ဒါက ပုံမှန်အကြောင်းအရာဖြစ်သလို ဘဝရဲ့ ကျန်းမာရေးတဲ့အခြေအနေကို ပြသတာဖြစ်ပြီး တကယ်ကို သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကာမဆက်ဆံတဲ့အခါမှာ သတ်မှတ်မထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒါက ကိုယ်တစ်ယောက်တည်းလုပ်ရတာမဟုတ်ဘဲ ကိုယ့်အဖော်နဲ့ ပူူးပေါင်းဆောင်ရွက်ရတာမို့လို့ အသင်းအဖွဲ့စိတ်ဓါတ်ရှိဖို့ လိုပါတယ်။ မည်သို့ပင်ဖြစ်စေ ကာမဆက်ဆံတဲ့နေရာမှာ အလိုက်မသိတာ၊ တကိုယ်ကောင်းဆန်တာ စတာတွေကြောင့် စိတ်ပျက်ဖို့ ကောင်းတဲ့ ပုံစံမျိုးတွေ ရှိပါသေးတယ်။ ယခုဆောင်းပါးမှာတော့ အိပ်ယာထဲမှာ စိတ်ပျက်ဖို့ ကောင်းတဲ့အဖော်ဆိုတာ ဘယ်လိုပုံစံဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အလွန်အမင်းအသံကျယ်သူ
ကိုယ့်အဖော်ရဲ့ အိပ်ယာထဲက စွမ်းဆောင်ရည်ကို ငြီးငြူအော်ဟစ်ပြီး ချီးကျူးပြသတာ အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ အရှိထက်ပိုပြီး ဟန်ဆောင်တဲ့ အော်ဟစ် ငြီးတွားသံတွေကတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။ နောက်ပြီး အိမ်ယာထဲမှာ အသံကျယ်တာက လွတ်လပ်တဲ့အိမ်ဝင်းမှာဆို ပြသနာမရှိပေမယ့် တိုက်ခန်းနေသူတွေအတွက် ပြသနာရှိနိုင်လို့ သတိထားသင့်ပါတယ်။
အိပ်ယာထဲက ရဲ
ဒီလို အဖော်မျိုးက အိမ်ယာထဲမှာ သူဘယ်လိုပုံစံ လိုချင်တယ်။ ဘယ်လိုအတိုင်းအတာထိသွားချင်တယ်ဆိုတာ ကိုယ့်အဖော်နဲ့ မညှိုဘဲ သတ်မှတ်ထားတတ်တဲ့သူမျိုးပါ။ တကယ်တမ်းသူတို့လိုချင်တဲ့ သတ်မှတ်ချက်တွေအတိုင်း ဖြစ်မလာရင် ပြသနာရှာတတ်တာမျိုးက ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်ကိုယ်လိုချင်တဲ့အတိုင်းအတာနဲ့ ပုံစံကို ကိုယ့်အဖော်နဲ့ တိုင်ပင်ပါ။ နှစ်ဦးစလုံးအဆင်ပြေနိုင်မယ့် အရာတွေကို ရွေးချယ်သင့်ပါတယ်။
တကိုယ်ကောင်းဆန်တတ်သူ
တကိုယ်ကောင်းဆန်တယ်ဆိုတာ အချစ်မှာ မရှိပါဘူး။ အဆိုးဆုံးအဖော်ဆိုတာ ကိုယ့်ရဲ့လိင်ကိစ္စပြီးမြောက်ခြင်း (orgasm) ရပြီဆိုတာနဲ့ ဖုတ်ဖက်ခါထသွားတာ ဒါမှမဟုတ် အိပ်ပျော်သွားတာမျိုးပါ။ စုံတွဲတွေမှာ လိင်ကိစ္စပြီးမြောက်ဖို့အတွက် နှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ပြီးမြောက်ဖို့အတွက် လိုအပ်တဲ့အချိန်လည်း တူညီနိုင်မှာ မဟုတ်တဲ့အတွက် ကိုယ်ပြီးမြောက်သွားသည့်တိုင် ကိုယ့်အဖော်ပြီးမြောက်ဖို့အတွက် တာဝန်ရှိပါသေးတယ်။
ငါးအသေလိုပုံစံ
လိင်ဆက်ဆံတဲ့အခါမှာ ကိုယ်ချင်းစာမှု၊ ခံစားချက်နဲ့ လိုအပ်တဲ့ ပါဝင်ဆောင်ရွက်မှုမပြုဘဲ ငါးအသေတစ်ကောင်လို့ နေနေတဲ့ အဖော်ကို ဆိုလိုပါတယ်။ ဒါက ကိုယ်အပူချိန်ရှိတဲ့ အရုပ်တစ်ရုပ်နဲ့ ဆက်ဆံနေရသလိုမျိုးပါပဲ။ ဒါကြောင့် လိင်ဆက်ဆံဖော်ရဲ့ တုန့်ပြန်ချက်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့ အလွန်အရေးကြီးပါတယ်။
Leave a Reply