ဒါကြောင့် ကိုယ်ရဲ့ လိင်ပိုင်းဆိုင်ရာ နားလည်သိမြင်မှုတွေက ကိုယ်နဲ့ တစ်သားတည်းကျ နေဖို့ လိုအပ်ပါတယ်။ ဒီလို သိမြင်ပုံတွေက တစ်ယောက်နဲ့ တစ်ယောက် တူညီနိုင်မှာ မဟုတ်ပေမယ့် ကိုယ့်အဖော်ကို စွဲဆောင်တာ၊ ချစ်လာအောင်လုပ်ပြတာ၊ အချစ်ခံချင်တာ စတာတွေကတော့ လူတိုင်းလိုချင်တဲ့ တူညီတဲ့အချက်တွေ ဖြစ်ပါတယ်။ အဓိကကတော့ လိင်ကိစ္စနဲ့ ပတ်သက်လာရင် သင်ကရိုးသားမှုရှိလား နောက်ပြီး သင်လိုချင်တာ မလိုချင်တာတွေ ကွဲကွဲပြားပြားရှိရဲ့လားဆိုတာကို ကိုယ်တိုင်မေးခွန်းထုတ်ဖို့ အရေးကြီးပါတယ်။ အခုဆောင်းပါးမှာ အဓိကဖော်ပြချင်တာက မိမိတို့ရဲ့ ကာမဆက်ဆံမှုအပေါ် နားလည်နေတဲ့ အမြင်တွေ တိုးတက်လာစေဖို့ ကိုယ်တိုင်မေးသင့်တဲ့ မေးခွန်းတွေ အကြောင်းဖြစ်ပါတယ်။
လိင်ဆက်ဆံတာ အပါအဝင် ကာမဆိုင်ရာ အပြုအမူတွေကို ဘယ်ကနေ သင်ယူခဲ့လဲ။
လိင်ဆက်ဆံတာနဲ့ ပတ်သက်လို့ ပထမဆုံးမှတ်မိနေတဲ့အရာနဲ့ ဘယ်ကနေ သင်ယူခဲ့တာလဲ။ မိဘတွေက ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့တာလား။ ဘယ်သူက ရှင်းပြခဲ့လို့ သိခဲ့တာလဲ။ တီဗီကနေလား ကိုယ့်သူငယ်ချင်းတွေဆီကနေလား စတဲ့ ပတ်ဝန်းကျင်ကနေ ဘယ်လိုလွှမ်းမိုးမှုတွေရှိသလဲ။ ဒီလို ပထမဆုံးစသိတဲ့အချိန်မှာ လွှမ်းမိုးခံရတဲ့အရာတွေက သင်ကြီးပြင်းလာတဲ့အခါ သက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။
သင့်ရဲ့ ကိုယ်တွင်းစိတ်အမှန်ကဘာလည်းဆိုတာ သိအောင်မေးပါ။
ကိုယ်တွင်းအောင်းနေတဲ့စိတ်ကနေ လိင်မှုကိစ္စတွေအပေါ် ညွှန်ကြားနေတာနေတာမျိုး ကြုံဖူးပါသလား။ ဒီမသိစိတ်က လိင်မှုကိစ္စအပေါ် သင်တောင့်တတဲ့အရာတွေကို ဆန်ကျင်ဘက်ဝေဖန်နေပါသလား။ ကိုယ့်ကိုယ်ကို စွဲဆောင်မှုမရှိဘူးဆိုပြီး အလိုမကျဖြစ်နေပါသလား။ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ် သံသယဝင်နေပါသလား။ လူတွေက သင့်ရဲ့ လိင်ခံယူချက်အပေါ် တစ်ယောက်ယောက်က အမြဲတမ်း ဝေဖန်နေတယ်လို့ ခံစားရပါသလား။ ဒီလိုဝေဖန်ထင်မြင်ချက်တွေက သင်ကို စိတ်ရှုပ်ထွေးစေသလား မလုံခြုံဘူးလို့ ခံစားစေရသလား။ ဒါတွေက ညစ်ညမ်းတယ်လို့ သင်ကိုယ်တိုင် ထင်မြင်နေလား။
