓာကိုယ်က အလိုလိုထုတ်လွှတ်ပေးပါတယ်။ ဒီဟိုမုန်းက အိပ်စက်ခြင်းကို အထောက်အကူပေးနိုင်ပါတယ်။ အိပ်ရေးဝတဲ့အခါမှသာ ကိုယ်ခံအားကို တိုးတက်စေပြီး နောက်တစ်နေ့အတွက် ခွန်းအားပြန်လည်ဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်ပါတယ်။

အမျိုးသားတွေအတွက် ဘယ်လိုအထောက်အကူဖြစ်စေသလဲ ကြည့်ရအောင်။

သုတ်ပုံမှန်လွှတ်လေ့ရှိတဲ့ အမျိုးသားတွေက သုတ်ရည်ဂလင်းကင်ဆာ (Prostate cancer) ဖြစ်နိုင်ချေ နည်းတယ်လို့ သုတေသနစစ်တမ်းတစ်ခုက ဆိုထားပါတယ်။ တစ်ပတ်ကို ၄ ကြိမ်ကနေ ၇ ကြိမ်သုက်လွှတ်လေ့ရှိတဲ့ အမျိုးသားတွေက သုတ်ရည်ဂလင်းကင်ဆာ ဖြစ်နိုင်ချေ ၃၆ ရာခိုင်နှုန်းပိုပြီး လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပြီး ဒီလိုအပြုအမူကို ၁၀ နှစ်တိုင် ပြုလုပ်ခဲ့တဲ့အမျိုးသားတွေကို ပြုလုပ်ထားတဲ့ သုတေသနစစ်တမ်းအရတော့ ၅၀ ရာခိုင်နှုန်းအထိတောင် လျှော့ချပေးနိုင်ပါတယ်။
မည်သို့ပင်ဖြစ်စေ သုက်လွှတ်တဲ့အကြိမ်များလာတာက သုက်ပိုးပါဝင်မှုနဲ့ အရည်အသွေးကို သက်ရောက်မှု ရှိတယ်လို့ တခြားကျွမ်းကျင်သူတွေက ဆိုထားပါသေးတယ်။

အမျိုးသမီးတွေအတွက် ဘယ်လို အထောက်အကူဖြစ်စေသလဲ။

အမျိုးသမီးတွေ လိင်စိတ်ပြီးမြောက်တဲ့အခါမှာ သွေးလည်ပတ်မှု ပိုကောင်းစေပါတယ်။ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်ပါတယ်။ သားအိမ်ကြွက်သားတွေရဲ့ စွမ်းရည်ပိုကောင်းစေနိုင်တဲ့အတွက် ကလေးမွေးတဲ့အခါမှာ အထောက်အကူဖြစ်ပါတယ်။ အမျိုးသမီးအင်္ဂါခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်လိင်ဆက်ဆံမှုရှိနေတာက လိင်ဆံဆက်စဉ် နာကျင်တတ်တဲ့ ပြသနာတွေကို လျှော့ချပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင်တော့ …

ကာမဆက်ယှက်တယ်ဆိုတာ လူသားတွေအတွက် အရေးကြီးတဲ့ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုအတွက် မရှိမဖြစ်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လိင်ဆက်ဆံတာက နှလုံးရောဂါကို ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်ပါတယ်။
လိင်ဆက်ဆံခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက တခြားနည်းလမ်းများ ဥပမာ – သက်ဆိုင်ရာ လေ့ကျင့်ခန်းလုပ်တာ၊ သူငယ်ချင်းကောင်တွေရှိတာ တွေကနေလည်းရနိုင်ပါသေးတယ်။ မှတ်ထားဖို့က လိင်ဆက်ဆံတာက သင့်ဘဝအတွက် ပိုကောင်းမွန်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ လိင်မှုဘဝတွေမှာ ပွင့်လင်းရိုးသားဖို့ လိုပြီး မိမိလိုချင်တာ မလိုချင်တာ စတဲ့ စိတ်သဘောထားတွေကို မိမိအဖော်နားလည်ထားဖို့ လိုပါတယ်။ နှစ်ယောက်အကြား နားလည်မှု ပွင့်လင်းရိုးသားမှုတွေနဲ့ ဆိုရင်တော့ ပျော်ရွှင်ရတဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်နိုင်မယ်လို့ ဆိုရပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *