အထူးသဖြင့် အမျိုးသမီးတွေ အတွက်ပေါ့။ အမျိုးသမီးတွေက လိင်ကိစ္စမှာ အတားအဆီးတွေ စည်းမျဉ်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာဖို့လိုတယ်လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်ကနေ ကျွန်တော်တို့ သင်ယူနားလည်နေကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ လိင်ကိစ္စမှာ စိတ်ဝင်စားမှုများတာ ဒါမှမဟုတ် အလိုကြီးတာက လက်မခံနိုင်တဲ့အရာ တစ်ခုအဖြစ် အများစုက နားလည်ထားကြပါတယ်။ တခြားတဖက်ဖြစ်တဲ့ အမျိုးသားတွေအတွက်ကတော့ ယောကျ်ားစစ်မှန်ရင် လိင်ကိစ္စမှာ နှိုးကြားမှု ရှိရမယ် ဒါမှမဟုတ် ယောကျာ်းမှန်ရင် လိင်ကိစ္စတွေ စိတ်ဝင်စားရမယ်ဆိုပြီး နားလည်ထားကြပြန်ပါတယ်။ ဒီအတွေးအခေါ်သိမြင်မှုတွေက ယခုခေတ်မှာ နောက်ကျကျန်နေခဲ့ပါပြီ။ ဒါကြောင့် ဘယ်အရာတွေကို လက်ခံသင့်တယ် ဘယ်အရာတွေကို ပယ်သင့်တယ်ဆိုတာကို ဖောက်ထွက်စဉ်းစားဖို့ လိုအပ်လာပါတယ်။
ကာမဆိုင်ရာ ရှက်ရွံ့ခြင်းဆိုတာ လိင်ကိစ္စနဲ့ ပတ်သက်လို့ ခံစားနေရတာ (လိင်အကြောင်း စဉ်းစားတာ၊ သတ်မှတ်ထားတဲ့ တန်းဖိုးတွေ လိင်ပိုင်းဆိုင်ရာလိုအပ်ချက်နဲ့ အပြုအမူတွေ) တစ်ခုခု မှားယွင်းစွာ နားလည်ထားတာ ဒါမှမဟုတ် ကျိုးပျက်နေတာ စတဲ့ အခြေခံအားဖြင့် ဆိုးဝါးတဲ့ အခြေအနေတွေကို ကိုယ်စားပြုနိုင်ပါတယ်။ ကာမဆိုင်ရာ ရှက်ရွံ့တာတွေက လူတွေရဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး ဖြစ်တည်ခံစားလာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကာမဆိုင်ရာ ရှက်ရွံ့ခြင်းမှာ –
- ဘယ်သူက လိင်စွဲဆောင်မှုရှိတယ်
- ဘယ်သူနဲ့ ညအတူအိပ်ချင်တယ်
- ဘယ်လိုပုံစံတွေနဲ့ ဆက်ဆံချင်တယ်
- လိင်ကိစ္စနဲ့ ပတ်သက်လို့ တွေးတောထင်မြင်ချက်တွေ
မိမိကိုယ်မိမိ (လိင်အမျိုးအစားအရ) ဘယ်လိုရှုမြင်တယ် စတဲ့အချက်တွေပါဝင်ပါတယ်။
သင့်အနေနဲ့ လိင်စိတ်တက်ကြွသူတစ်ယောက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေမှာ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချဖို့တော့ မလိုအပ်ပါဘူး။ သူများက ကိုယ့်ကို ဝေဖန်ဆုံးဖြတ်တာကို တားဆီဖို့အတွက် မိမိကိုယ်မိမိ ဝေဖန်ဆုံးဖြတ်နေတာတွေကို အရင် ရပ်တန့်သင့်ပါတယ်။
ဒါကြောင့် ကာမဆိုင်ရာ ရှက်ရွံ့မှုတွေကို ဘယ်လို ရပ်တန့်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဒီလိုရှက်ရွံ့မှုတွေက ဘာကလာတာလဲဆိုတာ အရင် စဉ်းစားပါ။
ကာမဆိုင်ရာ ရှက်ရွံ့မှုတွေက ဘယ်နေရာက မြစ်ဖျားခံဖြစ်တည်လာသလဲဆိုတာ မိမိကိုယ်မိမိ အရင်ဆုံး ဆန်းစစ်ကြည့်လိုက်ပါ။ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းကြောင့်လား။ ဘာသာရေးအဆုံးအမ ဒါမှမဟုတ် ယဉ်ကျေးမှု ဓလေ့စရိုက်တွေကြောင့်လား။ သူငယ်ချင်းတွေကြောင့်လား။ ဒါမှမဟုတ် သင့်ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာတဲ့ အသံလား။ ဒါကို သေချာဆန်းစစ်ဖို့ လိုပါတယ်။ ဒီလိုဆန်းစစ်မှာသာ မိမိလက်ခံနိုင်တဲ့အရာနဲ့ လက်မခံနိုင်တာတွေကို တွေ့ရှိမှာဖြစ်ပါတယ်။
တကယ်လို့ ဒီလို ရှက်ရွံ့စိတ်တွေက ပြင်ပ ပရောဂတစ်ခုခုကြောင့်ဆိုရင် ဒါတွေက ကိုယ့်အတွက် အမှန်တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာ မေးခွန်းထုတ်ပါ။ တခြားလူတွေရဲ့ ထင်မြင်ချက်နဲ့ အဆုံးအမတွေကို အမြဲတမ်း လက်ခံနေဖို့တော့ မလိုအပ်ပါဘူး။ မေးခွန်းပြန်ထုတ်ပါ။ ဒီယူဆချက်တွေ ဘယ်ကလာသလဲ ဆန်းစစ်ပါ။ ဒီလိုလုပ်ပြီးလို့ သင့်အနေနဲ့ လက်ခံဖို့ လိုအပ်တယ်လို့ ထင်လာရင် လက်ခံဖို့ ဆုံးဖြတ်လိုက်ပါ။
(၂) သင်ဘာကို တကယ်လိုအပ်သလဲ စဉ်းစားပါ။
တစ်ခုခုကို ခံစားနေရရင် တခြားတစ်ယောက်ကို ရင်ဖွင့်ပြီး ထင်မြင်ချက်တောင်းဖို့ လွယ်ပင်မယ့် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လာတဲ့အခါမှာတော့ တကိုယ်ရည်တကာရ ဆန်နေတတ်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ သင်ဘာလိုချင်တာလဲဆိုတာ သင်ကိုယ်တိုင် နားလည်ဖို့ အရေးကြီးတာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အကျိုးအကြောင်း မခိုင်လုံတဲ့ ကိုယ်လုပ်ရပ်နဲ့ ပတ်သက်လို့ ခန္ဒာကိုယ်က ရှက်ရွံ့စိတ်တွေက နက်ရှိုင်းတဲ့ မသိစိတ်တနေရာကနေ ဖြစ်ပေါ်လာတတ်ပြီး ရှက်ရွံ့မှုတွေ ခံစားလာရတတ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို မြင်အောင်ကြည့်ပါ။ သင့်အနေနဲ့ ကာမဆိုင်ရာကိစ္စရပ်တွေ ရွေးချယ်တဲ့အခါမှာ သင်လိုတဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်နိုင်ပါတယ်။ သင့်ရွေးချယ်မှုအတွက် သပ်ရပ်သေချာမှု ဘေးကင်းလုံခြုံမှုတော့ ရှိဖို့ လိုအပ်ပါတယ်။
(၃) သင်သဘောတူတာကို လက်ခံပါ။
ဒီရှက်ရွံ့မှုက ဘယ်က အခြေခံတယ်ဆိုတာ သိတာနဲ့ သင့်ရဲ့အတွင်းစိတ်ကနေ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ သင်ယုံကြည်ထားတဲ့ အရာနဲ့ တခြားလူတွေ လက်ခံထားတဲ့ တန်ဖိုးတွေက အမြဲတမ်းတော့ တူနေမှာ မဟုတ်ပါဘူး။ တချို့တန်ဖိုးတွေ ယုံကြည်ချက်တွေက ပင်ကိုယ်စိတ်ကြောင့် ဖြစ်လာတာမဟုတ်ဘဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ဒါမှမဟုတ် ဆွေးမျိုးသားချင်းတွေဆီကနေ သင်ယူထားတဲ့ အရာတွေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင်ပင်ကိုယ်စိတ်က လက်ခံထားတဲ့ ယုံကြည်မှုတွေ အတိုင်း ဆုံးဖြတ်ပါ။ လက်တွေ့ကျကျ ပြုမူဆောင်ရွက်ပါ။
(၄) သင့်လိင်မှုဘဝကို သင်ကိုယ်တိုင် ဆုံးဖြတ်ပိုင်ဆိုင်ပါ။
လိင်အမျိုးအစားအရွေး ကာမဆိုင်ရာ လိုအပ်ချက်တွေနဲ့ တွေ့ကြုံနိုင်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေက သိသိသိပ်သိပ်နေထိုင်ရတယ် ဒါမှမဟုတ် အမျိုးသားတွေက တနည်းနည်းနဲ့တော့ နာဘူးထနေကြတယ်။ အချိန်တိုင်းပဲ လိင်ကိစ္စတွေးတောနေကြတယ် လို ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဘာကို စိတ်ဝင်စားလဲ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်က အမှန်တကယ်လက်ခံထားတဲ့ တန်ဖိုးက ဘာလဲ ဆိုတာ ထုတ်ဖော်ဖို့တော့ ခက်ခဲပါတယ်။ လိင်ကိစ္စမှာ ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ တန်ဖိုးတွေကို သိမထားရင် သာယာပျော်ရွှင်ဖို့ ကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဘယ်လို ဆက်ဆံမယ်၊ ဘယ်အရာကို သဘောကျတယ်ဆိုတာ သင့်ရဲ့ပင်ကိုယ်စိတ်နဲ့ ဆုံးဖြတ်ဖို့ လိုပါတယ်။ ဒီလိုဆုံးဖြတ်တာနဲ့အမျှ လိင်ကိစ္စမှာ သာယာပျော်ရွှင်မှုတွေ ခံစားလာရပြီး ရှက်ရွံ့မှုတွေနဲ့ ကင်းကွာသွားမှာပဲ ဖြစ်ပါတယ်။
Leave a Reply