ဒီမေးခွန်းတွေ အသံတွေအားလုံးကို တခြားသူလို့ သတ်မှတ်ပြီး မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုလုပ်တာက လက်ရှိကြုံတွေ့နေရတာနဲ့ သင့်ရဲ့ကိုယ်တွင်းစိတ်ကို ခွဲခြားပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ကပါလိမ့်မယ်။ ဥပမာ အမျိူးသမီးတစ်ယောက်အနေနဲ့ နင်က ဒီလိုကိစ္စတွေမှာ အရမ်းကြီး ရှက်နေတယ်။ ဒါမှမဟုတ် ကြောက်ရွံ့နေတယ်။ နင်ဘာလိုချင်တယ်ဆိုတာ တခြားသူတွေ သိဖို့ မလိုအပ်ဘူး။ စတာတွေကို ချရေးထားလိုက်ခြင်းဖြင့် တခြားသူတစ်ယောက်ရဲ့ စိတ်ထားကို ကိုယ်ကမြင်နေသလို ဖြစ်နေနိုင်ပြီး ဖြစ်သင့်မဖြစ်သင့်ကို ပြန်လည်ဆုံးဖြတ်နိုင်ပါတယ်။
လိင်ကိစ္စနဲ့ ပတ်သက်တဲ့ သင့်ရဲ့ တကိုယ်ရည်သတ်မှန်ထားတဲ့ တန်ဖိုးကို ရှာကြည့်ပါ။
လိင်ကိစ္စအပေါ် သင်ထင်မြင်နေတဲ့ကိုယ်တွင်းစိတ်ကို ဖော်ထုတ်ဖို့အတွက် အကူအညီပေးနိုင်တဲ့အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က အတွင်းစိတ်ကို ပြန်တုံ့ပြန်ဖို့ ကြိုးစားတာပါ။ ဖော်ပြခဲ့ပြီးဖြစ်တဲ့ မိမိဆိုတဲ့ နေရာမှာ တခြားသူတစ်ယောက်လို့ ရေးချထားတဲ့ မေးခွန်းတွေကို ပြန်ကြည့်ပါ။ ဒီမေးခွန်းရဲ့ အဖြေတွေက သင်ရဲ့ ခံစားချက်အမြင်တွေဖြစ်ပါတယ်။ အဲ့ဒီမေးခွန်းတွေရဲ့ အဖြေတွေကို အရင်းနီးဆုံး သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ပြန်ပြီး အကြံပေးကြည့်ပါ။ ဒီအကြံဉာဏ်တွေကို လက်ခံပြီး တုန့်ပြန်ဖို့ ကြိုးစားကြည့်ပါ။
နောက်တစ်ခုကတော့ သင့်ရဲ့ လိင်ပိုင်းဆိုင်းရာအပေါ် ယုံကြည်နားလည်ချက်ကို သိအောင်လုပ်တာပါ။ သင်ကိုယ်တိုင် ဘယ်လိုသိမြင်ထားသလဲ။ သူများတွေအပေါ်မှာ ဘယ်လိုမြင်လဲ။ ကိုယ်တွင်း နားလည်မှု ကို သိအောင်လုပ်ပါ။
ချစ်တင်းနှောတာက ကိုယ့်အဖော်နဲ့ ပိုမိုနီးကပ်ပြီး ဆက်ဆံပေးပိုတိုးတက်စေနိုင်ပါတယ်။ မည်သို့ပင်စေ တစ်ယေက်ချင်းစီအတွက် ဒီကိစ္စအပေါ်မှာ သိမြင်နားလည်တာခြင်း မတူညီနိုင်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ရဲ့ အိမ်ထောင်ရေး အချစ်ရေး ပိုမိုချောမွေ့ဖို့ အထောက်အကူဖြစ်စေတဲ့ ချစ်တင်းနှောတဲ့နေရာမှာ ကိုယ်ရဲ့ ကိုယ်တွင်းခံစားချက်ကို ကိုယ်တိုင်နားလည်ထားဖို့ အရေးကြီးပါတယ်။ ဒါမှလည်း သင်ကိုယ်တိုင် ယုံကြည်မှုတိုးတက်လာမှာ ဖြစ်ပါတယ်။
Leave a Reply