ကာမပြီးမြောက်မှုကစင့်ကလျားဖြစ်တဲ့ရောဂါ အကြောင်း သိကောင်းစရာများ

Posted by

တစ်ခါတစ်လေမှာ လုံးလောက်တဲ့ ကာမလှုံဆော်မှု မရတဲ့အခါမျိုးမှာလည်း ဒီလိုပြီးမြောက်ဖို့ ခက်ခဲတဲ့ အခြေအနေကို ကြုံရပါတယ်။ ဒီပြသနာက အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေအတွက် ပိုပြီး အဖြစ်များပါတယ်။ ကာမစိတ်ပြီးမြောက်ပြီး အထွတ်အထိပ်ရောက်တယ်ဆိုတာ လိင်စိတ်နှိုးကြွဖို့အတွက် စေ့ဆော်တဲ့အပြုအမူတွေကနေတဆင့် ရရှိတဲ့ ြ့ပင်းထန်ပြီးကောင်းမွန်တဲ့ ခံစားချက်ရှိတဲ့ အရာမျိုးပါ။ တစ်ခါတစ်လေမှာ ပုံမှန်လှုံ့ဆော်မှုနဲ့ ပြီးမြောက်ဖို့ဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေမှာတော့ လှုံ့ဆော်မှုပိုပြီး လိုအပ်နိုင်တာကြောင့် တစ်ချိန်နဲ့ တစ်ချိန်ပုံမှန်မရှိနိုင်ပါဘူး။ စစ်တမ်းတစ်ခုကတော့ အမျိုးသမီး ၄၀ ရာခိုင်နှုန်းအထက်က သူတို့ဘဝမှာ လိင်စိတ်ပြီးမြောက်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုထားပါတယ်။

ဘယ်ဟာတွေက အဓိကဖြစ်စေတဲ့ အကြောင်းအရင်းလည်း ကြည့်ရအောင်။

အမျိုးသမီးတွေ အတွက် ကာမပြီးမြောက်တဲ့ စိတ်ဆန္ဒာရဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အချက်တွေအားလုံး အပေါ်မူတည်နေတာကြောင့် ဘယ်ဟာက အရင်းခံပြသနာလည်းဆိုတာ နားလည်ဖို့ ခက်ပါတယ်။ နောက်ပြီး အသက်အရွယ်ရလာတာ၊ ဆီးချိုဆေးတွေ၊ gynecological surgeries၊ စိတ်ကျဆေးတွေသုံးနေရတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ အယူအဆတွေကြောင့် ကာမဆက်ဆံမှုအပေါ်လွဲမှားနေတဲ့ နားလည်ချက်တွေကြောင့် ရှက်ရွံ့နေတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပြီး လိင်အစော်ကားခံရတဲ့ ရာဇဝင်ရှိတဲ့သူတွေမှာလည်း ကာမစိတ်အထွတ်အထိပ်ရောက်ဖို့ ခက်ခဲနေနိုင်ပါတယ်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာပြသနာတွေဖြစ်တဲ့ မိမိကိုယ်ကို ယုံကြည်မှုနည်းတာ စိတ်ကျရောဂါရှိနေတာ အချစ်ရေးမှာ ပြသနာတစ်စုံတစ်ရာရှိနေတာ စတာတွေကလည်း ကာမစိတ်ပြီးမြောက်ဖို့အတွက် အတားအဆီး ဖြစ်နိုင်ပါတယ်။

လက္ခဏာရပ်များ

ကာမပြီးမြောက်မှု ကဆင့်ကလျားဖြစ်တဲ့ရောဂါရဲ့ အဓိက လက္ခဏာရပ်က ကာမစိတ်အထွတ်အထိပ်ရောက်ဖို့ အခက်အခဲရှိတာပဲ ဖြစ်ပါတယ်။ ကာမဆက်ဆံရာမှာ ပြီးမြောက်ဖို့အတွက်လှုံ့ဆော်မှုကို လိုအပ်တဲ့အချိန်ထပ်ပိုပြီး လိုအပ်တာ ဒါမှမဟုတ် လိင်ဆက်ဆံပြီးနောက် ကျေနပ်မှုမရှိတာတွေ ပါဝင်ပါတယ်။
ပထမအဆင့် – ဒီအခြေအနေက ဘယ်တော့မှ ကာမစိတ်ပြီးမြောက်မှု မရရှိတဲ့အခြေအနေကို ခေါ်ပါတယ်။
ဒုတိယအဆင့် – ကာမစိတ်ပြီးမြောက်မှု ရရှိပေမယ့် ခက်ခဲတဲ့အခြေအနေရှိတဲ့ ပုံစံပါ။
အခြေအနေပေါ်မူတည်တဲ့အဆင့် – ဒါက လူတော်တော်များများ ကြုံရတဲ့အခြေအနေပါ။ တစ်ချို့အချိန်တွေ ဥပမာ စိတ်ဖိစည်းမှုရှိနေတာ၊ ဆက်ဆံရေးအဆင်မပြေတဲ့အချိန်၊ ပင်ပန်းနွမ်းနယ်နေတဲ့ အချိန် စတဲ့အခြေအနေတွေမှာ ပြီးမြောက်ဖို့ ခက်ခဲတာပါ။
ယေဘူယျအဆင့် – လုံလောက်တဲ့ ကာမလှုံ့ဆော်မှုတွေ ရရှိသော်လည်း ကာမစိတ်အထွတ်အထိပ်ရောက်ဖို့ ခက်ခဲတဲ့အခြေအနေ ဖြစ်ပါတယ်။

ဒါဆို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကြည့်ရအောင်။

ကုသဖို့ဆိုရင်တော့ အရင်ဆုံး ဘယ်လိုအကြောင်းအရင်းကြောင့် ကာမစိတ်ပြီးမြောက်မှုမရှရိတာလည်း ဒါမှမဟုတ် ခက်ခဲတာလည်းဆိုတာ ဖော်ထုတ်ရပါမယ်။ သောက်သုံးနေတဲ့ဆေးဝါးတွေကြောင့်ဆိုရင် ဆေးပြောင်းသောက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ နှစ်ကိုယ်ကြားဆက်ဆံရေးကြောင့်ဆိုရင်လည်း ဒါကို နှစ်ဖက်ပြေလည်အောင် အရင်ဖြေရှင်းဖို့ လိုပါတယ်။ နှစ်ကိုယ်ကြားဆက်ဆံရေးကြောင့်ဖြစ်တယ်ဆိုရင်တော့ ဒါက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ အချစ်ရေး ပြေလည်မှု မပြေလည်မှုအပေါ်မူတည်တာဖြစ်တာကြောင့် အမျိုးသမီးတွေရဲ့ ဘဝမှာ တစ်ခါတော့ အနည်းဆုံး ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ မပြေလည်တာတွေရှိရင် လူကြီးတွေ နားလည်တဲ့ ဆရာဝန်တွေနဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောတိုင်ပင်သင့်ပါတယ်။ သူတို့ဆီကနေ အကြံဉာဏ် အများကြီး ရနိုင်သလို စိတ်ထွက်ပေါက်တစ်ခု ရနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ ကာမစိတ်ခံစားချက်တွေကို နှစ်ဦးနှစ်ဖက်လိုချင်တဲ့ အရာတွေကို နားလည်အောင် ကြိုးစားကြည့်ပါ။ အရင်ပုံစံအဟောင်တွေကြောင့် အဆင်မပြေတာလို့ ထင်ရင် အသစ်တစ်ခုခုကို ဖန်တီးကြည့်ပါ။ ဒါက ကာမစိတ်ပြီးမြောက်ဖို့အတွက် အထောက်အကူပေးနိုင်မယ့် အရာတွေ ဖြစ်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *